Miss Universe Myanmar ၂၀၁၇ အတွက်ပြိုင်တယ်။ .......................ခင်လပြည့်ဇော်









လူတိုင်းမှာ Crazy Fan ရှိကြတယ်ဆိုပေမယ့်လည်း တလောကလုံးကိုယ့်ကိုယ် Crazy ဖြစ်နေတာ မဟုတ်ဘူး လေ… ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူလည်းရှိတယ်။ အဓိကတော့ မပျောက်ကွယ်သွားဖို့ ပရိသတ်ရှေ့ရောက် နေဖို့လိုပါတယ်…
ခင်လပြည့်ဇော်

ညီမ အခုလက်ရှိ Magazine Shotting တွေ Cover Shooting တွေပဲတောက်လျှောက် ရှိနေပါတယ်။ တခြားထွေထွေထူးထူးတော့မရှိပါဘူး။ ရုပ်ရှင်ရိုက်တာအရင်တုန်းက ကမ်းလှမ်းပေမယ့်  တချို့ကျ တော့ညီမရွေးလို့ အဆင်ပြေတာနဲ့မရိုက်ဖြစ်ပါဘူး။ ရိုက်တာတွေတော့ရှိတယ်။ လတ်တလောဆိုရင်တော့ ဗီဒီယိုရိုက်ကူးမှုမရှိပါဘူးဆိုလာသူက ဒီတစ်ပတ် Cover Star မော်ဒယ်ခင်လပြည့်ဇော်ပါ…

Miss Kerasys အနေနဲ့ဆုရပြီး ကိုရီးယားမှာသွားပြိုင်ရတယ်…
ညီမ ၂၀၁၃ ကုန်ခါနီး ဆရာဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း စတက်တယ်။ ပြီးတော့ Asia New Star Model Contest အတွက် ပထမဆုံးမြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်တဲ့ဆီမှာဝင်ပြိုင်တာ။ Miss Kerasys အနေနဲ့ဆုရပြီး ကိုရီးယားမှာသွားပြိုင်ရတယ်။ အဲဒါ ပထမဆုံးခြေလှမ်းပေါ့။ ပြီးတော့ Miss Tourism Queen Intrenational Myanmar ဖြစ်ပြီးတော့ တရုတ်နိုင်ငံမှာသွားပြိုင်တာ Miss Personality in China ဆုရခဲ့ပါ တယ်။ အခု ၂၀၁၆ မှာ Miss Universe Myanmar ၂၀၁၇ အတွက်ပြိုင်တယ်။ 4th Runner Up ဆုရခဲ့ပါတယ်။ ဒါနဲ့ ပရိသတ်နဲ့အနေနီးစပ်ပြီး သိလာတာပေါ့။

ငယ်ငယ်ကတည်းက Miss Universe ဖြစ်ချင်ခဲ့တာ။ အဲဒါကြောင့်ဝင်ပြိုင်ဖြစ်တာပါ…
Miss Universe ပွဲ ဘယ်လို့ပြိုင်ဖြစ်သွားသလဲဆိုတော့ ညီမကျောင်းတတ်နေတုန်း ဖောင်တွေခေါ် တာ တွေ့တယ်။ ငယ်ငယ်ကတည်းက Miss Universe ဖြစ်ချင်ခဲ့တာ။ အဲဒါကြောင့်ဝင်ပြိုင်ဖြစ်တာပါ။ ညီမလည်း ကြိုးစားခဲ့ပါတယ်။ Organization ကလည်း ညီမအားနည်းချက်တွေ၊ အားသာချက်တွေပြောပြ တယ်။ ရှေ့ဆက် မယ့်ခရီးမှာ ဒီအားသာချက်တွေကို ဘယ်လိုအသုံးချတတ်အောင် အားနည်းချက်တွေကို ဘယ်လိုပြုပြင်တတ် အောင် သင်ပေးခဲ့ပါတယ်ရှင့်။
ညီမတို့ Miss Universe က နှစ်စဉ်နှစ်တိုင်း Bangkok Sponsor Visit သွားတာများတယ်။ ဒီနှစ်မှာ ပူတာအိုဘက်သွားပြီး စစ်ဘေးရှောင်စခန်းတွေသွားလှူတယ်။ ကိုယ့်ဘာသာဆို မြန်မာနိုင်ငံထိပ်ပိုင်းတွေက သွားဖို့မလွယ်လှဘူး။ Teamwork အနေနဲ့ သူငယ်ချင်းတွေနဲ့သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒါတော့ အမှတ်တရပဲ။ အဲဒီမှာ Talents Show လုပ်တယ်။ Miss Talent 1st Runner Up ရခဲ့သေး တယ်။ ပြီးတော့ City Miss 19 ယောက်လည်းပါတယ်ဆိုတော့ မြန်မာနိုင်ငံအရပ်ရပ်က သူငယ်ချင်းတွေ လည်းအများကြီး ရလာတယ်။ သူတို့ဆီကနေလည်း အတွေ့အကြုံတွေအများကြီးရတယ်။

ပြိုင်ပွဲမှာ အခက်အခဲကြီးကြီးမားမားမရှိဘူး။ ပြိုင်ပွဲဝင် အချင်းချင်းကလည်းချစ်ချစ်ခင်ခင်ရှိကြတယ်…
ပြိုင်ပွဲမှာ အခက်အခဲကြီးကြီးမားမားမရှိဘူး။ မစိုးယုဝေတို့က ဘယ်လောက်စီစဉ်ပေးထားသလဲဆိုရင် ဦးချိုကြီး၊ မစံပယ်တို့ကလည်း သင်ပေးတယ်။ ရှေ့က Miss Universe တွေကလည်း သူတို့ အတွေ့အကြုံ တွေကိုဟောပြောရှင်းလင်းတယ်။ Miss Grand International Organization က Trainer တွေကိုယ်တိုင် ဒီမှာလာ Train ပေးသွားခဲ့တယ်။ ပြိုင်ပွဲဝင်အချင်းချင်းကလည်း ချစ်ချစ်ခင်ခင် ရှိကြတယ်။ အသက်အရွယ်တွေကလည်း မတိမ်းမယိမ်းဆိုတော့ ညီအစ်မတွေလိုပဲ။

Miss နဲ့ Model အရမ်းကွာတယ်။ မော်ဒယ်ဆိုတာ အပြုံးချိုစရာမလိုဘူး။ Photo Shoot ကောင်းမယ်။
ပထမဆုံး Face of Myanmar ပြိုင်တုန်းက အသက်လည်းအရမ်းငယ်သေးတယ်။ အဲဒီပွဲမှာ ညီမထက် Senior ကျတဲ့လူတွေအများကြီးရှိပါတယ်။ ခက်ခဲတဲ့အချိန်တွေရှိခဲ့တယ်။ အဲဒီတုန်းကပွဲအတွေ့အကြုံဘာမှမရှိ ဘူး။ စင်ဆိုတာဘာမှန်းတောင်မသိဘူး။ အသစ်တစ်ယောက်အနေနဲ့ အရမ်းကြိုးစားခဲ့ရတယ်။ ဒုတိယပွဲကျတော့ အတွေ့အကြုံကရှိသွားပြီ။ ဒါပေမဲ့ Miss နဲ့ Model အရမ်းကွာတယ်။ မော်ဒယ်ဆိုတာ အပြုံးချိုစရာမလိုဘူး။ Photo Shoot ကောင်းမယ်။ Catwalk ကောင်းမယ်။ Miss တွေနဲ့တော်တော်ကွဲတာ ထပ်သိခဲ့ရတယ်။ Miss ကကျတော့ ကိုယ့်စိတ်ထဲရှိရင်ရှိသလို Public ထဲကနေလို့မရဘူး။ အားလုံးနဲ့ အဆင်ပြေအောင်ပေါ့နော်။

နိုင်ငံကိုယ်စားပြုသွားပြိုင်မယ်ဆိုတော့ အကောင်းဆုံးလုပ်ပြရမှာ ကိုယ့်တာဝန်…
ညီမတို့ပြိုင်တုန်းက Miss တွေလည်းနည်းသေးတယ်။ တိုက်ခိုက်ဝေဖန်တာတွေလည်းတော်တော်ခံခဲ့ရ တယ်။ ညီမအားမလျော့ဘူး။ ကိုယ်က နိုင်ငံကိုယ်စားပြုသွားပြိုင်မယ်ဆိုတော့ အကောင်းဆုံးလုပ်ပြရမှာ ကိုယ့်တာဝန်၊ ပရိသတ်ကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်။ ပရိသတ်ကြီးက ညီမလိုအပ်ချက်တွေကို ထောက်ပြခဲ့တယ်။ သူတို့သာညီမကိုမပြောကြဘူးဆိုရင် လိုအပ်ချက်ကိုသိမှာမဟုတ်ဘူး။ အဲဒါကြောင့် ဝေဖန် တဲ့ ပရိသတ်ရော အားပေးတဲ့ပရိသတ်ရော ညီမကျေးဇူးတင်ပါတယ်။ Miss Universe ပွဲကျတော့ ရှေ့မှာ နိုင်ငံ တကာအတွေ့အကြုံရှိပြီးသွားပြီဖြစ်တဲ့အတွက် အကောင်းကြီးမဟုတ်သည့်တိုင် အရင်ပွဲတွေထက်စာရင် အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။

လူတိုင်းမှာ Crazy Fan ရှိကြတယ်ဆိုပေမယ့်လည်း တလောကလုံး ကိုယ့်ကိုယ် Crazy ဖြစ်နေတာ မဟုတ်ဘူးလေ…
ညီမတို့မြန်မာနိုင်ငံမှာမှမဟုတ်ပါဘူး။ အနုပညာရှင်ဆိုတာ ပရိသတ်နဲ့အမြဲထိတွေ့နေမှ မြင်နေရမှ လေ။ အရူးအမူးဖြစ်တဲ့လူကသာ ကိုယ်မရှိရှိတဲ့နေရာကိုလိုက်ရှာတတ်ကြတာ။ လူတိုင်းမှာ Crazy Fan ရှိကြတယ်ဆိုပေမယ့်လည်း တလောကလုံးကိုယ့်ကိုယ် Crazy ဖြစ်နေတာမဟုတ်ဘူးလေ။ ကြိုက်တဲ့ လူရှိသလို မကြိုက်တဲ့လူလည်းရှိတယ်။ အဓိကတော့ မပျောက်ကွယ်သွားဖို့ ပရိသတ်ရှေ့ရောက်နေဖို့လိုပါတယ်။ ဒါအခြေခံအချက်လည်းဖြစ်တယ်။ ပရိတ်ဆိုတာလည်းမြင်နေမှ သတိရမှာကိုး။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက ဆရာ၊ ဆရာမတွေလည်း မော်ဒယ်ကလေးတွေကိုမြင်နေမှ မျက်မှန်းတမ်းမိမှာလေ။ အဓိကဘာမှမရွေးပဲ… ဘာမှမရွေးပဲဆိုတာ ကိုယ်နဲ့လိုက်ဖက်တယ်အဆင်ပြေတယ်ဆိုရင်လုပ်ပေါ့။ အနုပညာလောကကိုဝင်လာတယ် ဆိုတာ ၀ါသနာပါလို့ဝင်လာတာပဲလေ။ တစ်ယောက်နဲ့တစ်ယောက်က မတူတဲ့အတွက် ဘယ်လိုကြီးဖြစ်အောင် နေပါဆိုပြီး ညီမဘက်ကအကြံပေးလို့မရဘူး။ အခုလောလောဆယ်အထိတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်း ဆုံးပြင်ဆင်ပါဦးမယ်။ ပြိုင်ဖို့တော့မရှိသေးပါဘူး။

ဘယ်လိုပြောနေပြီဆိုပြီး စိတ်ဓာတ်ကျနေတဲ့လူတွေရှိတယ်။ အဓိက ကိုယ့်ကြိုးစားမှုလေးနဲ့ ကိုယ်သွားပေါ့နော်…
Miss တွေကိုနှိုင်းယှဉ်တာနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအပြစ်မတင်ချင်ဘူး။ မှားတယ်လည်း မပြောဘူး။ မှန်တယ်လည်းမပြောဘူး။ သူတို့မှာပြောပိုင်ခွင့်ရှိတယ်။ တချို့ကျတော့ အားပေးနေပြီဆိုရင် ကြိုးစားမှုတွေ လျော့သွားတာတွေရှိတယ်။ တစ်ချို့ကျတော့လည်း ဘယ်လိုပြောနေပြီဆိုပြီး စိတ်ဓာတ်ကျ နေတဲ့လူတွေ ရှိတယ်။ အဓိက ကိုယ့်ကြိုးစားမှုလေးနဲ့ ကိုယ်သွားပေါ့နော်။ ကိုယ်တကယ်ဘာတွေ လိုအပ်နေ သလဲဆိုတာ ဆရာတွေကိုမေး။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပေါ့နော်။ ပရိသတ်တွေပြောလို့ စိတ်ဓာတ်ကျ နေစရာမလို ဘူး။ ဘယ်အရာမဆိုအကောင်းအဆိုးက ဒွန်တွဲနေတာ။ တစ်လောကလုံးက ဒီတစ်ယောက် တည်းကို စုပြုံပြီး ကြိုက်နေတာမရှိသလို မကြိုက်နေတာလည်းမရှိဘူးလေ။ နှိုင်းယှဉ်တာတော့ နှိုင်းယှဉ်မှာပဲ။ ဖိလစ်ပင်းတို့ ဗင်နီဇွဲလားတို့ဆို Miss လောကမှာနာမည်ကြီးတွေဆိုတော့ Top 5 တွေဘာတွေ ကိုယ့်ဘာသာ ရွေးထုတ်ကြတယ်။ နှိုင်းယှဉ်တယ်။ ဒါကိုအပြစ်ပြောလို့မရဘူး။ အဲဒီမှာပရိသတ်တွေကွာ သွားသေးတယ်။
တချို့ပရိသတ်တွေက ကိုယ့်အားနည်းချက်ကို facebook မှာ Public မပြောပဲ Chatbox မှာ တိုးတိုး တိတ်တိတ် ပြောလာတယ်။ ကောင်းစေချင်လို့ ပြောတာမျိုးလေးတွေ အဲဒါမျိုးဆို ညီမယုံကြည်လိုက်တယ်…
တချို့ပရိသတ်တွေက ကိုယ့်အားနည်းချက်ကို Facebook မှာ Public မပြောပဲ Chatbox မှာတိုးတိုး တိတ်တိတ်ပြောလာတယ်။ ကောင်းစေချင်လို့ပြောတာမျိုးလေးတွေ အဲဒါမျိုးဆို ညီမယုံကြည်လိုက် တယ်။ Facebook ပေါ်ကိုပုံတင်ပြီး ဒီနေရာကြီးမကောင်းဘူးလို့ ပြောတာထက်စာရင် နှစ်ကိုယ်ကြားလာပြောတာက ကာယကံရှင်လည်း ပြုပြင်စေချင်တယ်။ ပရိသတ်ပြောတဲ့စကားကလည်း ကာယကံရှင် ခေါင်းထဲရောက်တယ်။ ညီမလည်း ကိုယ်တိုင်ကြုံခဲ့ရလို့ပြောတာပေါ့နော်။ မကြိုက်တာကိုကြိုက်ပါဆိုပြီး သွားပြောလို့လည်းမရဘူးလေ။ သူတို့ကြိုက်အောင်ကြိုးစားရမှာပေါ့။ ကိုယ့် Miss ကို အားပေးချင်လို့ သူများပုံအောက်မှာ ကိုယ့် Miss လောက် တောင်မလှဘူးသွားရေးရင် ကိုယ့် Miss ပဲ အမုန်းခံရမယ်။ သူများကိုသွားရေးမယ့် Comment ကို Miss မှာပဲ ရာနှုန်းပြည့်ပံ့ပိုးလိုက်။ အဲဒါဆိုသူလည်း အားရှိတယ်။ လူမုန်းလည်းမခံရတော့ဘူး။ 

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment