Express တွေလို အင်ဂျင်ကို နောက်မှာထိုင်ထားတဲ့ ကားတွေဆိုရင်......










Q - ဆရာသက် ပြောပြလို့ ကားအင်ဂျင်တွေပူရတဲ့အကြောင်း လေမ၀င်လို့ တပ်ထဲကဂျစ်ကားရှေ့မှာ မီးသွေးအိတ်တင်ထားလို့ ရေဆူတဲ့အကြောင်း မှတ်သားရပါတယ်။ ဒါဆိုရင် Express တွေလို အင်ဂျင်ကို နောက်မှာထိုင်ထားတဲ့ ကားတွေကြဘယ်လိုလုပ်လဲ အလင်းပြပါခင်ဗျ။
Aung Kyaw Kyaw
(အလင်းတော့ပြလို့ မရပါဘူး ရန်ကုန်မှာ မီးပျက်နေလို့ အလင်းပြလို့ရအောင် မီးလာမှဖြစ်မှာမို့ မီးစက်နဲ့ နမူနာ ပေးပြောလိုက်မယ်)
ဒါလေးကိုမဖြေခင် အပူဖလှယ်ခြင်းနိယာမတို့ အပူရှုံး အပူမြတ်တို့ ဆိုတဲ့ သိပ္ပံသဘော တရားလေးတွေ ကို နည်းနည်းလေးသိထားရမယ် အရင်ကမသိလည်းခုသိသွားရမယ်။
လေကပူလာရင် အပေါ်ကိုတက်တယ်။ ဒါတော့ လူတိုင်းသိပြီးသား အပူရှုံး အပူမြတ်ဆိုတာကတော့ အပူဖလှယ်ထုတ်တာတစ်မျိုးပေါ့။
ပူနေတဲ့အရာတစ်ခုပေါ်ကို အေးတဲ့ ရေ/လေနဲ့ဖလှယ်ထုတ်ဖို့ လှည့်ပတ်စီးဆင်းစေရတယ်။
အထူးသဖြင့် ဒီဇယ်အင်ဂျင်တွေရဲ့ အအေးခံစနစ်ကတော့ အရည်နဲ့ အေးတဲ့စနစ်ကိုအဓိကထားရတယ်။
အရည်တစ်ခုကိုပူနေတဲ့အရာ အတွင်းလှည့်ပတ်စီးစေခိုင်းတော့ အေးတဲ့အရည်က ပူနေတဲ့အရာများဆီက အပူဆများကို ဖလှယ်လာရတယ်။ ကြာတာနဲ့အမျှ အေးတဲ့အရည်များလည်းပူလာမယ်။ အပူလွန်ရင် အရည် ဆူလာမယ်။
ဒီတော့ ဒီအရည်ကိုမဆူဖို့အရေး ပြန်အေးဆေးဖို့ အလကားရတဲ့ ပတ်ဝန်းကျင်ကလေများနဲ့ ယပ်ခပ် ပေးဖို့ လိုလာပြန်တယ်။ အင်ဂျင်စက်များမှာတပ်ထားတဲ့ ပန်ကာဆိုတာ အော်တိုမက်တစ်ယပ်တောင်တွေပါ။
ပူလာတဲ့အရည်များကို ယပ်ခပ်ပေးဖို့ နေရာဖြန့် ယပ်ခပ်ပေးဖို့ ရေတိုင်ကီဆိုပြီးအလွယ်ခေါ်ကြတဲ့ ရေဒီ ရေတာ လိုင်းများကြားကို အရည်ကိုလှည့်ပတ်စီးဆင်းစေပြီး ပျားသလက်ကြားများမှာလေအေးနဲ့ မှုတ်ယူလိုက်ရမလား စုပ်ယူလိုက်ရမလားဆိုပြီး အင်ဂျင်ဒီဇိုင်းအရ ထားပေးရတယ်။
အကြောင်းရှိလို့ပြောတာပါ။ လေပန်ကာတပ်ထားတဲ့သဘောတရားကို လူတွေကမှုတ်ပေးဖို့ပဲ ထင်ကြ တယ်။ ကားအများစုမှာ ရေတိုင်ကီရှေ့ကတပ်ထားပြီး လေလမ်းကြောင်းက ရေတိုင်ကီကိုမှုတ်ပေးတာ အထင်းသားမြင်ရတာကိုး ဒါကရှေ့အင်ဂျင်တပ်အမျိုးအစားဆို ယာဉ်ကရှေ့ကိုပဲပြေးနေတာ ဆိုတော့ အလိုလိုရှေ့ကပြေးလာတဲ့လေကို ပန်ကာကစုပ်ယူကာ ရေတိုင်ကီနဲ့ အင်ဂျင်ကိုမှုတ်ပေးလိုက်တော့ ပူနေတဲ့ ရေများ အေးရာကိုပြန်သွား သူတို့ပူနေသမျှ အပူဆများကိုလေကပြန်ယူပေးရတော့ အပြင်က၀င်လာတဲ့ လေအေးများ ပြန်အထွက်မှာပူသွားရပါတော့တယ်။

ပူတဲ့လေ/ရေတို့ကအေးသွား
အေးတဲ့လေ/ရေတို့ကပြန်ပူရ ပြန်သူကရှုံး လိုက်သူကမြတ်လိုက်နဲ့မို့ အပူရှုံး အပူမြတ်ဆိုတာ ဒါကို ခေါ်တာပါတဲ့ဗျာ။
ခုမေးတဲ့အမေးကို ခုချိန်မှာ သိပ်ဖြေချင်တာပေါ့ဗျာ။ အိ့ပ်စပရက် ကားအင်ဂျင်နဲ့ အသံလုံမီးစက်များ တည်ဆောက်ထားပုံက အတော့်ကိုနီးနီးစပ်စပ်တူနေရလို့ ရှင်းပြလို့ ပိုကောင်းသွားပါတယ်။ ရှေ့က လေတိုး မ၀င်လို့ နောက်အင်ဂျင်အထိုင်ကားများမှာ လေပန်ကာကို ကားနောက်ဖုံးနဲ့ အနီးဆုံးတပ်ဆင်ထားရတယ် သူ့နောက်မှာ ရေတိုင်ကီရှိမယ်။
နောက်ဖုံးက အပိတ်ကြီးဆိုပေမယ့် ကန့်လန့်အပေါက်တွေကျိန်းသေရှိပါတယ်။ နောက်ဖုံးပိတ်ထားမှ လေစုပ်ယူအားကောင်းမယ်ဆိုတာ ကားသမားတွေသဘောပေါက်ဖို့ လိုပါတယ်။ တချို့က နွေဘက်မှာ ပူမှာစိုးလို့ တံခါးတစ်ချပ်တောင်လှပ်ကာ ဖွင့်မောင်းကြတယ်။
အမှန်ကတော့ ကားစက်နှိုးပြီးမောင်းနေသ၍ အအေးခံစနစ်ကောင်းနေသ၍ နောက်ဖုံးတံခါးဖွင့်စရာ    မလိုပါ။ ကားစက်ရပ်လိုက်မှ အင်ဂျင်ပိုပူလာတာပါ။ ဖွင့်ချင်ရင်ကားရပ်ပြီးမှ အဖုံးဖွင့်အအေးခံ ဒါမှသဘာဝကျ ပါတယ်။ အရေးကြီးတာက ကားအပူငွေ့ဖြစ်တဲ့ လေပူတွေထွက်စေရမယ့် အပေါက်တွေကောင်းမွန်စေဖို့တော့ လိုလိမ့်မယ်။ ဒါတွေကိုတော့ ဘေး၂ ဖက်မှာထားပေးတယ်။ ဒါဆိုရင် လေအေးက၀င်ပြီး လေပူအဖြစ် အပြင်ကို အမြန်ထွက်သွားမှ ကားကျန်းမာရေးက တည်ငြိမ်ပေလိမ့်မယ်။
မီးစက်ကြီးများမှာတော့ လေပန်ကာကိုစက်ရှေ့ဆုံးမှာထားပေမယ့် ရှေ့လေကတိုးဝင်မလာပါဘူး။ တည်ငြိမ်စွာထားရတာကိုး။ ပန်ကာလည်ပုံက ကားနဲ့ပြောင်းပြန်ပါပဲ။ ပန်ကာကလေပူတွေကိုစက်အပြင် မှုတ်ထုတ်ပေးရတယ်။
ဒီမီးစက်ကိုလည်း စက်နှိုးနေသ၍ အဖုံးအားလုံးအလုံပိတ်ပေးထားရတယ်။ ဒါမှစက်နောက်အဖုံးက ကန့်လန့်အပေါက်က လေအေးကိုစုပ်ယူသွင်းနိုင်မယ်။ (ပိုအေးအောင်ဆိုပြီး တချို့ဘေးတံခါးတွေဖွင့်ထား ကြတယ်မလုပ်ပါနဲ့ စက်ရပ်မှမြန်မြန်အေးအောင်ပြန်ဖွင့်ချင်ဖွင့်) လေအေးကပူသမျှအရာကို အပူဖလှယ်စက် ရှေ့ဆုံးကတပ်ထားတဲ့ပန်ကာကအပြင်ကို ပြန်မှုတ်ထုတ်ပေးရတယ်ဆိုပေမယ့် အတွင်းကအပူအားလုံးကို စုပ်ယူလာပေးတဲ့သဘောပါ။ ဒါကြောင့် မီးစက်အသံလုံပုံးကြီးတစ်ခုလုံး လုံလေကောင်းလေပါပဲ။ မီးစက်ရှေ့ဆုံး အပေါ်ဆုံးမှာ လေပူတွေအမြန်ထွက်ဖို့ အပေါက်တွေဖေါက်ထားရပြန်တယ်။ စက်ကြီးကလေးထောင့်ပုံးကြီးမို့ တင်စရာကောင်းလို့ဆိုပြီး အဲဒီလေပူထွက်ရမယ့် အပေါက်ပေါ်ကို ပစ္စည်းတွေလည်းတင်မထား လေနဲ့ စက်နောက်က လေအေးဝင်ရမယ့်နေရာများကိုလည်း ဟိုပိတ် ဒီပိတ်မပိတ်မိစေနဲ့ ဒီလိုတစ်ခုခု မှားလို့ရှိရင် စက်ကမကြာခဏ ရေဆူလိမ့်မယ်။ ရေဆူလို့ စက်ဆရာသွားခေါ်ရင် လာပြင်တဲ့စက်ဆရာက ဖြစ်စဉ်ကို သေသေချာချာမစဉ်းစားပဲ ရေတိုင်ကီပဲဖြုတ်ဆေးလိမ့်မယ်။
ခုဆို ကျွန်တော့်မိတ်ဆွေကားပိုင်ရှင်များ လုပ်ငန်းရှင်များမှာ မရှိမဖြစ်ပစ္စည်းက မီးစက်ဖြစ်နေရပြန် တယ်။ ဒါကြောင့်မို့ တိုက်ဆိုင်မှုလေးရှိတုန်း မသိမဖြစ်လေးတွေကို သုတပညာပေးလိုက်ရတာပါ။
ကိုသက်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment