Facebook
ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး Social Network ကြီးတစ်ခုပါ။ အချိန်နဲ့အမျှလည်း အဆမတန်ကြီးထွားလာနေဆဲဖြစ်ပြီး
အသုံးပြုသူတွေဟာလည်း တဖြည်းဖြည်းတိုးပွားလျက်ရှိတဲ့ Platform တစ်ခုပါ။ နေ့စဉ် Facebook
ကိုအသုံးပြုသူပေါင်း ၇၅၇ သန်း ပုံမှန်ရှိပြီး သူတို့ဘာတွေအသုံးပြုကြပါသလဲ။ ဘာအတွက်အသုံးပြုကြပါသလဲ။
မိနစ်တိုင်းမှာ Facebook ရဲ့ Activities တွေကဘာတွေရှိပါသလဲ။ ၅ မိနစ်တိုင်းမှာ Facebook
အသုံးပြုသူတွေရဲ့လှုပ်ရှားမှုတွေကိုအကဲခတ်ကြည့်ကြရအောင်…
243,055.5
၅ မိနစ်တိုင်းမှာ
Facebook ပေါ်ကို ဓာတ်ပုံတွေတင်တဲ့အရေအတွက်ပါ။
500 - ၅ မိနစ်တိုင်းမှာ
Facebook အချင်းချင်း Add ကြတာ 500 ထိရှိပါသတဲ့။
$11,700
- ဒါကတော့ ၅ မိနစ်တိုင်းမှာရရှိနေတဲ့ Facebook ရဲ့ဝင်ငွေပါ။
3,298611
- Facebook ပေါ်မှာရှိတဲ့အကြောင်းအရာတွေ Post တွေကို Share ကြတဲ့နှုန်းက ၅ မိနစ်ကို ၃၂၉၈၆၁၁ရှိပါသတဲ့။
13,888 -
Facebook Apps ထည့်သွင်းအသုံးပြုနေတဲ့အရေအတွက်က ၅ မိနစ်တိုင်းမှာ ၁၃၈၈၈ ရှိပါတယ်။
100000 –
Friend Request ပို့ကြတဲ့နှုန်းကလည်း ၅ မိနစ်တိုင်းမှာ ၁၀၀၀၀၀ ထိရှိပါသတဲ့။
150,000
- Facebook ပေါ်ကနေ Message(er) အသုံးပြုပြီးဆက်သွယ်ကြတဲ့နှုန်းကလည်း ၅ မိနစ်မှာ ၁၅၀၀၀၀
ထိရှိပါတယ်။
416 - ဒီလောက်ကြီးမားကျယ်ပြန့်တဲ့
Social Network ကြီးမှာလည်း သံသယ၀င်စရာကောင်းတဲ့
Logins ပေါင်းက ၅ မိနစ်တိုင်းမှာ ၄၁၆ ထိရှိနေပါတယ်။
3,125,000 - ဒါကတော့ ၅ မိနစ်တိုင်းမှာပြုလုပ်နေကြတဲ့ Like
အရေအတွက်ပေါင်းပါ။
15,777,777
- တခြား website တွေကနေ Facebook ပေါ်ကိုတိုက်ရိုက် Like & Share ပြုလုပ်လို့ရမယ့်
အခြေအနေကိုမြင်ရတဲ့ အရေအတွက်ဖြစ်ပါတယ်။
323 - ၅ မိနစ်တိုင်းမှာ
You Tube ပေါ်က Video ပေါင်း ၃၂၃ ခုကို မျှဝေအသုံးပြုနေကြပါတယ်။
50,000 -
Facebook ပေါ်မှာ တစ်ဆင့်ပြန်လည်မျှဝေအသုံးပြုကြတဲ့ (ပြင်ပ) Link အရေအတွက်ကလည်း ၅ မိနစ်တိုင်းမှာ
50,000 ထိရှိနေပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment