ဖက်ရှင်ဆိုတာ
လူတိုင်းအတွက်ဖြစ်ပါတယ်။ အရပ်ပုတဲ့လူတွေလည်း ရှည်သွားနိုင်ပါတယ်။ ၀တဲ့သူတွေ လည်း ပိန်သွားနိုင်ပါတယ်။
အဲဒါကြောင့် ဖက်ရှင်ဆိုတာ လူတစ်ယောက်ကိုစေလိုရာစေခိုင်းနိုင်တဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။
အဲဒါဆို ဗိုက်ပူနေတဲ့ အမျိုးသားတွေကော စတိုင်ကျနိုင်တာပေါ့။ ဘယ်သူမဆို စတိုင်ကျနိုင်ပါတယ်။
ကြီးမားတဲ့ဗိုက် (ဘီယာဗိုက်)ဟာ အ၀တ်အစားတစ်စုံရဲ့ သွင်ပြင်ကိုပျက်စီး သွားစေနိုင်ပါတယ်။
ဒီလိုဘီယာဗိုက်တွေကို
ဖုံးဖိဖို့အတွက် လွဲမှားစွာပြုလုပ်လေ့ရှိတဲ့အမှားကတော့ အရမ်းပွချောင်လွန်းတဲ့ အ၀တ်အစားတွေကို
ရွေးချယ်ဝတ်ဆင်ခြင်းဖြစ်ပါတယ်။ နဂိုကတည်းက ဗိုက်ပူပူနဲ့ ပုံပျက်နေပါတယ်ဆိုမှ ပိုဆိုးပြီပေါ့။
နောက်ထပ်အမှားတစ်ခုကတော့ ဗိုက်သားကိုကျုံ့ဝင်ပါစေဆိုတဲ့ ဆွဲသားဝတ်စုံတွေ ပဲဖြစ်ပါတယ်။
နဂိုဗိုက်ပူပူက တင်းကျပ်တဲ့ဒီအ၀တ်အစားတွေနဲ့ဆိုတော့ အသားညှပ်ပေါင် မုန့်ချောင်းကြီးလိုဖြစ်နေတာပေါ့။
အဲဒီတော့ ဘယ်လိုဝတ်ကြမလဲ။
ဂျာကင်နဲ့
ဘလေဇာအင်္ကျီ
ဂျာကင်နဲ့
ဘလေဇာအင်္ကျီဝတ်ဆင်ရာမှာ ကိုယ့်ရဲ့တင်ပါးကို အပြည့်ဖုံးနေတဲ့ ဒါမှမဟုတ် တစ်ဝက်ဖုံးနေတဲ့ ပုံစံမျိုးဝတ်ဆင်ပါ။
ရင်ဘက်နှစ်လွှာနဲ့ ဂျာကင်အင်္ကျီတွေ၊ ခါးတိုဂျာကင်တွေက ဗိုက်ပူတာကို ပိုပြီးပေါ် လွင်စေတဲ့အတွက်ရှောင်ရှားပါ။
အလွှာအထပ်ဝတ်ဆင်ခြင်း
အလွှာအထပ်ဝတ်ဆင်ခြင်းကလည်း
ဗိုက်ပူနေသူတွေအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အပေါ်က အရောင်ရင့်အင်္ကျီနဲ့ အရောင်ကွဲဘောင်းဘီရှည်ကိုဝတ်ဆင်ပြီး
အပေါ်ကအရောင်ကွဲဂျာကင် တစ်ထည် ထပ်ဝတ်လိုက်ခြင်းဖြင့် ဗိုက်ပူခြင်းကိုဖုံးဖိနိုင်ပါတယ်။
ဘောင်းဘီရွေးချယ်ရာဝယ်
ဗိုက်ပူနေသူအမျိုးသားများအနေနဲ့
ဘောင်းဘီဝတ်ဆင်မှုကိုလည်း သတိထားဖို့လိုပါတယ်။ ခါးနဲ့တင်းပါး တစ်ဝိုက် လျော့ကျနေတဲ့ဘောင်းဘီမျိုး
ရွေးချယ်ဝတ်ဆင်ပါ။ တင်းကျပ်လွန်းတဲ့ဘောင်းဘီတွေဟာ ခါးစည်းကြောင့် ဗိုက်သားကို အပြင်သို့လျှံထွက်နေစေပြီး
အရပ်ပုပျက်သွားသယောင် ဖြစ်စေပါတယ်။ အဲဒါကြောင့် ဘောင်းဘီဝယ်ယူရာမှာ အကောင်းဆုံးအကြံပြုချက်ကတော့
ပုံမှန်ဝတ်နေကျထက် တစ်ဆိုဒ်ကြီးတာကို ခါးပတ်ပုံမှန်အမှတ်နဲ့ ထိန်းပြီးဝတ်ဆင်ဖို့ပဲဖြစ်ပါတယ်။
ဂျင်းဘောင်းဘီရွေးချယ်ရာ မှာလည်း Body Fit ဖြစ်တဲ့ ဘောင်းဘီရွေးချယ်ခြင်းထက် ဗိုက်ပူတာကို
အနည်းငယ်ချိန်ညှိပေးတဲ့ ပွချောင်တဲ့ဂျင်းဘောင်းဘီမျိုး ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ခါးပတ်ဝတ်ဆင်ရာမှာလည်း
ကိုယ့်ရဲ့ပူနေတဲ့ဗိုက် အပြင်ကိုလျှံမထွက်သရွေ့ ခါးပတ်ကိုချိန်ညှိပေးနိုင်ပါတယ်။
အဆင်ဒီဇိုင်းရွေးချယ်တဲ့အခါ
အရောင်ရင့်၊
အရောင်နု အစွန်းရောက်တဲ့အရောင်နှစ်ခုဟာ ခန္ဓာကိုယ်ကိုချိန်ညှိပေးနိုင်တဲ့ အကောင်းဆုံးအရောင်တွေဖြစ်ပါတယ်။
အလျားလိုက်အစင်းကြောင်းပွင့်ရိုက်တွေဟာ ဗိုက်ပူနေတဲ့ အမျိုးသားများအတွက် ရန်သူဖြစ်ပါတယ်။
ဒေါင်လိုက်အစင်းကြောင်း ခပ်စိပ်စိပ်ပါဝင်တဲ့အင်္ကျီမျိုးဝတ်ဆင်ပါ။ ပန်းပွင့် ပွင့်ရိုက်
အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီရှည်ကလည်း ဗိုက်ပူတာကိုလျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
ပန်းပွင့် ပွင့်ရိုက် ရွေးချယ်ရာမှာလည်း ပန်းပွင့်တွေက အရမ်းမကြီးလွန်း၊ မသေးလွန်းဖြစ်ဖို့သတိပြုပါ။
အင်္ကျီဝတ်ဆင်တဲ့အခါ
ရှပ်အင်္ကျ
ီလက်ရှည်နဲ့ တီရှပ်တွေက လက်တိုအကျင်ဿီတွေထက် ပိုပြီးခန္ဓာကိုယ်အချိုးအစားကို
ညှိပေးပါတယ်။ တကယ်လို့ အားကစားခန်းမသွားတာဖြစ်ဖြစ်၊ အားကစားလုပ်တဲ့အခါ ရှပ်အင်္ကျီဝတ်ဆင်ရာမှာ
အနည်းငယ်ပွချောင်တဲ့ အဖြူရောင်လို အရောင်နုမျိုးဝတ်ဆင်ပေးပါ။ အပွင့်အခက်၊ အစင်းကြောင်းတွေမပါတဲ့တီရှပ်ကလည်း
ဗိုက်ပူနေတဲ့လူတွေအတွက် အဆင်ပြေဆုံးဖြစ်ပါတယ်။
ခါးပတ်ဝတ်ဆင်ရာမှာ
ခါးပတ်ဝတ်ဆင်တဲ့အခါ
သတိထားရမယ့်အချက်ကတော့ ခါးပတ်ကိုအလွန်အကျွံမပေါ်လွင်နေစေဖို့ပါပဲ။ မလိုအပ်တဲ့ဖော်ပြမှုကြောင့်
ပူနေတဲ့ဗိုက်ကို ပိုပြီးသထားမိသွားစေပါတယ်။ အဲဒါကြောင့် ကိုယ်ဝတ်ထားတဲ့ဘောင်းဘီနဲ့
အရောင်တစ်သားတည်းဖြစ်နေစေတဲ့ ခါးပတ်မျိုးကို ၀တ်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment