တင်ပါးကြီးတဲ့
မိန်းမပျိုလေးတွေအတွက် ဂျင်းဘောင်းဘီဆိုတာ လိုက်ဖက်တဲ့ဖက်ရှင်အဖြစ် သိပ်မတွေ့ရပါ ဘူး။
ကာဒေရှီယန်လို တင်ပါးကြီးကြီးလှလှ ဆယ်လီဘရစ်တီကို အားလုံးသိကြလိမ့်မယ်ထင်ပါတယ်။ သူကတော့
ဆယ်လီဘရစ်တီတစ်ဦးဖြစ်လို့ ကိုယ်တင်ပါးနဲ့လိုက်ဖက်မယ့် ဂျင်းဘောင်းဘီဖက်ရှင်မျိုးတွေကို
ရွေးချယ်ဝတ်ဆင်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ တင်ပါးထွားတဲ့ သာမန်မိန်းကလေးတွေဟာ
ဂျင်းဘောင်းဘီဝတ်ရင် သိပ်ကြည့်မကောင်းတာတွေ့ရပါတယ်။ တင်ပါးထွားတယ်ဆိုတာ အ၀လွန်တာ မျိုးကိုဆိုလိုတာမဟုတ်ဘဲ
တင်ပါးကားထွက်နေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီတော့ တင်ပါးထွားသူတွေ အတွက် အကောင်းဆုံးဂျင်းဖက်ရှင်တွေကို
ဖော်ပြပေးချင်ပါတယ်။ အဲဒီဂျင်းဖက်ရှင်တွေအနက် အခြေခံ လူတန်းစားတွေအထိပါ ၀တ်ဆင်နိုင်မယ့်ပုံစံမျိုးတွေကို
ရွေးချယ်ပေးလိုက်ပါတယ်။
လိုက်ဖက်တဲ့
ဂျင်းဖက်ရှင်
အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်
တင်ပါးကြီးတဲ့မိန်းကလေးတွေအတွက် ဖရိုဖရဲဖြစ်နေတဲ့ ဂျင်းဘောင်းဘီ က အသင့်တော်ဆုံးလို့
ထင်စရာရှိပါတယ်။ ဂျင်းဘောင်းဘီအနောက်အိတ်မှာ အဖတ်လိုက်လေးတွေလို ကျနေတာလေးတွေက ကိုယ့်ရဲ့တင်ပါးကြီးမှုကို
ဖုံးထားပေးတယ်လို့ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဖက်ရှင် သဘောအရကြည့်မယ်ဆိုရင်တော့ အဲဒီလိုဂျင်းဘောင်းဘီမျိုးတွေနဲ့
တင်ပါးကြီးတဲ့ မိန်းကလေးတွေ ကိုကြည့်ရတာ မသင့်တော်လှပါဘူး။ တစ်ခါတလေ တင်ပါးကြီးတဲ့ ကိုယ့်ရဲ့ကိုယ်ခန္ဓာကို
ရှင်းရှင်း လင်းလင်းဖြစ်နေစေတာက ပိုပြီးကောင်းမွန်နိုင်ပါတယ်။ ချုပ်ရာမရှိ၊ အိတ်တွေမပါတဲ့
ဂျင်းဘောင်းဘီတွေက တင်ပါးကြီးတဲ့သူတွေအတွက် အသင့်တော်ဆုံး ဂျင်းဖက်ရှင်ဖြစ်ပြီး တစ်ခါတလေ
ခေတ်မမီတော့တဲ့ ဂျင်းဘောင်းဘီတွေကိုဝတ်ဆင်မယ်ဆိုရင် အဲဒီလိုမျိုးမဖြစ်ဖို့က အရေးကြီးပါတယ်။
ဂျစ်ပစီစတိုင်
ဂျင်းဘောင်းဘီ
ဒါကတော့ အများစုမေ့လျော့နေကြတဲ့
အကောင်းဆုံးဂျင်းဘောင်းဘီဖက်ရှင်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တင်ပါးကြီးတဲ့သူတွေအတွက်
ကပိုကရိုသဘောမျိုးဆန်တဲ့ ဂျစ်ပစီစတိုင်ဂျင်းဘောင်းဘီနဲ့ အသင့်တော် ဆုံးဖြစ်ပါတယ်။ အမြင်မှာတော့
ဟိုနားပြဲ ဒီနားပြဲနေတဲ့ ဂျစ်ပစီစတိုင် ဂျင်းဘောင်းဘီက မျက်စိရှုပ် စရာဖြစ်ပေမယ့် တကယ်တမ်းဝတ်ကြည့်တဲ့အချိန်မှာတော့
ကိုယ့်ရဲ့တင်ပါးကြီးမှုက အဲဒီဂျင်းဘောင်းဘီနဲ့မှ ပိုမိုကြည့်ကောင်းသွားတာကို တွေ့နိုင်ပါတယ်။
တကယ်လို့ ကိုယ့်ရဲ့တင်ပါးက အောင်ကိုတွဲကျနေတာမျိုး မဟုတ်ရင် အဲဒီဂျင်းဘောင်းဘီကို ခပ်တင်းတင်းဝတ်ဆင်ရမှာဖြစ်ပြီး
တကယ်လို့ တင်ပါးက အောက်ကို အနည်းငယ်တွဲကျနေမယ်ဆိုရင် ဂျစ်ပစီဂျင်းဘောင်းဘီကို ခါးအောက်ကနေ
လျော့လျော့ရဲရဲ ၀တ်ဆင်သင့်ပါ တယ်။
ကြယ်သီး(၆)လုံးဘောင်းဘီ
နောက်ဆုံးအနေနဲ့
ကြယ်သီး (၆)လုံး ဂျင်းဘောင်းဘီကို ညွှန်းချင်ပါတယ်။ အဲဒီဘောင်းဘီဟာ ၀တ်ဆင်သူကို စတိုင်ကျလှပစေသလို
အမြင်မရိုင်းတဲ့ စတိုင်တစ်မျိုးလည်းဖြစ်ပါတယ်။ အောက်ခြေအနားမှာ ဖွာလန်ကျဲနေတာတွေက ကိုယ့်ရဲ့တင်ပါးကြီးမှုကို
မသိမသာဖုံးကွယ်စေနိုင်သလိုခါးအောက်မှာဝတ်ဆင်ရတာဖြစ်လို့ တင်ပါးကြီးတာလည်း သိပ်မသိသာတော့ပါဘူး။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment