Gesture ဆိုတဲ့စကားလုံးဟာ
အခုနောက်ပိုင်းမှာ Touch Screen ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေကြားမှာရေပန်းစားလာတဲ့စကားလုံးတစ်ခု
Gesture ဆိုတဲ့စကားလုံးဟာ
အခုနောက်ပိုင်းမှာ Touch Screen ကွန်ပျူတာနဲ့
စမတ်ဖုန်းတွေကြားမှာ ရေပန်းစားလာတဲ့ စကားလုံးတစ်ခုဖြစ်လာပါတယ်။ အဓိက အဓိပ္ပာယ်က screen
ပေါ်မှာရေးလိုက်တဲ့ သင်္ကေတတွေကို ကြိုတင်သတ်မှတ်ထားတဲ့လုပ်ဆောင်ချက်တွေအဖြစ် ဆောင်ရွက်ပေးနိုင်တာ ပဲဖြစ်ပါ တယ်။
Google ရဲ့ handwriting စနစ်လို လက်ရေးကိုဘာသာပြန်နိုင်တာမျိုးမဟုတ်ဘဲ shortcut တစ်ခုသဖွယ်သာ
လုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။
စမတ်ဖုန်းမှာ Gesture ပုံစံနဲ့ အသုံးပြုနိုင်တဲ့
Dolphin Browser HD လိုပုံစံမျိုးဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် My Grsture ကတော့ စမတ်ဖုန်းတစ်ခုလုံးအတွက်
အသုံးချနိုင်တာကြောင့် ပိုပြီးအကြိုက်တွေ့စေပါလိမ့်မယ်။ အသုံးပြုပုံက ဖုန်းမှာကြိုတင်သတ်မှတ်နိုင်တဲ့
လုပ်ဆောင်ချက်တစ်ခုကို ကိုယ်ကြိုက်တဲ့ လက်ရေးပုံ(သင်္ကေတ)နဲ့ သတ်မှတ်သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။
ဥပမာ-ဖုန်း Contact ထဲမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဆီဖုန်းခေါ်ချင်တဲ့အခါ သတ်မှတ်ပေးထားတဲ့
Gesture ကိုဆွဲလိုက်တာနဲ့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
အလားတူပဲ အခြားသီချင်းဖွင့်တာတို့
Bluetooth, Wifi ဖွင့်တာတို့ကိုလည်း Gesture တစ်ချက်ဆွဲရုံနဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
အရင်ဆုံး ဒီ Apps ကို http://bit.ly/1Tmp0uo မှာ ရယူနိုင်ပါတယ်။ ဒါမှမဟုတ် Play store မှာ My
Gesture လို့ရိုက်ထည့်ပြီး YJSong ရေးသားထားတဲ့ My Gesture Shortcut Launcher ကို ရှာဖွေပြီးထည့်သွင်းရမှာဖြစ်ပါတယ်။ Apps ကို
install ပြုလုပ်ပြီး My Gesture Application ပွင့်လာတဲ့အခါ အပေါ်ဆုံးမှာတွေ့တဲ့ Enable/Disable
ကို ကလစ်တစ်ချက်နှိပ်ပါမယ်။ ဒါဆိုရင် Screen မှာ အစိမ်းရောင် G ပုံစံ Gesture icon
လေးကိုတွေ့ပါလိမ့်မယ်။
အဲဒီ G ပုံ
icon လေးဟာ Gesture အသုံးပြုဖို့ shortcut icon ပဲဖြစ်ပါတယ်။ လောလောဆယ် အဲဒီ icon လေးကိုမနှိပ်ဘဲ
အောက်က Setting တွေကို အရင်ကြည့်ပါမယ်။ Icon
Mode Setting ကို တစ်ချက်နှိပ်ပါမယ်။ Gesture icon ကို ဘယ်လိုပုံစံမျိုးနဲ့ထားမလဲဆိုတဲ့
ရွေးချယ်စရာသုံးမျိုးရှိပါတယ်။ Topmost Icon Button က icon ကို ဘယ်နေရာ၊ ဘယ် page ကိုရောက်ရောက်
အပေါ်ဆုံးမှာ ထားပေးပါလိမ့်မယ်။
Status
bar က Gesture ကို ဖုန်းရဲ့အပေါ်ဆုံးက notification bar မှာ ဖော်ပြပေးပါလိမ့်မယ်။ Search
key… က icon ကို ဘယ်နေရာမှာမှ ပြပေးမှာမဟုတ်ဘဲ ဖုန်းမှာရှိတဲ့ Search button ကို အနည်းငယ် ဖိနှိပ်လိုက်မှ
Geasture ထဲ တန်းရောက်သွားမှာဖြစ်ပါတယ်။ အခု ကိုယ်ပိုင်
Gesture တစ်ခုကို ဖန်တီးကြည့်ပါ့မယ်။ Menu ရဲ့အောက်ခြေမှာရှိတဲ့ Create Gestures ကိုတစ်ချက်နှိပ်ပါမယ်။
ဒါဆိုရင်ရှိသမျှ
Gesture တွေဖော်ပြပေးပြီး Gesture အသစ်ထပ်ထည့်မှာဖြစ်တဲ့အတွက် Add Gesture ကို နှိပ်ပါမယ်။
Choice Topice မှာ Set Contact Number ကိုရွေးပါမယ်။ contact ထဲက ဖုန်းနံပါတ်တစ်ခုကိုရွေးပေးရပါမယ်။
ရွေးပြီးရင် ကိုယ်ပေးချင်တဲ့ Gesture ပုံရေးဆွဲပေးရပါမယ်။ ပြီး save လုပ်ပါ။
ဒါဆိုရင်
ပေးထားတဲ့ Gesture ပုံ ဆွဲပေးလိုက်တာနဲ့ ခေါ်လိုတဲ့ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုမှာဖြစ်ပါတယ်။
အဲဒီလိုပုံစံမျိုးပဲ အခြား Application တွေ၊ function တွေ ထပ်ထည့်လို့ရမှာဖြစ်ပတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment