ထက်ထက်ထွန်း နဲ့ ထက်ထက်ဝင်း








လက်ရှိမှာ Journal, Mgagazine တွေရိုက်နေတယ်။ ပြီးတော့ ကြော်ငြာရိုက်ဖို့ရှိတယ်။ Hello Ladies ကိုလည်း လစဉ်ပုံမှန်ရိုက် ပေးနေတယ်။
ထက်ထက်ထွန်း

Miss Universe ပြိုင်ပွဲအတွက် အဓိကတော့ Body Beauty ပေါ့။ အခုဆို Balance မှာ Gym သေချာ ဆော့ဖြစ်နေတယ်။
Miss Universe ပြိုင်ပွဲအတွက် အဓိကတော့ Body Beauty ပေါ့။ အခုဆို Balance မှာ Gym သေချာဆော့ဖြစ်နေတယ်။ သွားပြိုင်ရမယ့်နိုင်ငံကို အတိအကျမသိရသေးဘူး။ ဖိလစ်ပိုင်လို့တော့ကြား တယ်။ ဒီ Languge ပိုင်းနဲ့ပတ်သက်ပြီး ပိုလေ့လာသွားမှာပါ။ National costume အတွက် ထက်တို့ရဲ့  National director ရယ်၊ ဒီဇိုင်နာရယ် တိုင်ပင်ပြီး ရုပ်သေးမင်းသမီး ပုံစံသင်ပေးမယ်လို့ ရွေးချယ်ကြတယ်။ ထက်ထက်လည်း စိတ်ဝင်စားတာပါတယ်။ ပုံစံတော့ထွက်မလာသေးဘူး။ ဒါပေမဲ့ အားလုံးမျှော်လင့် ထားသလိုပဲ ထက်လည်းမျှော်လင့်ထားပါတယ်။ Talent အတွက်ကိုတော့ DJ လုပ်ဖို့ စဉ်းစားထားတယ်။ DJ က လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကတည်းက ထက်သင်ထားပြီးသား။ မြန်မာနိုင်ငံကဆိုရင် မိန်းကလေးထဲမှာ DJ မရှိသေးဘူးလေ။ International မှာ DJ ဆိုပြီး ပေါက်မြောက်တာ လက်ချိုးရေလို့ ရတယ်ဆိုတော့ ဒီပညာ တစ်ခုကို မြန်မာအမျိုးသမီးတွေလည်းတတ်ပါတယ်ဆိုပြီး လက်မထောင်ပြီး သွားပြချင်တာပေါ့။

မိန်းကလေးနှစ်ယောက် မင်္ဂလာဝတ်စုံရိုက်ကူးရင် လူတော်တော်များများက Iesbian တို့   Gay တို့ ထင်ကြတယ်။
မိန်းကလေးနှစ်ယောက်မင်္ဂလာဝတ်စုံရိုက်ကူးရင် လူတော်တော်များများက Iesbian တို့ Gay တို့ ထင်ကြတယ်။ ထက်တို့ညီမနှစ်ယောက်အားသာချက်က ဒီလိုမျိုးလုပ်ခွင့်ရှိတယ်။ ညီမတွေဖြစ်နေတဲ့အတွက် ချစ်စရာကောင်းတဲ့အမြင်နှစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ထက်လည်းတွဲရိုက်ရတာေ ပျာ် တယ်။ ကြည်နူးတယ်။ သူနဲ့ကိုယ်နဲ့က Model Field ထဲမှာအလုပ်တစ်ခုတည်းလုပ်နေတယ် ဆိုပေမယ့် သူ့အလုပ် ကိုယ့်အလုပ်နဲ့ ဆုံဖြစ်တဲ့အချိန်ကနည်းတယ်။ ဒါ ထက်တို့ ညီနနှစ်ယောက်အလုပ် အတူတူ လုပ်ရဖို့  Shape ကနေ စီစဉ်လိုက်တဲ့အခါကျတော့ ညီမနှစ်ယောက်ဆက်ဆံရေးကလည်း ချစ်စရာကောင်း သွားတယ်။

 Sister’s Day အတွက် ညီမနှစ်ယောက်အပျော်လေးတွေ ရိုက်ဖူးတယ်
အရင်ကတော့ Sister Day အတွက် ညီမနှစ်ယောက်အပျော်လေးတွေရိုက်ဖူးတယ်။ မင်္ဂလာဆောင်ပုံ တော့ တစ်ခါမှမရိုက်ဖူးသေးဘူး။ ညီမကအတွေ့အကြုံမရှိဘူး။ ဒါပေမဲ့ ဒီလောကထဲမှာ ဆိုတော့ မင်္ဂလာဆောင် ရင် မိန်းမတွေဘာတွေက တစ်နှစ်လောက်ကြိုပြီး Booking ယူရတယ်လို့ထင် တယ်။ အဲဒါမှလည်း လိုချင်တဲ့ အချိန်၊ ရက်ရကြမှာ။ မိတ်ကပ်ဆိုလည်း ၆လ၊ ၁ နှစ်လောက်ကြိုချိန်းနိုင်ရင် အကောင်းဆုံးပါ။ ဒီဇိုင်းတွေ ဘာတွေကတော့ တစ်နှစ်လောက်ကြိုပြီးရွေးလိုက်ရင် ကိုယ်တကယ် မင်္ဂလာဆောင်ဝတ်မယ့်အချိန်ကျရင် ဒိတ်အောက် သွားတာပေါ့။

မင်္ဂလာပွဲမှာ သတို့သမီးအတွက် အရေးကြီးဆုံးက သူလုပ်ချင်တာကို လုပ်ခွင့်ရဖို့ပါပဲ။
မင်္ဂလာပွဲမှာသတို့သမီးအတွက် အရေးကြီးဆုံးက သူလုပ်ချင်တာကို လုပ်ခွင့်ရဖို့ပါပဲ။ (ရယ်လျက်) ဘယ်ဟာရယ်လို့တော့ ခေါင်းစဉ်မတပ်ချင်ဘူး။ သတို့သမီးဆိုတာ ဘေးပတ်ဝန်းကျင်က ပြောတာကိုရော သူဖြစ်တာတွေရော တွေးနေရတာ။ အမြဲတမ်းပြောင်းလဲနေတာပေါ့။ အမြဲတမ်းပြောင်းလဲနေတာ အကုန်လုံးကို ဖြစ်ချင်တဲ့အတိုင်းကိုဖြစ်ရဖို့က အရေးကြီးဆုံးပဲ။ သတို့သားတစ်ယောက်အတွက် အရေးကြီးဆုံးကဘာလဲဆိုရင် သတို့သမီးအကြိုက်နဲ့တူဖို့ကအရေး ကြီးဆုံးပဲ။

ရိုက်ခဲ့သမျှမင်္ဂလာဝတ်စုံတွေနဲ့ဆိုရင် အဖြူရောင်တစ်ခါမှမ၀တ်ဖူးသေးဘူး။ တကယ်ဆောင်တဲ့နေ့ကျမှ အကြီးကြီးကို ၀တ်ပစ်ဦးမယ်။
ရိုက်ခဲ့သမျှမင်္ဂလာဝတ်စုံတွေနဲ့ဆိုရင် အဖြူရောင်တစ်ခါမှမ၀တ်ဖူးသေးဘူး။ တကယ်ဆောင်တဲ့နေ့ ကျမှ အကြီးကြီးကိုဝတ်ပစ်ဦးမယ်။ စိတ်ကူးထဲက မင်္ဂလာပွဲဆိုရင် ထက်ကအနုပညာနဲ့လည်း ဆက်စပ်နေ တယ်။ ပွဲတွေလည်းလုပ်တာဆိုတော့ တခြားရိုးရိုးပွဲတွေနဲ့မတူဘဲ ပွဲကြီးတစ်ခုစီစဉ်သလိုမျိုး Planner လိုမျိုး တွေးဖူးတယ်။ ငယ်ငယ်က စဉ်းစားဖူးတာတော့ ရှိရှိသမျှသတို့ သမီးဂါဝန်တွေ၊ ၁၂စုံလောက်ဝတ်မယ်။ အဲဒါတွေကိုအပိုင်လိုချင်တယ်လို့ ငယ်ငယ်တုန်းကတွေးတယ်။ ကြီးလာတော့ အဲဒီလိုမျိုးမဟုတ်ပေမယ့် Dinner ပွဲကိုကပြီး လုပ်ချင်တာ။ စုံတွဲတွေအများကြီးနဲ့ ပြောရရင် စင်ဒရဲလားလို မင်းသားလေးနဲ့ကသလို ခန်းမကြီးထဲမှာကချင်တယ်။ မြန်မာပွဲဆောင်ရင်လည်း ဆင်စီးမြင်းရံပြီးတော့ ထွက်ချင်တာ(ရယ်လျှက်)။ ရှင်ဘုရင်တွေ နန်းတက်တဲ့ပုံစံ ခမ်းခမ်းနားနားမြန်မာဆန်ဆန် အငွေ့အသက်တွေနဲ့ပေါ့။ 

ဘယ်လိုအချိန်ဆောင်မယ်ဆိုတာတော့ မစဉ်းစားဖူးဘူး။ သေချာတာကတော့ ကိုယ့်မွေးနေ့၊ မွေးရက်၊ Anniversary မဟုတ်တဲ့နေ့မှာဆောင်မယ်။ ရက်ခြင်းထပ်သွားရင်ပွဲလုပ်ရတာ နည်းသွားမှာစိုးလို့။
မင်္ဂလာမောင်နှံတွေအတွက် ဆုတောင်းစကားဆိုရင် မင်္ဂလာဆောင်အတွက် ရည်ရွယ်ပြီးတဲ့အချိန်ကစပြီး နှစ်ဦးနှစ်ဖက်တိုင်တိုင်ပင်ပင်နဲ့ ဒီမဂင်လာပွဲကိုအေးအေးချမ်း ချမ်းလေးဖြစ်အောင် ဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်လုံးကို စနစ်တကျစီစဉ် ဖြစ်အောင် ပုံဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။  

ထက်ထက်ဝင်း
လတ်တလောမှာတော့ Bwin  ကြော်ငြာရိုက်ဖြစ်ထားတယ်။ Show တွေအစုံလျှောက်ဖြစ်တယ်။  Show လျှောက်တာများပါတယ်။
ညီမနှစ်ယောက် Wedding Dress နဲ့ရိုက်ရတာထူးခြားတယ်။ စုံတွဲရိုက်ရင်ယောက်ျားလေးတွေနဲ့ ရိုက်ရတာ များတယ်။ ညီမနှစ်ယောက်ရိုက်ရတာ အမှတ်တရလည်းဖြစ်တယ်။ ဆန်းတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ အင်္ကျီကလည်းအရောင်ကအကြိုက်တူတယ်။ ကိုယ်ကြိုက်ပြီဟေ့ဆို သူကလည်းကြိုက်ပြီ။ ငယ်ငယ်ကတည်းက အင်္ကျီကအမြဲတမ်းလုရတယ်။

မင်္ဂလာပွဲပြင်ဆင်ဖို့ ကာယကံရှင်အပေါ်မူတည်တာပေါ့။
မင်္ဂလာပွဲပြင်ဆင်ဖို့ ကာယကံရှင်အပေါ်မူတည်တာပေါ့။ ရိုးရိုးပဲလုပ်လိုက်ချင်တယ်ဆိုရင်လည်း စီစဉ် ရတာမြန်တာပေါ့။ တစ်ပွဲလုံးအပ်လိုက်တော့လည်း ခေါင်းစားသက်သာတာပေါ့။ သေသေချာချာ ခမ်းခမ်းနားနား လုပ်ချင်တယ်ဆိုရင် အချိန်ပိုပေးရမယ်လို့ထင်ပါတယ်။

မင်္ဂလာပွဲမှာအရေးအကြီးဆုံးဆိုရင် သတို့သားသတို့သမီးပေါ့။
မင်္ဂလာပွဲမှာအရေးအကြီးဆုံးဆိုရင် သတို့သားသတို့သမီးပေါ့။ သူတို့မပါပဲဆောင်လို့မရဘူးလေ။ ညီမအတွက်ဆိုရင်တော့ Wedding Dress ပေါ့။ မိန်းကလေးဆိုတော့ ပိုပြီးဧည့်သည်တွေကလည်း မင်္ဂလာဆောင်လာရင်ကြည့်ကြမှာ ဒါပဲပေါ့။ဝတ်ချင်တာကတော့ အနောက်တိုင်းပုံစံလေးဝတ်ချင်တယ်ရှင့်။ မြန်မာလိုလည်း ၀တ်ချင်ပြန်ရော။ ၂ခါ ထွက်လို့ရရင် ၂ခါ၊ ၃ခါထွက်လို့ရရင် သုံးခါထွက်ချင်ပါတယ်။ သတို့သားအတွက် အရေးအကြီးဆုံးဆိုရင် သတို့သမီးလှဖို့ပေါ့။ မင်္ဂလာပွဲမှာအရေးအကြီးဆုံးဆိုရင် သတို့သားသတို့သမီးပေါ့။

Wedding Dress နဲ့ရိုက်ရင် အမှတ်တရက စိတ်ထဲမှာတင်မကဘူး။ ခန္ဓာကိုယ်မှာလည်း ကျန်ခဲ့ပါတယ်။ ညောင်းပြီးတော့ပေါ့။
Wedding Dress နဲ့ရိုက်ရင် အမှတ်တရက စိတ်ထဲမှာတင်မကဘူး။ ခန္ဓာကိုယ်မှာလည်းကျန်ခဲ့ပါတယ်။ ညောင်းပြီးတော့ပေါ့။(ရယ်လျှက်) အိမ်ရောက်ရင် ဒါကိုပရုတ်ဆီလိမ်းရတယ်။ တခါ Wedding Show နဲ့ Wedding Shootin  နဲ့ဝတ်သွားတာ။ တစ်နေ့လုံးကို ၁၁ ထည်ဝတ်ရတယ်။ အဲဒီနေ့ကတော့ လုံးဝအမှတ်တရ ပါပဲ။

သူများတွေဆောင်ရင် အားကျတာကတော့ Out door လေးအားကျတယ်။
မင်္ဂလာဆောင်ရင် သူများတွေဆောင်ရင်အားကျတာကတော့ Outdoor လေးအားကျတယ်။ လေလေးတဖြူးဖြူးလေးနဲ့ romance ဖြစ်တဲ့ပုံစံလေးပေါ့။ ကိုယ့်အလှည့်မင်္ဂလာဆောင်ရင် ထူးထူးဆန်းဆန်း အနေနဲ့ သင်္ဘောပေါ်မှာဆောင်ဖို့တွေးမိတယ်။ ဧည့်သည်တွေလည်းပြန်လို့မရတော့ဘူး။ တစ်ခါတည်းသင်္ဘော ပေူမှာ။ သင်္ဘောကလည်းသွားနေတယ်။ ရှုခင်းတွေကလည်းအမြဲတမ်း ပြောင်းနေတာမျိုးပေါ့။  


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment