အဝေးပြေးလမ်းမကြီးမှာ ကားမောင်းမယ်ဆိုရင်









ကားလမ်းတွေဆိုတာ လူတိုင်းနဲ့မကင်းကြပါဘူး။ အားလုံးသော လူသားတွေဟာ နေ့စဉ်ဘ၀ အ တွက် ဖြစ်စေ၊ ပျော်ရွှင်မှုအတွက်ဖြစ်စေ၊ ကျန်းမာရေး၊ လူမှုရေးအတွက်ဖြစ်စေ မြို့တွင်းရော မြို့ပြင်ပါ အမြဲ တမ်း သွားလာလှုပ်ရှား နေကြရပါတယ်။ ကမ္ဘာကြီးက အမြဲတမ်း တိုးတက်ပြောင်းလဲနေသလို မြို့ထဲ၊ ရပ် ကွက်တွေ ထဲမှာဆိုရင်လည်း ကားတွေရှုပ်ထွေးလို့နေပါတယ်။ ဒါကြောင့် အပြင်တစ်ခါထွက်ဖို့ဆိုရင် အရင် ကထက်ပိုပြီး အချိန်ပေးရပါတယ်။ မြို့တွင်းမှာ စိတ်ရှည်ရှည်ထားပြီးမောင်းခဲ့သမျှ အချို့သော ကားမောင်း သမားတွေဟာ မြို့ပြင်အဝေးပြေးလမ်းမကြီးမှာ မီးကုန်ယမ်းကုန် မောင်းကြပါတော့တယ်။ အဲဒီအတွက် ကံမကောင်း အကြောင်းမလှသူများဟာ ကိုယ့်ရဲ့မဆင်ခြင်၊ ဂရုမစိုက်မောင်းနှင်မှုကြောင့် အသက်သေဆုံး ရတဲ့အထိ ဖြစ်လာပါတော့တယ်။ အခု ရေးသားမယ့် အကြောင်းအရာကတော့ အဝေးပြေးလမ်းမကြီးမှာ မောင်းနှင်တဲ့အခါ သတိပြုရမယ့် အချက်လေးတွေ ဖြစ်ပါတယ်။

ခရီးမထွက်ခင် (သို့) အဝေးပြေးလမ်းမကြီးပေါ်မတက်ခင်ကတည်းက ကိုယ်ကားမောင်းရမယ်လို့ သိရရင် အိပ်ရေးဝအောင် အိပ်စက်ထားဖို့ လိုအပ်ပါတယ်။ အိပ်ရေးပျက်ခြင်းက သမ်းဝေခြင်း၊ အိပ်ငိုက် လာပါက မျက်စိေ၀၀ါးစေပြီး မမျှော်လင့်တဲ့ အဖြစ်အပျက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။
ကားပေါ်တက်ပြီဆိုတာနဲ့ ခါးပတ် ပတ်ထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ကတော့ ယာဉ်မောင်း သင်တန်း စနစ်တကျတက်ထားသူတွေ သိပြီးသားဖြစ်ပါလိမ့်မယ်။
ယာဉ်မောင်းနှင်နေစဉ်မှာလည်း ကိုယ့်ဘယ်ညာနောက်ရှိ ကားတွေရဲ့လှုပ်ရှားမှုကို သိရှိနိုင်ဖို့အတွက် နောက်ကြည့်မှန်၊ ဘေးကြည့်မှန်တို့ကို မကြာခဏ ကြည့်ပေးပါ။

တကယ်လို့ ကိုယ့်ယာဉ်ရှေ့မှာ အခြားယာဉ်တစ်စီးစီးရှိနေလျှင် ကိုယ့်အတွက် လုံခြုံစိတ်ချရသော အကွာအဝေးမှ မောင်းနှင်ပါ။ ရှေ့ယာဉ်ရဲ့လှုပ်ရှားမှု၊ အချက်ပြမီးတွေ အသုံးပြုမှုကို အမြဲတမ်းသတိပြုပါ။ သတ် မှတ်ထားတဲ့ အမြန်နှုန်းနဲ့သာ မောင်းနှင်ပါ။ မမျှော်လင့်သောအရာများ (ဥပမာ - လမ်းချော်ခြင်း) ကြောင့် ယာဉ် ရုတ်တရက် ရပ်တန့်နိုင်ဖို့အတွက် ယာဉ်ပြတင်းပေါက်ကိုဖွင့်ပြီး မောင်းနှင်ပါ။ ယာဉ်၏ အရှိန်ပြကိရိယာကို မကြာ ခဏကြည့်ပေးပြီး အရှိန်ကိုထိန်းချုပ်ပေးပါ။
ယာဉ်မောင်းနှင်နေစဉ် တယ်လီဖုန်းအသုံးပြုခြင်း၊ ရေဒီယိုအသံ ကျယ်လောင်စွာ ဖွင့်ထားခြင်းကို ရှောင်Mကဉ်ပါ။ အဲဒါတွေက စိတ်အာရုံကိုထွေပြားစေပြီး မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင် ပါတယ်။
ကားဘီးအပို၊ ကားပြင်ရာမှာ လိုအပ်မယ့်အထောက်အကူပြုပစ္စည်းများ စုံလင်စွာပါလာပါစေ။
လမ်းတစ်လျှောက်လုံးမှာ ပြသထားတဲ့ အန္တရာယ်သတိပေးဆိုင်းဘုတ်၊ အချက်ပြဆိုင်းဘုတ်များကို တိကျစွာ လိုက်နာပါ။
အကယ်၍ ယာဉ်မောင်းသူ အိပ်ငိုက်နေ၊ ပင်ပန်းနေပြီဟုထင်ရင် အခြားယာဉ်မောင်းသူတစ်ဦးပါလျှင် တစ်လှည့် စီ မောင်းနှင်ခြင်းဖြင့် ကူညီပါ။
တကယ်လို့ ကိုယ်မောင်းနှင်နေတဲ့ယာဉ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် လမ်းဘေး ကပ်ရပ်ပြီး အခြားယာဉ်တွေ သတိပြုမိနိုင်ဖို့ အချက်ပြမီးတွေ ဖွင့်ထားပေးပါ။
မမျှော်လင့်သော ရာသီဥတုအခြေအနေ (ဥပမာ - မိုးသည်း ထန်စွာရွာခြင်း၊ မုန်တိုင်းဖြစ်ခြင်း) တို့ ကြောင့် ကားပျက်ခြင်း၊ ရေကြီးရေလျှံ၍ ကားပျက်ပါက အသုံးပြုနိုင်ဖို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝသော မုန့်များ၊ ရေသန့်စင်ဆေးပြား၊ ရေဆူဆေးပြား၊ အိပ်ဆောင်ဓာတ်ခဲထည့် ရေဒီယို၊ ဆေးသတ္တာငယ်၊ အရေးပေါ် ခေါ်ဆိုနိုင်ဖို့ ဖုန်းနံပါတ်များ၊ ဓာတ်မီး စသည့်ပစ္စည်းများကို ယူဆောင်သွားပါ။
အခု ဖော်ပြခဲ့တဲ့ အချက်လေးတွေကို သိပြီးသားလူတွေရှိသလို၊ မသိရသေးသူများလည်း ရှိပါလိမ့်မယ်။ သိပြီးသားဖြစ်စေ၊ မသိရသေးသူများဖြစ်စေ ဒီအချက်လေးတွေကို လိုက်နာပြီး အဝေးပြေး လမ်းမများပေါ်မှာ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment