အင်ဂျင်ဝိုင်အကြောင်း သိကောင်းစရာ











အစ်ကိုခင်ဗျား… ကားအင်ဂျင်ဝိုင်လဲတာနဲ့ ပတ်သက်လို့နည်းနည်းမေးချင်ပါတယ်။ ရှေးရိုးစက် ဆရာကြီး က ပြောလို့ ကျွန်တော့် RAV-4 ကို သူပြောတဲ့အတိုင်း လုပ်လိုက်တာအထဲကအသံထွက်လာပါတယ်…
အင်ဂျင်ဝိုင်မလဲခင် အင်ဂျင်ထဲကို ဒီဇယ်နည်းနည်းထည့်ပြီး ၅မိနစ်လောက်ပြန်နှိုးပြီးမှ အင်ဂျင်ဝိုင်လဲတာ ပိုကောင်းတယ်လို့ အိမ်ဘေးက ရှေးရိုးစက်ဆရာကြီးကပြောလို့ ကျွန်တော့် RAV-4 ကို သူပြောတဲ့အတိုင်းလုပ် လိုက်တာ အထဲကအသံထွက်လာပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပြီးတော့ ဂိတ်တံကိုတိုင်း ကြည့်တော့လည်း ဆီကအမြဲမဲနေတယ်။ အဲဒါဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲခင်ဗျာ။ ခုပေါ်တဲ့ကားဆားဗစ်ကြီးများကလည်း အင်ဂျင်ဝိုင်ဖေါက်ထုတ်ပြီးတိုင်း လေနဲ့မှုတ်ကြသေးတယ် အဲဒါရော ကောင်းကျိုးဆိုးကျိုးရှိပါသလား။
ကျွန်တော်တို့က ခုမှခေတ်ပေါ်ကားလေးများကိုစီးကြရတဲ့ တောမကျ မြို့မကျနယ်ကပါ ခင်ဗျာ။ ဘယ်ကလည်းမပြောတော့ပါဘူး။ နယ်ကကျဉ်းလို့ သူတို့သိသွားရင် ကိုယ့်ကိုချဉ်သွားမှာစိုးလို့ပါ။
လေးစားလျက် တောက ကိုရင် အချဉ်တော့မဟုတ် ကုန်ကား ၅စီးပိုင်ပါတယ်။ မေးတာကိုဖြေလိုက်မယ် ခေတ်နဲ့အမီလိုက်ကြကွယ်။ ရှေးရိုးစွဲကိုလည်းသိပ် မစွဲကြနဲ့ကွယ်။

ဟိုးရှေးတုန်းက ကားအင်ဂျင်များက သံဂျွတ်တွေသံမဏိတွေကို အခြေခံလုပ်ထားတဲ့ စစ်ကျန်ကားများပါ။ အရာရာ Alloy ဆိုတဲ့သတ္ထုစပ်ရောများနဲ့ အင်ဂျင်ကများလာပါတယ်…
ဟိုးရှေးတုန်းက ကားအင်ဂျင်များက သံဂျွတ်တွေသံမဏိတွေကို အခြေခံလုပ်ထားတဲ့ စစ်ကျန်ကား များပါ။ အမေရိကန် အင်္ဂလန်နဲ့ဥရောပကားများဆိုလည်း မမှားပေဘူးပေါ့။ အင်ဂျင်ဝိုင်ကလည်း အနည်းဆုံး SAE-40 နဲ့စသုံးကြပါတယ်။ လဲချင်တဲ့အချိန်လဲ ဂိတ်တံကိုထုတ်ပြီး အသွေးရောင်မဲမမဲ-ပျစ်မပျစ် စေးမစေး ကြည့်ပြီး အကဲဖြတ်ကြခါ ချေးများသွားရင် အလဲနောက်ကျရင် စောစောကပြောသလို ဒီဇယ်လေးနည်းနည်း ထည့်ပြီး ပြန်နှိုးကာ ပူလာမှဖောက်ချကာလဲပေးကြတယ်။ ဒါကရှေ့တန်းမှာ သုံးတဲ့နည်းတွေပါ။ အရေးပေါ်နည်း ဆို လည်းမမှားပါ။ ချက်ချင်းလက်ငင်း အဆင်ပြေအောင်လုပ်လိုက်တာ။ရှေ့တန်းဆိုတာ စစ်တိုက်မှမဟုတ်ပါ ဘူး။ အလုပ်ရုံနဲ့ ဝေးရာမြို့နဲ့ဝေးရာဒေသ တစ်ကယ်အလုပ်သွားလုပ်နေတဲ့နေရာအားလုံးကို ခေါ်ပါတယ်။ ဆောက်လုပ်ရေး ဆည်မြောင်းစိုက်ပျိုးရေး လုပ်တဲ့နေရာများကိုလည်း ခေါ်ပါတယ်။ သူတို့ခေတ် သူတို့အခါက အဆင်ပြေပေမယ့်လည်း ခုခေတ်ပေါ်ကားများအတွက် အဆင်မပြေနိုင်ပါမလုပ်ပါနဲ့။ အရာရာ Alloy ဆိုတဲ့ သတ္ထုစပ်ရောများနဲ့ အင်ဂျင်ကများလာပါတယ်။ ဆလင်ဒါလိုင်နာခေါ်တဲ့ Sleeve တစ်ခုပဲ အပွန်းခံအစားခံတဲ့ သံမဏိစတီးနဲ့ လုပ်ပေးပါတော့တယ်။ အင်ဂျင်ထဲမှာ အပေါက်လေးတွေနဲ့ အာရုံခံတဲ့ ဟိုဆင်စာဒီဆင်စာများ လေးကလည်း အင်ဂျင်ဝိုင်ဖိအားနဲ့ အာရုံခံပြီးစနစ်ကိုထိန်းကျောင်းပေးတယ်။

ချိန်းဆိုတဲ့ သံကွင်းဆက်ကြိုးသဘောသဘာဝက တစ်ခါသုံးပါ။ မိတ်ဆွေစီးနေတဲ့ စက်ဘီး/ ဆိုင်ကယ်က ချိန်းကိုဓာတ်ဆီ/ဒီဇယ်တစ်ခုခုနဲ့ ဆေးပြီးပြန်သုံးကြည့်ပါ…
တစ်ဖန်တိုင်မင်ကိုလည်း ချိန်းနဲ့ပြန်လာပြန်တယ်။ ချိန်းဆိုတဲ့ သံကွင်းဆက်ကြိုးသဘောသဘာဝက တစ်ခါသုံးပါ။ မပျက်မချင်းကောင်း ဆိုပါတော့ သက်တမ်းကြာလာတာနဲ့အမျှ ချောင်တဲ့အသံလျော့တဲ့ အသံထွက်ပါတယ်။ အထဲမှာနေသားတစ်ကျရှိပြီးသား ချိန်းကိုချေးဆေးလိုက်ရင် ချောင်ကုန်တတ်ပါတယ်။ လျော့ကုန်တတ်ပါတယ်။ မယုံရင်မိတ်ဆွေစီးနေတဲ့ စက်ဘီး/ ဆိုင်ကယ်က ချိန်းကိုဓာတ်ဆီ/ဒီဇယ်တစ်ခုခုနဲ့ ဆေးပြီးပြန်သုံးကြည့်ပါ။ အပြီးပျက်သွားတာတွေ့ရပါလိမ့်မယ်။ အသံမျိုးစုံထွက်ပြီး တစ်ဂျောက်ဂျောက်နဲ့ သုံးမရ အောင်တွေ့ရမယ်။ ဒါဆို သဘောပေါက်ဖို့ကောင်းပါပြီ။ မိမိအင်ဂျင်ကို ပိုကောင်းချင်ပါတယ် ဆိုရင် Semi/ Fully Syn-thetic Eng:Oil- တစ်ခုခုကို အမြဲသုံးလိုက်ပါ။ သူ့မှာ အင်ဂျင်ပါဝါကောင်းစေဖို့ ကြာကြာခံစေဖို့ လိုတိုးပိုလျှော့လုပ်ပေးတဲ့ Additive တို့ ဒီတားဂျင့်တို့နဲ့ရောစပ်ပေးထားပါတယ်။ လူလုပ်စရာမလိုအောင် ထိန်းသိမ်းမှုကင်းစေပါတယ်။ ဒါပေမဲ့ ဈေးကြီးတယ်။ ပုံမှန်အင်ဂျင်ဝိုင်ကို လဲချင်ရင်ဘယ်ကားမဆို ကီလို ၅ထောင်နဲ့ ၆ထောင်ကြားလဲဖြစ်အောင်လဲပါ။ ဒါဆိုလုံလောက်ပါပြီ။

နံပါတ်နှစ်မေးခွန်းအတွက် အင်ဂျင်ဝိုင်လဲတိုင်း လေအားပြင်းနဲ့မှုတ်ပေးတာ ကောင်းလားဆိုတော့ ကောင်းလည်း ကောင်းပါတယ်
နံပါတ်နှစ်မေးခွန်းအတွက် အင်ဂျင်ဝိုင်လဲတိုင်း လေအားပြင်းနဲ့မှုတ်ပေးတာကောင်းလားဆိုတော့ ကောင်းလည်းကောင်းပါတယ်။ မကောင်းလည်းမကောင်းတတ်ပါဘူး။ လေမှုတ်စက်သဘောအရ ဖိအားများ ရတယ်။ ဒါကြောင့် လှောင်ထားတဲ့ လေဗူးထဲမှာ ရေခိုးရေငွေ့ကနေ ရေဖြစ်နေတတ်တယ်။ မှုတ်လိုက်တဲ့ လေမှာရေမှုံ ရေမွှားလေးတွေ မသိမသာကပ်ပါတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ဘေးထွက်ဆိုးကျိုးရတတ်ပါတယ်။ ရှင်းရှင်းပြောရရင်ဆီကို ရေနဲ့ရောသွားတတ်လို့ ရေမော်လီကျူးလေးများ ရောသွားလို့မကောင်းပါ။ ဒါမျိုးက နံနက်စောစော အရင်ဆုံးလုပ်ပေးလိုက်တဲ့ကားများ ခံရတတ်တယ်။ ဒီအချိန်မှာ ရေငွေ့တွေပါလာတတ်တယ်။ စနစ်ကျတဲ့ အလုပ်ရုံကနံနက်တိုင်း လေဗူးထဲကလေကိုချူလိုက်ပါတယ်။
ဒါဆိုရင်ညဘက်မှာဖြစ်တတ်တဲ့ ရေခိုးရေငွေ့တစ်ဖြစ်လဲ ရေများက အောက်ကိုကျလာပါမယ်။ နမူနာ လေထိုးစက်တွေက လေဗူးကို လေချူရင်လည်းမြင်နိုင်ပါတယ်။ အိမ်တို့ရုံးတို့သုံးတဲ့ အ၀ီစိတွင်းအတွက် လေမှုတ်စက်ကလေဗူးကို လေဖောက်ချရင်လည်းတွေ့နိုင်ပါတယ်။ လေဘရိတ်သုံး တီအီး ၁၁-/၂၁-လို ကားမျိုးကလေဖေါက်ရင်လည်း ရေထွက်ကျလာတာငြင်းမရတဲ့သက်သေပါပဲ။

အလုပ်ရုံအနေအထားကိုကြည့်ပြီး ဆင်ဆင်ခြင်ခြင်လုပ်စေချင်ပါတယ်။ သေချာတာကတော့ မလုပ်မရှုပ်မပြုပြင် လွန်းရင်လည်းဖင်ချွန်းတတ်ပါတယ်…
ဒါကြောင့် အလုပ်ရုံအနေအထားကိုကြည့်ပြီး ဆင်ဆင်ခြင်ခြင်လုပ်စေချင်ပါတယ်။ သေချာတာကတော့ မလုပ်မရှုပ် မပြုပြင်လွန်းရင်လည်း ဖင်ချွန်းတတ်ပါတယ်။ မေးပါများ စကားရ နော့လစ်များကို လေ့လာပါ။ 
 ခင်မင်လျက်-ကိုသက်
Share on Google Plus

0 comments:

Post a Comment