ခွန်းနေကြည်ချို (Miss Now How 1st Runnre Up)








Miss Now How 1st Runnre Up ရထားတယ်…
အခုညီမက Mis Now How 1st Runner Up ရထားတယ်။ ပြီးတော့ Now How Promotion ပွဲတွေမှာ ကံစမ်းမဲနှိုက်ပေးရတာတို့ လုပ်ပေးရတယ်။ Magazine တွေရိုက်ပေးတယ်။ တီချယ်တင်မိုးလွင် နဲ့တွဲပြီး ပွဲတွေ လျှောက်တယ်။

အခက်အခဲကတော့ အတွေ့အကြုံမရှိသေးတာပေါ့။ သင်ရင်းသင်ရင်းနဲ့ ဒီနေရာအထိ ညီမရောက် လာတာပါ…
အနုပညာလောကကို ၂၀၁၅ လောက်က၀င်တာ။ တီချယ်မိုး သင်တန်းတက်ပြီး Model တစ်ယောက် အနေနဲ့ ရပ်တည်ပြီး Miss Universe Bago 2015 ပြိုင်ပြီးတော့ပဲဝင်ခဲ့တာပါ။ အခက်အခဲ ကတော့ သင်တန်း တက်ပြီးခါစ Miss Universe Bago 2015 ပြိုင်တယ်။ ဘုရားသွားတယ်။ ကိုယ့်ထက် Senior ကျတဲ့ ရန်ကုန်က အစ်မတွေနဲ့တွေ့ပြီးပြိုင်ရတယ်။ အခက်အခဲကတော့ အတွေ့အကြုံ မရှိသေး တာပေါ့။ သင်ရင်းသင်ရင်းနဲ့ ဒီနေရာအထိ ညီမရောက်လာတာပါ။

ပဲခူးမှာ Miss Universe ပြိုင်ပွဲလုပ်တယ်လို့ ကြေညာတော့ ကိုယ့်ရဲ့မြို့နာမည်လေးနဲ့  Title ရရင်မဆိုးဘူးပေါ့။ အရဲစွန့်ပြီး ၀င်ပြိုင်ကြည့်လိုက်တယ်…
ခွန်းက သင်တန်းဆင်းပြီး ဘယ်လောက်မှမကြာဘူး။ တီချယ်မိုးနဲ့ ပွဲလေး၂ပွဲလောက်ပဲလုပ်ရသေး တယ်။ ပဲခူးမှာ Miss Universe ပြိုင်ပွဲလုပ်တယ်လို့ ကြေညာတော့ ကိုယ့်ရဲ့မြို့နာမည်လေးနဲ့ Title ရရင် မဆိုးဘူးပေါ့နော်။ ပထမဆုံးပွဲလည်းဖြစ်တဲ့အတွက် အရဲစွန့်ပြီးဝင်ပြိုင်ကြည့်လိုက်တယ်။ ကိုယ်ဘာ တွေလုပ်နိုင်မလဲ။ အရည်အချင်းဘယ်လောက်ရှိမလဲဆိုတာသိမယ် ဆိုပြီးဝင်ပြိုင်ခဲ့တာပါ။ တခြားရတဲ့ Title  တွေက Miss Asdanne 2017 ဆုရတယ်။ Miss Thailand Capital 2015 ဆုရခဲ့ပါတယ်။

Gym သေချာကြိုးစားလုပ်ပြီး Miss Universe Myanmar 2018 ကိုဝင်ပြိုင်ဖို့ကြိုးစားနေမှာပါ…
ပြိုင်ပွဲကတော့ Miss Universe Myanmar 2018 ကိုထပ်ပြိုင်ဖို့ကြိုးစားနေတယ်။  စပြိုင်တုန်းက လိုအပ်ချက်တွေ အများကြီးရှိခဲ့တယ်။ ဒီကြားထဲမှာလည်း အတွေ့အကြုံတွေရထားတယ်။ လိုအပ်တာက Body Structure ပဲပေါ့။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်မြင်ပြီးဆုံးဖြတ်မှာက ကိုယ်ခန္ဓာအစိတ် အပိုင်းတွေပေါ့နော်။ ညီမ Gym သေချာကြိုးစားလုပ်ပြီး Miss Universe Myanmar 2018 ကိုဝင်ပြိုင်ဖို့ကြိုး စားနေမှာပါ။

ပြိုင်ပွဲတိုင်းကတော့ သူ့ဘာသာသူ ကောင်းကွက်လေးတွေရှိတယ်…
ညီမ ဒီကြားထဲမှာ Miss Myanmar International ပြိုင်ဖူးသေးတယ်။ ပြိုင်ပွဲတိုင်းကတော့ သူ့ ဘာ သာသူ ကောင်းကွက်လေးတွေရှိတယ်။ Miss Universe Organization က မစိုးသူကဆိုရင် ပြိုင်ပွဲပြီး သွား တာတောင် အစစအရာရာလုပ်ပေးတယ်။ အဲဒီ Organization နဲ့လည်း မိသားစုလိုဖြစ်နေတော့ ၀င်ပြိုင်စေ ချင်တာက Miss Universe Myanmar ပေါ့နော်။

အားပေးတဲ့လူတွေပြောတဲ့ စကားကျတော့ ကိုယ့်အတွက်အရမ်းအားဖြစ်တယ်။ အားပေးတဲ့ပရိ သတ်ဖြစ်စေ၊ အားမပေးတဲ့ ပရိသတ်ဖြစ်စေ ကောင်းတဲ့အမြင်နဲ့ ယူတတ်ရင်ကောင်းပါတယ်…
ပြိုင်ပွဲတစ်ပွဲပြီးရင် အားပေးတဲ့လူရော အားမပေးတဲ့လူရောရှိတယ်။ အားပေးတဲ့လူတွေပြောတဲ့ စကားကျတော့ ကိုယ့်အတွက်အရမ်းအားဖြစ်တယ်။ အားမပေးတဲ့လူတွေပြောတဲ့ စကားကျတော့ တစ်ခါ တလေကျရင် စိတ်အနှောက်အယှက်နည်းနည်းဖြစ်တယ်။ ဒါပေမဲ့ ယူတတ်ရင်တော့ပညာရပါတယ်။ ကိုယ့်ကိုသဘောမကျတဲ့ အားမပေးတဲ့ပရိသတ်ကျတော့ အပေါက်ရှာပြီးပြောနေတာဆိုတော့ သူတို့ပြောတဲ့ စကားထဲမှာ ကိုယ်တကယ်မှားနေတာမျိုးတွေ တွေ့တဲ့အခါပြင်လိုက်ရင် ကောင်းတာလေးဖြစ်စေတယ်။ အဲဒါကြောင့် အားပေးတဲ့ပရိသတ်ဖြစ်စေ၊ အားမပေးတဲ့ပရိသတ်ဖြစ်စေ ကောင်းတဲ့အမြင်နဲ့ယူတတ်ရင် ကောင်းပါတယ်။

ညီမကြိုးစားခဲ့တယ်။ အခုအချိန်မှာလည်း နေရာတစ်နေရာလေးကို ရောက်နေပြီလို့ထင်ပါတယ်။ ညီမလိုချင်တဲ့ပန်း တိုင်မရောက်သေးတဲ့အတွက် ဆက်ပြီးကြိုးစားဖို့အများကြီး ရှိပါသေးတယ်…
အနုပညာသက်တမ်း တစ်နှစ်အတွင်းဘာတွေပြောင်းလဲသွားလဲဆိုတော့ အရင်ကအရမ်းပိန်တယ်၊ အခုကျတော့ အားဆေးသောက်တယ်။ အဓိက ညီမ Miss Universe Myanmar ပြိုင်ပွဲပြီးကတည်းက တောက်လျှောက်ပြိုင်လာတာ။ ညီမကြိုးစားခဲ့တယ်။ အခုအချိန်မှာလည်း နေရာတစ်နေရာလေးကို ရောက်နေပြီလို့ထင်ပါတယ်။ ညီမလိုချင်တဲ့ပန်းတိုင်မရောက်သေးတဲ့အတွက် ဆက်ပြီးကြိုးစားဖို့ အများကြီး ရှိပါသေးတယ်။

Miss Universe 2015  မှာ ကိုယ့်လိုအပ်ချက်တွေရှိနေလို့ နေရာမရတာဖြစ်လို့ ကိုယ့်အရည်အသွေးနဲ့ ဒီ ဃနညအနမ ပွဲ တွေဝင်ပြိုင်ခဲ့တာ…
ညီမ Miss Universe Bago Crown ရထားလျက်နဲ့ဘာလို့ ဃနညအနမ ပွဲတွေဝင်ပြိုင်တာလဲမေး ကြတယ်။ ညီမအဓိကဖြစ်ချင်တာက ဘာဆုရလို့ဘာဖြစ်လို့မဟုတ်ဘူး။ အတွေ့အကြုံ ကိုယ်ဘာလုပ်နိုင် တယ် ဆိုတာမျိုး၊ Miss Universe Bago Crown ရထားတယ်ဆိုပေမယ့်လည်း Miss Universe 2015 မှာ ကိုယ့်လိုအပ်ချက်တွေရှိနေလို့ နေရာမရတာဖြစ်လို့ ကိုယ့်အရည်အသွေးနဲ့ ဒီ Center ပွဲတွေဝင် ပြိုင်ခဲ့တာ။ Crown ရထားလို့ဆိုတဲ့ အစွဲအလမ်းမရှိဘူး။ အဓိကကိုယ်က ကိုယ့်ရပ်တည်မှုနဲ့ပဲဖြစ်ရမှာလေ။ ကိုယ့်ကိုယ်ကိုယ်လုပ်နိုင်နေပြီဆိုပြီး ကျေနပ်တဲ့အထိပြိုင်ပွဲဝင်ပြိုင်ရင်း စမ်းစစ်ခဲ့တာပါ။

Crown လည်းရ၊ သရုပ်ဆောင်သင်တန်းဆင်းအပြီးပြိုင်ပွဲတွေပြိုင်ရင်း Miss အနေနဲ့ရပ်တည်တာကို သဘော ကျတယ်…  
အနုပညာနဲ့ပတ်သက်ရင် ညီမက သရုပ်ဆောင်လည်းအရမ်းဝါသနာပါတယ်။ တီချယ်မိုးသင်တန်း ဆင်းပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်သရုပ်ဆောင်သင်တန်း (၁/၂၀၁၅)မှာ သင်တန်းတက်သေး တယ်။ Crown လည်းရ၊ သရုပ်ဆောင်သင်တန်းဆင်းအပြီး ပြိုင်ပွဲတွေပြိုင်ရင်း Miss အနေနဲ့ရပ်တည်တာကို သဘောကျတယ်။ သရုပ်ဆောင်လောကထဲဝင်ဖို့ အဆက်အသွယ်လည်းဘာမှမရှိ။ အစိမ်းသက်သက် ကြီးကျတော့အဆင်မပြေဘူး။ Miss အနေနဲ့ တခြားအနုပညာအလုပ်တွေလုပ်ရင်း လူသိလာပြီးတော့မှ တစ်လှမ်းချင်းစီနဲ့ တဖြည်းဖြည်းအောင်မြင်လာတဲ့ပီတိမျိုးကို သဘောကျတယ်။ ဒီပြိုင်ပွဲတွေကနေ ပရိသတ်တွေ အသိအမှတ်ပြုအောင် ချစ်ခင်လာအောင်ပြိုင်မယ်။ ကိုယ်ဘယ်လောက်အရည် အချင်းရှိတယ်ဆိုတာ ပရိသတ်တွေကိုပြပြီးတော့မှ သွားချင်တဲ့သရုပ်ဆောင်ဘက်ကို ဆက်သွားမှာပါ။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment