Google
Search ဟာ တစ်ကမ္ဘာလုံးမှာ အလွန်ကျယ်ပြန့်စွာ အသုံးပြုတဲ့အတွက် ကုမ္ပဏီနာမည်ကိုကြားရင်
search engine ၀န်ဆောင်မှုကိုပဲ အရင်ဆုံးပြေးမြင်ကြမှာပါ။ ၄င်းမှာ အခြား search အင်တာနက် ၀န်ဆောင်မှုတွေထက်သာလွန်တဲ့ကွဲပြားစေတဲ့
Function တွေပါဝင်ပြီး Google ရဲ့လမ်းညွှန်မှုမပါဘဲ အကုန်လုံးကိုသိနိုင်ဖို့မလွယ်ပါဘူး။
ဒါ့ကြောင့် Google Search ကို ဘယ်လိုအသေးစိတ် အသုံးပြုနိုင်သေးလဲဆိုတာကို ရေးသားဖော်ပြလိုက်ပါတယ်။
ရွေးချယ်ထားတဲ့ဝက်ဘ်ဆိုက်ထံမှသာရှာဖွေခြင်း
လူအများစုကတော့
Google Search ကို ၀က်ဘ်ဆိုက်တွေရှာဖွေနိုင်တယ်လို့သိမှာပါ။ ဒါပေမယ့် ၄င်းဟာ ၀က်ဘ်ဆိုက်တစ်ခုရဲ့သီးသန့်စကားလုံးနဲ့ရှာလို့လဲရနိုင်ပါတယ်။
ဒါကိုတော့ “site:’’ command အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ အလားတူအနေနဲ့ “source:’’
command စကားလုံကိုရှာဖွေရာမှာ ထည့်သွင်း အသုံးပြုပြီးတော့လဲ အသေးစိတ်သတင်း outlet တွေကို
ရှာဖွေနိုင်မှာပါ။
မေ့နေတဲ့စကားလုံးစာကြောင်းတို့နဲ့ရှာဖွေခြင်း
တစ်ခါတလေမှာသင်ရှာနေတဲ့အရာရဲ့
အစိတ်အပိုင်းတချိုကိုသာမှတ်မိပြီး စကားလုံးအတိအကျနဲ့ရှာဖွေဖို့ခက်ခဲတတ်တယ်။ Google
မှာ ဒီ့အတွက်လဲအဖြေရှိပါတယ်။ Google Search မှာ asterisk “*’’ လေးကို wild card အနေနဲ့
အသုံးပြုနိုင်ပြီးမေ့နေတဲ့စကားလုံးနေရာမှာ “*” ကိုခံရင်းနဲ့ ရှာဖွေနိုင်တယ်။ ဥပမာ-
“an* asay’’ ကို ရှာဖွေလိုက်ရင် “an hour a day’’, “an apple a day’’ စတဲ့ စကားလုံးတွေကို
အလိုအလျောက်ရှာဖွေပေးသွားမှာပါ။
ဆင်တူဝက်ဆိုက်များရှာဖွေခြင်း
စိတ်ကြိုက်တွေ့တဲ့
ဝက်ဘ်ဆိုက်တစ်ခုကိုတွေ့ရှိပြီး ၄င်းမှာပါတဲ့ content တွေထက်ပိုပြီးလိုချင်နေသလား။ ဒါမှမဟုတ်
နည်းနည်းလေးကွဲပြားတာကိုလိုချင်သလား၊ ဒါဆိုရင် Google Search မှာ “related:’’ ဆိုတဲ့
command နဲ့ အဆိုပါဝက်ဘ်ဆိုက် သို့မဟုတ် ၀န်ဆောင်မှုနဲ့ဆင်တူတဲ့ဆိုက်တွေကိုရှာဖွေလိုက်ပါ။
အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုရှာဖွေခြင်း
တကယ်လို့စကားလုံးတစ်လုံးရဲ့
အဓိပ္ပာယ်ကိုမသိခဲ့ရင်လဲအွန်လိုင်းအဘိဓါန်ဆီသွားနေစရာမလိုပါဘူး။ Search Engine ဟာ သူကိုယ်တိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို
ထောက်ပံ့ပေးနိုင်တယ်။ သင်လုပ်စရာရှိတာက သိချင်တဲ့စကားလုံးကို “define:’’ ဆိုတဲ့ command
အသုံးပြုပြီးရိုက်ထည့်လိုက်ဖို့ပါပဲ။
အတိုင်းအတာတို့ကိုတွက်ချက်ခြင်း
Google
Search ဟာ မတူညီတဲ့ရေတွက်မှုယူနစ်များကို တစ်ခုမှတစ်ခုသို့ပြောင်းလဲပေးနိုင်တယ်။ ဇာတိဘာသာစကားပေါ်မူတည်ပြီးတော့လဲ
အလားတူလုပ်ပေးနိုင်ပါတယ်။ ဥပမာ- “10.5cm in inches” လို့ရိုက်လိုက်ရင် 10.5 စင်တီကို
လက်မအနေနဲ့တွက်ချက်ပြီးသားပြန်ပေးမှာပါ။ ငွေကြေးယူနစ်တွေအပေါ်လဲအလားတူတွက်ချက်နိုင်တယ်။
သင်္ချာတွက်ခြင်း
Google
Search ကိုသင့်ရဲ့ သင်္ချာအတွက်အချက်တွေအတွက်လဲအသုံးပြုနိုင်တာသိရဲ့လား။ သိရှိလိုတဲ့
sum ကို search box ထဲရိုက်ထည့်ပြီးသာ enter နှိပ်လိုက်ပါ။ ရိုးရှင်းတဲ့ ဥပမာကတော့
“10+20 ဆိုတာမျိုးဖြစ်ပေမယ့် သိပ်ကိုရှုပ်ထွေးပြီးအသေးစိတ်တဲ့ပုစ္ဆာတွေအတွက်လဲ သူ့မှာအဖြေရှိပါတယ်။
လေကြောင်းခရီးများရှာဖွေခြင်း
တကယ်လို့လူတစ်ယောက်ကို
လေဆိပ်မှာသွားကြိုရမယ်ဆိုရင် သင့်ရဲ့အသိမိတ်ဆွေစီးသွားတဲ့ လေယာဉ်ပျံအန္တရာယ်ကင်းကင်းနဲ့ရောက်ရဲ့လားလို့သိချင်ရင်
Google Search ကိုပဲအသုံးချနိုင်တယ်။ ဒါဟာ အတော်အသုံးတည့်တဲ့ function တစ်ခုဖြစ်ပြီး
သိလိုတဲ့လေကြောင်းလိုင်းနဲ့ လေယာဉ်အမှတ်ကို ချရေးလိုက်ရုံပါပဲ။ “Qantas QF7’’ လို့ရိုက်လိုက်ရင်
Qantas လေကြောင်းလိုင်းရဲ့ အချက်အလက်တွေ ကိုဖော်ပြပေးမှာပါ။
ကမ္ဘာ့စံတော်ချိန်များကြည့်ရှုခြင်း
Google Search
နဲ့မတူညီတဲ့ ကမ္ဘာ့ကုန်းမြေတွေပေါ်က စံတော်ချိန်ကိုရှာဖွေနိုင်တာတော့ သိပြီးဖြစ်မှာပါ။
“Time:’’ command နဲ့ နောက်မှာသိလိုတဲ့တိုင်းပြည်ကို ရိုက်ထည့်ရုံပါပဲ။ “Time:Sydney’’
လို့ရိုက်လိုက်ရင် သြစတြေးလျဆဒ်ဒနီရဲ့စံတော်ချိန်ကိုဖော်ပြပေးပါလိမ့်မယ်။ “time:Africa’’
ဆိုရင်တော့ အာဖရီကတိုက်ရဲ့မြို့တော်တွေပေါ်က စံတော်ချိန်တွေကိုဖော်ပြပေးသွားမှာပါ။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment