သွားလာရေး အဆင်ပြေသွားအောင်လို့ တံတားတွေ နှစ်ထပ်သုံးထပ်နဲ့ ဖြစ်စေချင်ပါတယ်
ခင်လပြည့်ဇော်
အခု စီးနေတဲ့ကားက Toyota အမျိုးအစားပါ။
ကားကတော့ မိဘတွေ သူတို့စိတ်တိုင်းကျ ၀ယ်ကြ တာပါ။ ညီမ ရွေးချယ်ဖြစ်တာတော့ မဟုတ်ပါဘူး။
ညီမက ပြိုင်ကားတွေကိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ပြိုင်ကားနဲ့ကျတော့ ဘယ်လိုမှ အဆင်မပြေလို့
ဘယ်တော့မှ ၀ယ်ဖြစ်မှာမဟုတ်ဘူး။
ပြိုင်ကားကြိုက်ပေမယ့် တစ်မျိုးတည်းကို
သီးသန့်ကြိုက်တာမျိုး မရှိပါဘူး။ ပြိုင်ကားတွေကို သိပ်တော့ မသိဘူး။ လှရင်တော့ ကြည့်မိလိုက်တာပေါ့။
အမျိုးအစားကို လေ့လာထားတာတော့ မရှိပါဘူး။ ဒီကားလေးလှ တယ်၊ မိုက်တယ်လို့ သူငယ်ချင်းတွေကပြရင်တော့
ကြည့်ဖြစ်တယ်။
ရန်ကုန်မှာ သွားရေးလာရေး ခက်ခဲလာတဲ့အခါ
အလုပ်ကိစ္စနှောင့်နှေးတာတွေတော့ အရမ်းကို ကြုံရပါတယ်။ ညီမတစ်ယောက်တည်းမှ မဟုတ်ပါဘူး။
အကုန်လုံးလည်း ကြုံနေရပါတယ်။ အရင်က ညီမ တို့ သွားချင်တဲ့ခရီးကို နာရီဝက်လောက်ကြိုထွက်ရင်
ရောက်တယ်။ အခုတော့ တစ်နာရီခွဲ နှစ်နာရီလောက် ကြိုထွက်မှ သွားချင်တဲ့နေရာကို ရောက်ပါတယ်။
တစ်ညတည်းမှာ ပွဲနှစ်ခုရှိရင် ကားတွေကလည်း တအားကျပ်၊ ပွဲကို ကိုယ်က အပြေးသွားလို့ လည်း မရတော့
ကားပေါ်မှာချွေးတွေပြန်ပြီး စိတ်ကသိကအောက် အရမ်းဖြစ်ရ တယ်။ ကားတန်းကြီးကိုကြည့်ပြီး
ပွဲစတဲ့အချိန်ကိုရောက်နေပြီဆိုတော့ စိတ်ညစ်တာတွေ ခံစားရပါတယ်။ ဖြစ်နိုင်ရင် တံတားတွေ
နှစ်ထပ် သုံးထပ်နဲ့ ဖြစ်စေချင်ပါတယ်။ သွားလာရေး အဆင်ပြေသွားအောင်လို့ပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment