နိုင်ငံခြားသွားရင်
အ၀တ်အစားထက် ၀ယ်တဲ့ Fancy တွေကပိုများတတ်တယ်ဆိုတော့ ဘယ်လို Fancy ပစ္စည်းမျိုးလေးတွေကြိုက်နှစ်သက်ပါသလဲ။
Suvinear
လို ဘုစုခရုလေးတွေ၊ ပုလင်းလေးတွေထဲမှာ ကောင်လေးနဲ့ ကောင်မလေး ကိုရီးယား ၀တ်စုံလေးတွေနဲ့ထည့်ထားတာ၊
ကိုရီးယားဝတ်စုံနဲ့ Key Chain လေးတွေ၊ စာအုပ်ထဲညှပ်တဲ့ဟာလေးတွေ ၀ယ်တယ်။ ဖန်ခွက်မှာ အရုပ်တွေတပ်ထားတာလေးတွေ၊
ဘုစုခရုမှန်သမျှ ညီမအကုန်ဝယ်တယ်။
ဖက်ရှင်ပိုင်းမှာဆိုရင်ရော
ဘယ်လိုပုံစံမျိုးကိုဝတ်ရတာပိုသဘောကျသလဲ။
ညီမကတော့
၂၄ နာရီပတ်လုံးကို Free Style ၀တ်တာကြိုက်တယ်။ စိတ်ထဲက တကယ်စိတ်တိုင်းကျဆိုရင်တော့
Smart ကျတဲ့ Fashion မျိုးကိုကြိုက်ပါတယ်။
ညီမပြောတဲ့
Free Style ဆိုတာကရော ဘယ်လိုမျိုးလေးတွေဝတ်တာလဲ။
Free
Style ဆိုတာ ဂျင်းဘောင်းဘီရှည်နဲ့ စွပ်ကျယ်ဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီရှည်နဲ့ မထူမပါး
Coat ပဲဖြစ်ဖြစ်၊ Short Dress အပါးလေးတွေကို Coat ထပ်ဝတ်တာတွေကြိုက်ပါတယ်။ Smart လည်းကျမယ်။
လူလည်း ပေါ့ပေါ့ပါးပါးဖြစ်မယ်။ ပေါ့ပေါ့ပါးပါးဆိုလို့ ဂျင်းဘောင်းဘီတိုနဲ့ T-Shirt
ကိုပြောတာမဟုတ်ပါဘူး။
Hair
Style ပိုင်းမှာဆိုရင်ရော ဘယ်လိုပုံစံမျိုးထားရတာသဘောကျလဲ။
ပုံမှန်ဆိုရင်
ညီမဆံပင်အဖြောင့်လေးနဲ့ပဲနေဖြစ်တာများပါတယ်။ ဒါပေမယ့် Photo Shooting တွေရှိတယ်ဆိုရင်တော့ အဖြောင့်ထက်စာရင် အကောက်ကလေးတော့
လိမ်ထားတတ်ပါတယ်။ အရောင်ကိုတော့ သိပ်ပြီးမဆိုးပါဘူး။ အမည်းကြီးတော့လည်းမထားပါဘူး။ ရွှေအိုရောင်
နုနုလေးတွေ ဆိုးဖြစ်ပါတယ်။ အခုကတော့ Dark Brown ဆိုးထားပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment