Android
OS မှာ SD Card နဲ့ Storage ထဲက ဖိုင်တွေကိုကိုင်တွယ်အသုံးပြုဖို့အတွက် File
Manager (သို့မဟုတ်) File Browser တစ်မျိုးမျိုးပါရှိတတ်ပါတယ်။
အဲဒီလို မူလပါရှိတဲ့ File Manager ဟာ အသုံးပြုရ တာ လွယ်ကူပေမယ့် အားနည်းချက်အနည်းငယ်ရှိပြီး
လုပ်ဆောင်ချက်တစ်ခုချင်းစီကို လုပ်ဆောင်ဖို့အတွက် အဆင့်ဆင့်ပြုလုပ်ရပါတယ်။ ဥပမာ ဖိုင်တစ်ခုကို
တစ်နေရာကနေတစ်နေရာကို copy ကူးချင်တယ်ဆိုရင်
ကူးလိုတဲ့ဖိုင်ကို အချိန်အနည်းငယ်ဖိထားရပါတယ်။ အဲဒီလိုဖိလိုက်ရင် Option ပေါ်လာပြီး
Copy ကိုရွေးရပါ တယ်။ ပြီးရင် Paste လုပ်ချင်တဲ့ Folder ကိုရောက်အောင်ပြန်သွားကာ Menu
ကနေတစ်ဆင့် Paste လုပ်ရ ပါတယ်။ အဲဒါကြောင့် ဖိုင်အရေအတွက်များများကို တစ်ပြိုင်နက်ဖျက်ချင်တဲ့အခါ
Copy ကူးလိုတဲ့အခါ application တွေ၊ install နဲ့ unstall လုပ်လိုတဲ့အခါတွေမှာ File
Expert လို File browser ကိုအသုံးပြုကာ ပိုမိုလျင်မြန်စွာပြုလုပ်နိုင်ပါတယ်။
File
Expert ကို Google Play မှာရှာပြီး ထည့်သွင်းလိုက်ပါ။ ပြီးရင် File Expert icon ကိုရှာပြီးဖွင့်လိုက်ပါ။
File
Expert ရဲ့ Home ကိုမြင်ရမှာဖြစ်ပြီး My Files, My Documents စသည်ဖြင့် အသုံးဝင်တဲ့
Tab တွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
My Files
ကိုနှိပ်လိုက်ရင် ဖုန်းရဲ့ Internal Storage နဲ့ SD Card ကိုတွေ့မြင်ရပြီး ဖုန်းတစ်ခုလုံးရဲ့
Folder တွေအားလုံးနဲ့ File တွေအားလုံးကို တွေ့မြင်နိုင်မှာပါ။
My
Documents ကတော့ File Expert ရဲ့ Special Folder ဖြစ်ပြီး အသုံးပြုလိုတဲ့ pdf, doc
ဖိုင်နဲ့ Music, Video ဖိုင်တွေအားလုံးကို ဒီအတိုင်းစုထည့်ထားရင်တောင် ဖိုင်အမျိုးအစားအလိုက်
သီးသန့်ပြန်လည်စုစည်းပေးပါတယ်။
My Apps က
ကိုယ့်ဖုန်းထဲမှာရှိတဲ့ Application အကုန်လုံးကိုမြင်တွေ့ရပြီး မလိုအပ်တဲ့ Apps တွေကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
Apps အသစ်တွေကို
install လုပ်လိုတဲ့အခါ SD Card ထဲက My Documents folder ထဲကို ဒီအတိုင်း ထည့်ထားရုံနဲ့
APK Packages ကနေ အလွယ်တကူ install လုပ်နိုင်ပါတယ်။ Apps ၂ခု၊ ၃ ခု စသည်ဖြင့် တစ်ပြိုင်နက်
install လုပ်နိုင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment