ရှေ့တန်းရောက်လာတဲ့ Apple Home Kit









အိမ်တစ်အိမ်မှာ အသိဉာဏ်ထည့်ပေးလိုက်မလားဆိုတဲ့ အတွေးအခေါ်ဟာ အသစ်အဆန်းတော့ မဟုတ် ပါဘူး။ ဒီအိုင်ဒီယာဟာ ၁၉၅၀ ခုနှစ်တွေကတည်းက Disneyland မှာ “ Home of the Future” ဆိုပြီး ပြသထားတာမျိုးတွေရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိကိုပဲ ကျွန်တော်တို့တတွေကြွယ်ဝ ချမ်းသာလာမယ်ဆိုရင် ကျွန်တော်တို့အိမ်တွေကို အသံနဲ့ခိုင်းစေနိုင်မယ့် ကွန်ပျူတာတွေ၊ အလိုလျောက်အလင်း အမှောင်ချိန် ညှိပေးနိုင်မယ့် မီးလုံးတွေ၊ အလိုလျောက်အဖွင့်အပိတ်လုပ်နိုင်စေမယ့် လိုက်ကာတွေ တပ်ပေးနိုင်မယ့် အချိန်ကိုရောက်လာလိမ့်မယ်လို့ မျှော်လင့်နေကြတုန်းပါပဲ။ လက်ရှိမှာတော့ လူတွေဟာသူတို့ အိမ်မှာ အသုံးပြုမယ့်ပစ္စည်းတွေကို စမတ်ဖုန်းတွေကိုအသုံးပြုပြီး ထိန်းချုပ်နိုင်ဖို့ကြိုး စားနေကြတာပါ။ 

thermostats တွေဟာ ကျွန်တော်တို့လိုအပ်နေတဲ့ အပူချိန်ကိုစိတ်တိုင်းကျချိန်ညှိ ပေးနိုင်သလို၊ လုံခြုံရေးပစ္စည်းတွေကလည်း အိမ်ကိုအချိန်ပြည့်စောင့်ကြည့်ပေးနေပြီး တစ်ခုခုမသင်္ကာစရာတွေ့တာနဲ့ ကိုယ့် iPhone ကို အချက်ပေးပါလိမ့်မယ်။

ဒီ device တွေနဲ့ app တွေက မကြာမီနှစ်တွေမှာတကယ့်ကို အသုံးတွင်ကျယ်လာဖို့ရှိနေပါတယ်။ အဲဒီ အချိန်ကြရင် Apple ရဲ့ Home Kit ဟာ အရေးပါတဲ့နေရာကနေပါဝင်လာမှာပါ။ Home automation device တွေဟာ ပိုပြီးအသုံးတွင်ကျယ်လာဖို့နဲ့ နည်းပညာတွေအတွက်အသုံးပြုရမယ့် ကုန်ကျစရိတ်တွေ အရှိန်အဟုန်နဲ့ ကျဆင်းလာဖို့ အဓိကအကြောင်းအရင်းကတော့ sensor တွေနဲ့ microchip တွေကို အလွယ်တကူနဲ့ အသုံးပြုလာနိုင်တဲ့အပြင် ဈေးသက်သက်သာသာနဲ့အသုံးပြုလာနိုင်လို့ပါပဲ။ 

အခုအချိန်ကနေစရေရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာကိုပဲ ကိုယ့်ကားမှာရှိတဲ့ ကားဘီးတွေ ကလေလျော့နေပြီ၊ ပြန်ဖြည့်ပါလို့သတိပေးတာမျိုးကို အလိုလျောက်လုပ်ပေးတော့မှာပါ။
Apple အရင်ကလုပ်ပြဖူးတဲ့ နည်းပညာကို user-friendly ဖြစ်အောင်ပြောင်းလဲရာမှာ အင်မတန် ကျွမ်းကျင်တဲ့အတွေ့အကြုံကနေ Home Automation အနေနဲ့ အကျိုးအမြတ်တွေရ လာဖို့ရှိပါတယ်။ လက်ရှိအချိန်မှာဆိုရင် smart gadget တွေအများစုဟာ သီးခြားဖုန်းတွေ၊ ကွန်ပျူတာတွေ app တွေနဲ့အလုပ်လုပ်နေပါတယ်။ Apple အနေနဲ့ ဒါတွေအားလုံးကို တစ်စုတစ်စည်းတည်းလုပ်ပေးရမှာပါ။ iPhone, iPad, Apple TV နဲ့ Mac တွေပေါ်မှာ ဘယ် device ပေါ်ကနေမဆိုလုပ်နိုင်ဖို့လိုပါတယ်။ 

Privacy နဲ့လုံခြုံရေးတွေဟာလည်း အိမ်တွေနဲ့ပတ်သက်လာရင် အရေးကြီးတဲ့အခန်းကဏ္ဍ မှာပါဝင်နေတာ ပါပဲ။ Apple အနေနဲ့ သူတို့ရဲ့ HomeKit ပါတနာတွေကို စည်းမျဉ်းအသစ်တွေထုတ်ပြန်ထားပြီး အသုံးပြု သူတွေရဲ့ အချက်အလက်တွေကို စုဆောင်းတာမျိုးတွေ၊ ကြော်ငြာတွေပို့တာမျိုးတွေမလုပ်ဖို့ တင်းတင်း ကျပ်ကျပ်တားမြစ်ထားပါတယ်။ ဒီ device တွေမှာပါဝင်နေတဲ့ Wifi နဲ့ Blutetooth တွေဟာ သူတို့ကိုယ်ပိုင် သီးခြားထုတ်လုပ်သူတွေက ထုတ်လုပ်ပေးထားတာဆိုပေမယ့် Apple အနေနဲ့ ဒါတွေကို ၀င်ရောက်စုံ စမ်းလေ့လာပြီး Home Kit အသုံးပြုသူတွေကို အကာအကွယ်တွေပေးနိုင်အောင် စီစဉ်ထားတာ လည်းဖြစ်ပါတယ်။

Apple အနေနဲ့ ဒီနယ်ပယ်ကိုဝင်ရောက်သင့်တဲ့အကြာင်းပြချက်နောက်တစ်ခုကတော့ လက်ရှိအချိန်မှာ အစောပိုင်းစမ်းသပ်အသုံးပြုလိုသူတွေရဲ့ငွေတွေဟာ Third Party ထုတ်လုပ်သူတွေရဲ့ လက်ထဲကို အများကြီးစီးဝင်နေပါတယ်။ တကယ်တမ်း ဒီအိုင်ဒီယာကို ပထမဦးဆုံးစတင်ခဲ့တာက Apple CEO ကြီး Steve Jobs အနေနဲ့ Mac တွေကို အိမ်တွင်းဖျော်ဖြေမှုနဲ့ productivity တွေမှာ ပင်မ hub အနေနဲ့ အသုံးပြုနိုင်ဖို့ စိတ်ကူးထားတဲ့ အိုင်ဒီယာပါပဲ။ လက်ရှိ Home Kit ဟာ ဒီအိုင်ဒီယာကိုမှ အခြေတည်ပေါ်ပေါက်လာတာပါ။ လက်ရှိအချိန်မှာဆိုရင် Apple ဟာ iOS ကို ကားတွေရဲ့ information system နဲ့ ဖျော်ဖြေရေးစနစ်တွေအတွက် CarPlay ကို ဖန်တီးနေတာမို့၊ ကားတွေတင်မက အိမ်တွေမှာပါ ဒီအိုင်ဒီယာကို ပြန်လည်အသုံးချသွားဖို့ရှိပါတယ်။

လက်ရှိသိထားသလောက်ကတော့ Apple ဟာ သူ့ကိုယ်ပိုင်အဲယားကွန်း၊ ရေခဲသေတ္တာ၊ အ၀တ်လျှော် စက်တွေ ထုတ်လုပ်သွားမယ့် အစီအစဉ်တော့ရှိပုံမရပါဘူး။ Third party တွေကပဲထုတ်လုပ်သွားမှာပါ။ အဓိကကတော့ အခုပြုလုပ်နေတဲ့ Made for iPhone/iPad အစီအစဉ်ပုံစံအတိုင်းပဲသွားဖို့များပါတယ်။ Apple အနေနဲ့ သူ့စနစ်နဲ့ကိုက်ညီတဲ့ device တွေကို approve လုပ်ပေးသွားမှာဖြစ်ပြီး HomeKit ကနေတဆင့် ဒီ device တွေကို ထိန်းချုပ်သွားနိုင်ဖို့ကို အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီ product တွေကိုလည်း Apple ကနေပဲ သူ့ရဲ့ Apple Store အပါအ၀င် အခြားနာမည်ကြီး Store တွေမှာရောင်းချသွားမှာပါ။ လက်ရှိထုတ်ထားတဲ့ device တွေအတော်များများဟာ Apple ရဲ့ HomeKit App နဲ့ အမှန်တကယ်ချိတ်ဆက်ပြီး အလိုအလျောက် update ပြုလုပ်နိုင်စွမ်းလည်းရှိကြမှာဖြစ်ပါတယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment