ပြေးလမ်းပေါ်က ကုန်ကျစရိတ်အနည်းဆုံး နာမည်ကျော်ကား (၅) မျိုး













          ကားချစ်သူတိုင်း ကိုယ်စိတ်တိုင်းကျကားကိုဝယ်စီးပြီးမှ ဆီစားလွန်းတာကြောင့် ငြီးငြူနေကြတာကို အားလုံးမြင်တွေ့ဖူးကြမှာပါ။ ကားကောင်းစီးချင်ရင် ဆီစားတဲ့ဒဏ်ကိုခံနိုင်ရမယ်။ ဆီစားတဲ့ဒဏ်က လွတ်ချင်ရင် အလယ်အလတ်တန်းစားကားမျိုးကို ၀ယ်စီးရမယ်လို့ တချို့ကအကြံပေးကောင်းပေးကြ ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ကားကောင်းလည်းစီးနိုင်ရမယ်၊ ဆီစားလည်းသက်သာမယ့် အခွင့် အရေးမျိုးပေါ်ထွက်လာခဲ့ပါပြီ။ နာမည်ကျော်ကားအမှတ်တံဆိပ်တွေကိုရွေးချယ်နိုင်မှာဖြစ်သလို ဆီစားနှုန်း လည်းနည်းမယ့် ကားမော်ဒယ်တွေ ထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ ဒီကားလေးတွေနဲ့ မိတ်ဆက်ပေး ပါရစေ။

BMW i3 hatchback
          ကမ္ဘာကျော်ကားထုတ်လုပ်သူဖြစ်တဲ့ BMW ရဲ့ လူသိများတဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး ဖော်မြူလာ ၀မ်းပြိုင်  ကားဒီဇိုင်းဆန်ဆန်ဖန်တီးထားတာကြောင့် BMW i3 hatchback ကလည်း လူကြိုက်များတဲ့ ကားတွေထဲမှာ ပါဝင်နေပါတယ်။ ပေါ့ပါးတဲ့ကာဗွန်ဖိုက်ဘာအမျိုးအစားကို အသုံးပြုထားသလို လျှပ်စစ်ကား အမျိုးအစားလည်း ဖြစ်တာကြောင့် နည်းပညာအဆင့်မြင့်တဲ့ကားတွေကိုမှ ရွေးချယ်လိုသူတွေအတွက် သေချာပေါက်အကြိုက်တွေ့ စေမယ့် ရွေးချယ်စရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ 2013 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး BMW ရဲ့ နာမည် ကျော် i8 မော်ဒယ်နဲ့အတူ ထုတ်လုပ်ခဲ့တဲ့ကားဖြစ်တာကြောင့် ဒီအမှတ်တံဆိပ်ကို သိရှိသူများပါတယ်။ ကားကို အိမ်မှာအားသွင်းနိုင်သလို အင်ဂျင်အငယ်စားတစ်ခုပါ အားဖြည့်ထည့်သွင်းပေးထားတာကြောင့် မောင်းနှင်နေ ရင်လည်း အားပြန်ဖြည့်လို့ရနိုင်တာပါ။

Citroen C4 Cactus SUV
          Citroen C4 Cactus SUV ကို ရွေးချယ်လိုက်လို့ နောင်တရတာမျိုးမရှိစေရဘူးလို့ ကုမ္ပဏီကအာမခံ ထားပါတယ်။ Citroen ဟာ စပိန်အခြေစိုက်ကားထုတ်လုပ်သူဖြစ်ပြီး အခုဆိုရင် ကုမ္ပဏီတည်ထောင်သက် (97) နှစ်ရှိပြီဖြစ်လို့ ကမ္ဘာ့ကားလောကအတွင်းမှာ အစဉ်အလာရှိတဲ့ ၀ါရင့်ကားထုတ်လုပ်သူလို့ သတ်မှတ် ရမှာပါ။ Ci troen C4 Cactus SUV ဟာ 2014 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့အမျိုးအစားဖြစ်ပြီး ဒီဇိုင်းက လည်းခပ်ကြွား ကြွားလေးဖြစ်တာကြောင့် လူငယ်ဆန်ဆန်ကားမျိုးကိုမှစီးနင်းလိုတဲ့ ကားချစ်သူတွေအတွက် စိတ်ကြိုက်မော် ဒယ်တစ်ခုလို့လည်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ကားတန်ဖိုးကလည်း သာမန်လူတွေ လက်လှမ်းမီနိုင်လောက် အောင် ဖန်တီးပေးထားသလို ဆီစားနည်းပေမယ့် ညင်ညင်သာသာနဲ့ ဟိုင်းဝေး လမ်းတွေပေါ်မှာပါ အကောင်း ဆုံး စွမ်းဆောင်ရည်ထုတ်ပြနိုင်တဲ့ကားလို့ ချီကျူးခံထားရပါတယ်။

Toyota Prius hatchback
          ဒီကားကို အကောင်းအဆိုးခွဲခြားကြည့်မယ်ဆိုရင်တော့ သုံးမျိုးစီတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အဆိုး ဘက်က စပြောရမယ်ဆိုရင် သူ့ရဲ့ကွဲထွက်နေတဲ့ဒီဇိုင်းက အမြင်အာရုံမှာကိုးလိုးကန့်လန့်ဖြစလာနိုင်စေပြီး ရိုးရိုး ယဉ်ယဉ်မှကြိုက်နှစ်သက်သူတွေအတွက် ငြင်းပယ်ချင်စရာ ကားအမျိုးအစားတစ်ခု ဖြစ်လာနိုင်စရာပါ။ အရှိန် တင်မောင်းနှင်ချိန်မှာ အင်ဂျင်သံက သာမန်ကားတွေထက်ပိုဆူညံစေပြီး ကားအတွင်းပိုင်းအနည်းငယ် ကျဉ်း မြောင်းတာကလည်း အရပ်ရှည်သူတွေအတွက် သက်တောင့်သက်သာရှိစေမှာ မဟုတ်ပါဘူး။ ကောင်းကွက် တွေကတော့ ကုန်ကျစရိတ်နည်းပါးတယ်။ လက်တွေ့မောင်းနှင်ရကောင်းမွန်ပြီး စီးနင်းလိုက် ပါသူကို သက် တောင့်သက်သာဖြစ်အောင်စီမံပေးတာတွေပဲ ဖြစ်ပါတယ်။

Peugeot 208 hatchback
          Peugeot 208 hatchback ဟာ တာယာကို အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ Start – Stop စနစ်လို့ပြောနိုင်တဲ့ မီးပွိုင့်တွေမှာရပ်နားလိုက်ချိန်မှာ အင်ဂျက်ကအလို အလျှောက် ရပ်နားသွားပြီး သူ့အလိုလိုပြန်လည်အလုပ်လုပ်နိုင်စွမ်းရှိတဲ့ စနစ်ဆိုရင်လည်း မမှားပါဘူး။ တံခါးသုံးပေါက်နဲ့ ငါးပေါက်ဆိုတဲ့ အမျိုးအစားနှစ်မျိုးနဲ့ထုတ်လုပ်ပြီး စတင်ထုတ်လုပ်ခဲ့တဲ့ခုနှစ်ကတော့ 2012 ခုနှစ်ပါ။ ပြင်သစ် ကားကုမ္ပဏီဖြစ်တဲ့ Peugeot ရဲ့ လူသိများတဲ့ မော်ဒယ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (6) နိုင်ငံမှာ တပ်ဆင်ထုတ် လုပ်နေပါတယ်။

Mitsubishi Outlander PHEV SUV
          SUV အမျိုးအစားကားတွေက ဈေးကြီးတယ်လို့ထင်နေပါသလား။ ဒါဆိုရင်တော့ ဒီအတွေးကို အမြန်ဆုံးမောင်းထုတ်ပစ်လိုက်ပါလို့ ပြောချင်ပါတယ်။ မစ်ဆူဘစ်ရှီက ထုတ်လုပ်တဲ့ Mitsubishi Outlander PHEV SUV ဟာ လေးဘီးယက်ကားအမျိုးအစားဖြစ်ပေမယ့် တန်ဖိုးသင့်တင့်တဲ့ ကားထဲမှာ ပါဝင်သလို ဘက်ထရီသီးသန့်အားနဲ့ (31) မိုင်အထိ မောင်းနှင်နိုင်အောင် ဖန်တီးထားတာပါ။ များသော အားဖြင့် ဘက်ထရီ ကို အသုံးပြုမောင်းနှင်နိုင်ပြီး မြို့တွင်းလမ်းတွေပေါ်မှာတင် အသုံးပြုမယ်ဆိုရင်တော့ လောင်စာကိုတောင် မသုံးရသလောက်ဖြစ်အောင် ဆီစားနှုန်းကိုလျှော့ချပေးနိုင်မယ့် ကားအမျိုးအစားဖြစ်ပါ တယ်။ ထိုင်ခုံငါးခု တပ်ဆင်ပေးထားပြီး ခရီးကြမ်းလည်း မောင်းနှင်နိုင်တာကြောင့် တန်ဖိုးမကြီးဘဲ ကားကောင်းမောင်းချင်သူတွေ အတွက် အဆင်ပြေမယ့် ကားမော်ဒယ်လို့ သတ်မှတ်နိုင်မှာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment