ဘယ်သူကမှ
နံနက်ခင်းစောစောထရတာကို နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့နံနက်ခင်းဆိုတာ နေ့တစ်နေ့ကိုအစပြုတဲ့
အကောင်းဆုံးအချိန်ဖြစ်တာကြောင့် မထမနေရ ထနေရပြန်ပါတယ်။ မထချင်ဘဲ ထရတဲ့အတွက်စိတ်က မကြည်လင်၊
စိတ်မကြည်လင်တဲ့အတွက်အလှအပ၊ ဖက်ရှင်၊ စိတ်ဓာတ်တွေပါ လေးလံ ထိုင်းမှိုင်းနဲ့ တစ်နေ့တာလုံးစိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။
အဲဒီတော့ တစ်နေကုန် လှလှ ပပ ဖက်ရှင် ကျကျ စိတ်ကြည်ကြည်လင်လင်နဲ့ တစ်နေ့တာကိုဖြတ်သန်းနိုင်ဖို့
နံနက်ခင်းမှာဘာလုပ်ကြမလဲ။
စောစောထ
ဒီစကားခဏခဏကြားရပါများလို့
မုန်းနေလောက်ပါပြီ။ ဒါပေမဲ့ ကိုယ်ထနေကျအချိန်၊ သံပတ်ပေး ထားတဲ့နှိုးစက်နာရီမမြည်ခင်
စောစောကြိုထပြီးလုပ်သင့်တာတွေလုပ်ကြည့်ပါ။ တစ်ရက်တည်းတော့ မသိသာ ပေမဲ့ အလေ့အကျင့်ရလာတဲ့အခါ
စိတ်ကိုပါလန်းဆန်းသွားတာကို တွေ့ရပါလိမ့်မယ်။
စိတ်ဓာတ်ခွန်အားမြှင့်တင်
စောစောထလာပြီဆိုမှတော့
တစ်နေ့တာအတွက်တန်အောင် အကျိုးရှိတာတစ်ခုခုကိုလုပ်ကိုလုပ် ရမှာပါ။ ဒီနေ့ဘာလုပ်မလဲ။ ဘာတွေပြီးအောင်လုပ်မယ်၊
ဘာတွေ မလုပ်မိအောင်ရှောင်မယ်၊ ဆက်ဆံရေး မနေ့ကထက် ဘယ်လိုကောင်းအောင်ကြိုးစားမယ်စသည်ဖြင့်
စိတ်ဓာတ်တွေကိုတဖြည်းဖြည်း ပြောင်းလဲကြည့် ပါ။
ရေတစ်ခွက်သောက်
အိပ်စက်နေချိန်မှာ
ရေဓာတ်တွေကုန်ခမ်းနေပါတယ်။ အဲဒီတော့ စောစောနိုးတာနဲ့ရေတစ်ခွက်သောက် လိုက်ပါ။ ရေဓာတ်ကုန်ခမ်းနေတဲ့
သင်္ကေတတွေကိုအရေပြား၊ မျက်လုံးတို့က ပြသနေပါလိမ့်မယ်။ ရေတစ်ဖန် ခွက်သောက်လိုက်မယ်ဆိုရင်
စွမ်းအင်ပြည့်သွားသလိုခံစားရစေပြီး တစ်နေ့တာလုံးလန်းဆန်း သွားစေပါလိမ့် မယ်။
လေ့ကျင့်ခန်းလုပ်
နံနက်ခင်းလေ့ကျင့်ခန်းလုပ်တာက
ညဘက်အိပ်တဲ့အခါပိုပြီး အထောက်အကူပြုပါတယ်။ ကောင်းမွန်စွာအိပ်စက်တဲ့အတွက် ကောင်းမွန်စွာနိုးထစေပါတယ်။
အိပ်စက်ခြင်းကအလှအပအတွက်လည်း အကျိုးရှိစေတဲ့အတွက် ကောင်းမွန်စွာအိပ်စက်ခြင်းကြောင့်
အသားအရေလှပလာစေသလို ကိုယ့်ကိုယ်ကိုယ် လည်းယုံကြည်မှုတိုးစေပါတယ်။
ပရိုတိန်းနံနက်စာ
အလှအပကိုမြတ်နိုးတဲ့မိန်းကလေးတိုင်း
နံနက်စာရဲ့အရေးကြီးပုံကိုသိကြပါတယ်။ ဥ၊ ဒိန်ချဉ်တို့လို ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေ
ထည့်သွင်းစားပေးခြင်းက အစာခံစေပြီး တစ်နေ့တာလုံးစွမ်းအင်ပြည့် ၀နေစေပါတယ်။ နံနက်စာစားတဲ့အတွက်
ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စွာလည်ပတ်စေပြီး နံနက်ခင်းမှာ နိုးကြားနေစေပါတယ်။
လက်ဖက်ရည်ကြမ်းသောက်
လက်ဖက်စိမ်းမှာ
အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝစွာပါဝင်နေပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း ကိုနှေးကွေးစေသလို
ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို လျှင်မြန်စေပြီး
ခန္ဓာကိုယ်အလေးချိန်လည်းလျော့ကျစေပါတယ်။
တရားထိုင်
နံနက်စောစောထပြီဆိုမှတော့
အချိန်မီလေးအနည်းငယ်လောက်ရှိမှာပါ။ အဲဒီလိုအချိန်မျိုးမှာတရား ထိုင်ကြည့်ပါ။ တရားထိုင်ခြင်းက
စိတ်ရောကိုယ်ပါ လန်းဆန်းပေါ့ပါးစေပြီး တစ်နေ့တာလုံးကြည်လင်စွာ ဖြတ်သန်းရစေပါတယ်။
အသားအရေထိန်းသိမ်း
အိပ်ရာထတိုင်းမျက်ဝန်း၊
ပါးတစ်ဝိုက်အရေပြားမှာ ဖောင်းအစ်တာကို သက်သာစေဖို့ Facial Mist လေး သုံးပေးပါ။ Mist
ခပ်အေးအေးလေး မျက်နှာကိုဖြန်းပေးလိုက်မယ်ဆိုရင် အရေပြားကိုလည်း လန်းဆန်းသွားစေ သလိုရနံ့ကြောင့်
စိတ်ကိုလည်းကြည်လင်သွားစေပါတယ်။
နေရောင်ကာလိမ်းသုံး
နေပူပူ၊
တိမ်ထူထူ အပြင်သွားခံနီးတိုင်း မသုံးမဖြစ်သုံးရမှာက နေရောင်ကာလိမ်းဆေးပါ။ နေရောင်ကာ
လိမ်းဆေးသုံးထားတဲ့ အသားအရေနဲ့ မသုံးထားတဲ့အသားအရေက လုံးဝကွဲပြားပါတယ်။ နေရောင်ကာ လိမ်း
ဆေးလေးသုံးထားတဲ့အတွက် ကိုယ့်အသားအရေကိုယ်ယုံကြည်စိတ်ချပြီး စိတ်အေးချမ်းသာစွာ အပြင်ထွက်
နိုင်ပါလိမ့်မယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment