နိုင်ငံရပ်ခြား ဘာသာတစ်ခုခုကိုလေ့လာနေတဲ့သူတွေအတွက်
Google က ထုတ်လုပ်ပေးထားတဲ့ Translate ဆိုတဲ့ Apps လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်…
ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကြတဲ့
Android စမတ်ဖုန်းတွေဟာ ဆက်သွယ်ရေး၊ ဖျော်ဖြေရေး ကိစ္စ အ၀၀ကို လုပ်ဆောင်နိုင်ခဲ့ကြတဲ့အပြင်
ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေမှာပါ အသုံးတည့်တဲ့ ကိရိယာတစ်ခုအဖြစ် အလျင်အမြန်နေရာယူလာခဲ့ပါပြီ။
အထူးသဖြင့် ကျောင်းသား/သူတွေအတွက် အထောက်အကူပြုနိုင်တဲ့ Apps တွေများပြားလာတာကလည်း
စမတ်ဖုန်းအသုံးပြုမှုကိုမြင့်လာစေခဲ့ပါတယ်။
အခုအခါ ကျောင်းသူ/ကျောင်းသားတွေအပြင် နိုင်ငံရပ်ခြား
ဘာသာတစ်ခုခုကိုလေ့လာနေတဲ့သူတွေ အတွက် Google က ထုတ်လုပ်ပေးထားတဲ့ Translate ဆိုတဲ့ Apps
လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘာသာစကားပေါင်း ၁၀၃ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်ပြီး
အရေးအသားစာလုံးပေါင်းနဲ့ အသံထွက်အမှန်အတိုင်းဖော်ပြပေးတဲ့အတွက် ဘာသာစကားလေ့လာလိုက်စားတဲ့သူတွေနဲ့
နိုင်ငံရပ်ခြားဒေသတွေကို မကြာခဏခရီးသွားလာတတ်တဲ့သူတွေအတွက် အလွန်အသုံးဝင်မှာဖြစ်ပါတယ်။
ဒီ Apps ကို ရယူချင်တယ်ဆိုရင်တော့ Google မှာ အလွယ်တကူရှာဖွေပြီးရယူနိုင်ပါတယ်။ နောက်ပိုင်း
ထွက်ရှိလာတဲ့ Google Service Official ပါဝင်ပြီးသားဖုန်းတွေမှာဆိုရင် တစ်ခါတည်း ပါဝင်လာပြီး
version အနည်းငယ်သာမြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့ကမှ update
ပြုလုပ်လိုက်တဲ့ version မှာတော့ လုပ်ဆောင်ချက်အသစ်တွေအဖြစ် Top to Translate
Function, Offline Translate Mode, Camera Mode, Conversation Mode နဲ့ Phrasebook
Mode လို့ခေါ်တဲ့ လုပ်ဆောင် ချက်အများ အပြားကိုထည့်သွင်းပေးထားတာတွေ့ရမှာဖြစ်ပါတယ်။
ပထမဆုံးဘယ်ဘာသာစကားကနေ
ဘယ်ဘာသာစကားကို ဘာသာပြန်မယ်ဆိုတာ ရွေးချယ်ပေးရပါမယ်။ ဒါမှမဟုတ် Detect Language ကိုရွေးထားရင်
ကိုယ်ရိုက်သွင်းတဲ့ input ပေါ်မူတည်ပြီး ဘယ်ဘာသာ စကားဆိုတာ အလိုလျောက်သိရှိဖော်ပြပေးမှာဖြစ်ပါတယ်။
ဥပမာ English ကနေ Korean ကိုပြန်ဆို ချင်တယ်ဆိုရင် Eng-to-Korean ကို ရွေးချယ်ပေးကာ
ကိုယ်သိချင်တဲ့ဝါကျကို ရိုက်ထည့်ပေးပါ။
အဲဒီလိုရိုက်ထည့်ပြီးရင် ကိုယ်သိချင်တဲ့ဝါကျကို
သိချင်တဲ့ဘာသာစကားနဲ့ အနီးစပ်ဆုံးပြန်ဆိုပေးထား တာတွေ့ရပါလိမ့်မယ်။ အသံထွက်ကိုသိချင်ရင်
ဘေးနားမှာရှိတဲ့ Sound icon လေးကိုနှိပ်ကြည့်လိုက်ပါ။ မူရင်းဘာသာစကားရဲ့အောက်မှာ အသံထွက်ကို
စာလုံးပေါင်းပြထားတာလည်းတွေ့ရပါမယ်။ ဒါ့အပြင် ဘာသာပြန်ထားတဲ့စကားလုံးကို Copy ကူးချင်တာ၊
ပြန်လည်မျှဝေချင်တာနဲ့ မြင်ကွင်းချဲ့တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ၀ါကျတွေအပြင် စာလုံးတစ်လုံးချင်းစီကို
လက်ရေးနဲ့ရေးပြပြီး ဘာသာပြန်ခိုင်းဖို့ အတွက်လည်း အသုံးပြုနိုင်ပါလိမ့်မယ်။
Distionary
မှာပါတဲ့ တခြားအဓိပ္ပါယ်တွေကိုလည်း ကြည့်နိုင်ပါသေးတယ်။ Google Translate Apps မှာ အားသာချက်တစ်ခုရှိတာက
ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Text Message တွေကိုလည်း တိုက်ရိုက် ဘာသာပြန်ပေးနိုင်တဲ့အချက်ပါပဲ။
ဖုန်းပေါ်က menu ကိုနှိပ်လိုက်ပြီးပေါ်လာတဲ့ menu မှာ SMS Translation ထဲကိုဝင်ပြီး ကိုယ်သိချင်တဲ့
message ကိုရွေးချယ်ပေးလိုက်ရုံပါပဲ။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment