ခင်အင်ကြင်းကျော် နဲ့ခဏတာတွေ့ဆုံခြင်း












Professional ဆိုတာကတော့ မိမိလျှောက်လမ်းတဲ့လမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်တဲ့လူတွေ ကို ခေါ်တာပါ…
ခင်အင်ကြင်းကျော်

ချိန်ခွင်ရုပ်ရှင်ဇာတ်ကားကို အနုပညာမောင်နှမတွေနဲ့အတူ ထိုင်းမှာသွားရိုက်ဖို့ရှိပါတယ်"""
လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ညီမ Show တွေလျှောက်တယ်။ Journal တွေ Magazine တွေရိုက်ဖြစ်တယ်။ ပါဝါကင်းရုပ်ရှင်ရိုက်ကူးရေးကနေ ရိုက်ကူးနေတဲ့ ချိန်ခွင်ရုပ်ရှင်ဇာတ်ကားကို အနုပညာ မောင်နှမတွေနဲ့အတူ ထိုင်းမှာသွားရိုက်ဖို့ရှိပါတယ်။ အနုပညာလောကထဲကို ၀င်လာဖြစ်ပုံက ဆရာဂျွန်လွင် Star & Model INTL Agency မှာ သင်တန်းတက်တယ်။ ဦးနိုင်ဆီမှာ ဓာတ်ပုံစရိုက်တယ်။ ပြီးတော့ ပြိုင် ပွဲတွေယှဉ်ပြိုင်ရင်း ၀င်ရောက်ဖြစ်ခဲ့တာပါ။

ငယ်ကစကားနည်းလို့အနိုင်ကျင့်ခံ ရတာမျိုးတော့ရှိတယ်"""
ညီမက ရန်ကုန်ဇာတိပါပဲ။ ညီမမှာမိသားစုလေးယောက်ရှိတယ်။ မွေးချင်းအစ်မ တစ်ယောက်ရှိ တယ်။ ညီမကငယ်ငယ်တုန်းက ပညာရေးမှာ ပုံမှန်လေးပါပဲ။ အရမ်းထူးချွန်တာမျိုး တော်တာမျိုးမရှိဘူး။ ငယ်ငယ်က စကားနည်းလို့ အနိုင်ကျင့်ခံရတာမျိုးတော့ရှိတယ်။

အမေရှေ့မှာ လူတော်တစ်ယောက်လို့ ချီးမွမ်းတာခံချင်တယ်…
ညီမကို မော်ဒယ်တစ်ယောက်ဖြစ်လာဖို့ တွန်းအားဆိုရင် ညီမအစ်မလို့ ပြောလို့ရပါတယ်။ အမေရှေ့မှာ လူတော်တစ်ယောက်လို့ ချီးမွမ်းတာခံချင်တယ်။ ရဖူးချင်တယ်။ အဲဒါကြောင့် မော်ဒယ် သင်တန်းတက်တုန်းက အမေပဲသိတယ်။ အဲဒီတုန်းကမုန့်ဖိုးစုပြီး တက်ရတာပါ။ ကျောင်းကလည်း ပထမနှစ် တက်နေရတုန်းကြီးပေါ့။ မုန့်ဖိုးလည်း များများစားစားမရပါဘူး။ လွန်ခဲ့တဲ့ ၃နှစ် ပေါ့။ သင်တန်းသွားဖို့ Taxi ခရယ်၊ Lotteria မှာ ကြက် ကြော်စားဖို့တောင်ပိုက်ဆံစုရတယ်။ အနုပညာသက်တမ်းဆိုရင် သင်တန်း ဆင်းတာနဲ့ စလုပ်ဖြစ်တယ်ဆိုရင် နှစ်နှစ်ခွဲကျော်ပါပြီ။

အခက်အခဲတွေ သင်ခန်းစာတွေအများကြီးရခဲ့သလို ဆရာသမားကောင်းတွေ မိတ်ဆွေကောင်းတွေ လည်း အများကြီး ရခဲ့ပါတယ်…
ဒီသုံးနှစ်လောက်အတွင်းမှာရှိခဲ့တဲ့ အခက်အခဲတွေကတော့အများကြီးပေါ့နော်။ အခက်အခဲတွေ သင်ခန်းစာတွေအများကြီးရခဲ့သလို ဆရာသမားကောင်းတွေ မိတ်ဆွေကောင်းတွေလည်း အများကြီးရခဲ့ ပါတယ်။ မှတ်မှတ်ရရအနေနဲ့ Bo Bo Enternational ကလုပ်တဲ့ ကန်တော်ကြီးရှိုးမှာ မော်ဒယ်တစ်  Round ပါတယ်။

အမေ့ကိုခေါ်ပြီးကြည့်ခိုင်းတာ လူတွေအများကြီးထဲမှာ အမေ့ကိုတွေ့အောင်ရှာခိုင်းတယ်။ Miss Tourism Queen of The Year Lant’ l Myanmar 2016 အဖြစ်နဲ့ ဒီ Tourism ပွဲကြီးကို နိုင်ငံပေါင်း ၆၀ ကျော်နဲ့အတူယှဉ်ပြိုင်ခဲ့ပါ တယ်…
တခါအမေ့ကိုခေါ်ပြီးကြည့်ခိုင်းတာ လူတွေအများကြီးထဲမှာ အမေ့ကိုတွေ့အောင်ရှာခိုင်းတယ်။ စင် ပေါ်ကနေအမေ့ကိုရယ်ပြခဲ့တယ်။ ပြိုင်ပွဲတွေပြိုင်တော့လည်း အမှတ်တရတွေ အတွေ့အကြုံတွေ အများကြီးရ ခဲ့ပါတယ်။ အခုနောက်ဆုံး ညီမတီချယ်လှနုထွန်း Style Plus H ကနေ စေလွတ်ခဲ့တဲ့ပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ သွားရောက်ပြီးယှဉ်ပြိုင်ခဲ့ပါတယ်။ Miss Tourism Queen of The Year Lant ‘ l Myanmar 2016 အဖြစ်နဲ့ ဒီ Tourism ပွဲကြီးကိုနိုင်ငံပေါင်း ၆၀ ကျော်နဲ့အတူ ယှဉ်ပြိုင်ခဲ့ပါတယ်။ အတွေ့အကြုံတွေ အခက်အခဲတွေပင်ပန်းတာတွေ အများကြုံခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်ရော မိဘအတွက်ရော ယုံကြည်ပြီးယှဉ်ပြိုင်ခွင့်ပေးခဲ့တဲ့ တီချယ်လှနုနဲ့ ဆရာဖြိုးပိုင်အတွက်ပါ ဆုတစ်ခုယူလာနိုင်လို့ အရမ်းဝမ်းသာ ပါတယ်။ ညီမရခဲ့တာက Best In Evening Wear 2016 ရရှိခဲ့ပြီးတော့ Best Talent Top 5 မှာ ပါဝင်ခဲ့ပါတယ်။ Final ညမှာ China America Chez Republic နိုင်ငံနဲ့အတူ သီချင်းဆို အကောင်းဆုံးဆိုပြီး ပြန်လည်သီဆိုခွင့်  ရရှိခဲ့ပါတယ်။

အရည်အချင်းတကယ်ရှိတဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်ချင်ပါတယ်…
အနုပညာနဲ့ပတ်သက်တဲ့ရည်မှန်းချက်ကတော့ အခုအချိန်မှာအနုပညာ ၀မ်းစာမပြည့်သေးတဲ့အတွက် ရုပ်ရှင်ဘက်ကိုတော့ မလုပ်ချင်သေးပါဘူး။ အရည်အချင်းတကယ်ရှိတဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ပဲ ရပ် တည်ချင်ပါတယ်။

Junior တွေကိုလည်း  Respect ပေးပါတယ်…
ညီမပဲကံကောင်းတာလားလို့ ပြောရမယ်။ ညီမသူများဆီက Negative Things တွေကိုမယူလာတတ် ဖူး။ Sanior တွေကိုလည်း Respect ပေးတယ်။ Junior တွေကိုလည်း Respect ပေးပါတယ်။ အဲဒီ ဆက်ဆံရေး တွေနဲ့ပတ်သက်လို့ကတော့ ညီမအတွက် အခက်အခဲမရှိပါဘူးရှင့်။

Social Media/ Online Media တွေက ညီမပြောချင်တဲ့ အချက်အလက်တွေ Message တွေကိုအမြန်ဆုံးနဲ့ အသွက်လက်ဆုံးကျယ်ပြန့် နိုင်တယ်။ Broactast Media ကတော့ လှုပ်ရှားမှုအလှအပနဲ့ ကြည့်ရှုသူတွေကို ပိုမိုထိတွေ့စေပါတယ်။ Printed Media ကတော့ တစ်ပြည်လုံအတိုင်းအတာနဲ့ ပြန့်နှံ့မှုရှိတယ်…
Media သုံးမျိုးစလုံးကတော့ ညီမကို အထောက်အပံ့ကောင်းတွေပေးနေတဲ့ Media တွေပါပဲ။ ဒါပေမဲ့ Social Media/ Online Media တွေက ညီမပြောချင်တဲ့ အချက်အလက်တွေ Message တွေကိုအမြန်ဆုံးနဲ့ အသွက်လက်ဆုံး ကျယ်ပြန့်နိုင်တယ်။ Broactast Media ကတော့ လှုပ်ရှားမှုအလှအပနဲ့ကြည့်ရှုသူတွေ ကိုပိုမိုထိတွေ့စေပါတယ်။ Printed Media ကတော့ တစ်ပြည်လုံအတိုင်းအတာနဲ့ ပြန့်နှံ့မှုရှိတယ်။ ဥပမာပြောရရင်ညီမပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေရလဒ်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဂျာနယ်တွေနဲ့သတင်းစာတွေမှာ ဖော်ပြခွင့်ရတာက ပြည်သူဆီပရိသတ်ဆီ ပိုပြီးမှတ်မှတ်ရရရှိပါတယ်။ ဒါကြောင့်မို့လို့ Printed Media ကို ပိုအားကိုးတယ်။ အဲဒီသုံးမျိုးစလုံးက ညီမကို ခင်အင်ကြင်းကျော်ဆိုပြီး သိလာစေပါတယ်။

ပြိုင်ပွဲသွားတုန်းကလည်း ညီမ NC နဲ့ပတ်သက်ပြီး ဝေဖန်ခံရမှုတွေအများကြီးရှိတယ်။ အဲဒီလိုဖိအားတွေ ကြောင့်လည်း ပိုကြိုးစားခဲ့တယ်…
အားပေးတဲ့ပရိသတ်ကိုရော ဝေဖန်ပေးတဲ့ပရိသတ်ကိုရော ညီမကျေးဇူးတင်တယ်။ ပြိုင်ပွဲသွားတုန်း ကလည်း ညီမ NC နဲ့ပတ်သက်ပြီး ဝေဖန်ခံရမှုတွေအများကြီးရှိတယ်။ အဲဒီလိုဖိအားတွေကြောင့်လည်း ပို ကြိုးစားခဲ့တယ်။ ကြိုးစားဖို့ မမေ့ခဲ့ဖူးလို့ထင်ပါတယ်။
 အနုပညာရှင်တစ်ယောက်ဖြစ်လို့ ငယ်ဘ၀ဆုံးရှုံးသွားတာမျိုးမရှိပါဘူး။ ဘာလို့လည်းဆို ဒီလမ်းကို ညီမသဘောနဲ့ ညီမလျှောက်ခဲ့တာဆိုတော့ မိန်းကလေးတစ်ယောက် လုပ်သင့်တာမလုပ်သင့်တာမှန်သမျှရယ်၊ အမှားရယ်၊ အမှန်ရယ်ခွဲခြားပြီးလျှောက်ပါတယ်။  Modelling Life မှာ ကိုယ်အတုယူခဲ့တာဆိုရင် နိုင်ငံတကာ ဆိုရင် Gi Gi Hadid ကိုကြိုက်တယ်။ သူကကြိုးစားတယ်။ Normal ဖြစ်တယ်။ အဲဒါတွေကြောင့်ပါ။ ပြည်တွင်းမှာ ဆိုရင် မိုးဟေကိုအရမ်း ကြိုက်တယ်။

Professional ဆိုတာကတော့ မိမိလျှောက်လမ်းတဲ့လမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်တဲ့လူတွေ ကိုခေါ်တာပါ…
Professional ဆိုတာကတော့ မိမိလျှောက်လမ်းတဲ့လမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်တဲ့ လူတွေကိုခေါ်တာပါ။ Professional Model တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်ချက်တွေအများကြီး ရှိပါတယ်။ ညီမအနေနဲ့လည်း Professional လမ်းကြောင်းကိုရောက်ဖို့ကြိုးစားနေဆဲပါ။ အားနည်းချက်တွေ လိုအပ်ချက်   တွေကို နိုင်ငံတကာရော ညီမအရှေ့က Model တွေဆီကပါကြိုးစားဖြည့်ဆည်းသင်ယူနေပါတယ်။ ဒါမှလည်း တစ်နှစ်တစ်ကြိမ်မှာ Professional လမ်းကြောင်းပေါ်ကို ရောက်ဖို့ကြိုးစားနေပါတယ်။

ညီမကိုအားပေးနေတဲ့ ပရိသတ်တွေကိုလည်း ညီမရဲ့ လိုအပ်ချက် အားနည်းချက်တွေကို ဝေဖန်ပါ အကြံပေးပါ…
ညီမကိုအားပေးနေတဲ့ ပရိသတ်တွေကိုလည်း ညီမရဲ့လိုအပ်ချက် အားနည်းချက်တွေကို ဝေဖန်ပါ အကြံပေးပါ။ ညီမဘက်ကလည်း လိုအပ်ချက်နဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပြီးတော့ အတတ်နိုင်ဆုံး ကြိုးစားပေးသွား ပါ့မယ်ရှင့်။
အခုလို ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ပေးတဲ့ Shape journal ကိုလည်း ကျေးဇူးအများကြီးတင်ပါ တယ်ရှင့်။      
Share on Google Plus

0 comments:

Post a Comment