ဖုန်းမှာ icon တွေ ရှုပ်ပွနေတာထိန်းချုပ်နိုင်မယ့် Lazy Swipe









Android စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ OS Version မြင့်လာတဲ့အခါ ထုတ်လုပ်သူတွေ ထည့်သွင်းပေးလိုက်တဲ့ User Interface (UI) ဟာ အတော်အသင့်အသုံးပြုဖို့ အဆင်ပြေလာခဲ့ကြပါပြီ။ စနစ်ကျ သပ်ရပ်လာတဲ့ Widgets တွေ၊ တည်ငြိမ်အဆင့်မြင့်လာတဲ့ notification စနစ်တွေနဲ့အတူ အလွယ်တကူ ခေါ်ယူ အသုံးပြုနိုင်တဲ့ shortcut တွေ၊ button တွေနဲ့အတူ system setting တွေကို ထိန်းချုပ်ဖို့အတွက် သီးသန့် Apps တွေ မလိုလောက်အောင် ပြည့်စုံလာခဲ့ကြပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းအမှတ် တံဆိပ် တစ်ခုနဲ့တစ်ခု မတူညီတဲ့ ကိုယ်ပိုင် UI တွေ အသုံးပြုထားတဲ့အတွက် အသုံးပြုသူတွေကြားထဲမှာ အကြိုက်တစ်မျိုးစီကွဲပြား နေမှာအသေအချာပါပဲ။ ဒီအခါ မှာ ဖုန်းရဲ့ Home Screen မျက်နှာပြင်ပေါ်ကနေ shortct သဖွယ် အလွယ် တကူခေါ်ယူအသုံးပြုနိုင်မယ့် floating tools လို သီးသန့် Apps လေးတွေ ထပ်မံထည့်သွင်းအသုံးပြုလာခဲ့ကြ ပါတယ်။

တချို့အသုံးပြုသူတွေက မျက်နှာပြင်ပေါ်မှာနေရာပေးထားရတာကို မနှစ်သက်တဲ့အတွက် floating Tools နဲ့မကိုက်ညီဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် Lazy Swipe လို့ခေါ်တဲ့ Apps လေးကတော့ အဆင်ပြေ စေမှာဖြစ်ပါတယ်။ ဒီ Apps ကို အသုံးပြုဖို့အတွက် ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ဘာမှနေရာပေးစရာ၊ အမှတ် အသားပြုလုပ်ထားစရာ မလိုအပ်သလိုဖုန်းရဲ့ System resorce အသုံးပြုမှုကိုလည်း လျော့ချပေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ Apps ရဲ့နာမည်ကို Lazy Swipe လို့ဆိုထားပေမယ့် တစ်ခုခုကိုအလွယ်တကူအသုံးပြုချင် တဲ့အခါ လျင်လျင်မြန်မြန်အသုံးပြုနိုင်စေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီ Apps ကိုအသုံးပြုဖို့အတွက် ပေးထားတဲ့ Play Store မှာ Lazy Soipe လို့ ရိုက်ထည့်ပြီး install ပြုလုပ်ပါ။ ပြီးရင် Apps ကို ဖွင့်လိုက်ပါ။ စစချင်း Welcome Screen ပေါ်လာပြီး ဖုန်းရဲ့ဘယ်ဘက် သို့မဟုတ် ညာဘက်အောက်နားထောင့်ကနေ မျက်နှာပြင်ပေါ်ကို ဖိဆွဲကြည့်ဖို့ညွှန်ကြားပါလိမ့်မယ်။
အဲဒီလိုဖိဆွဲလိုက်ရင် မကြာသေးခင်က ကိုယ်အသုံးပြုခဲ့တဲ့ Apps တွေ၊ Setting တွေနဲ့ Toggle တွေကို အလျင်အမြန်ပြန်လည်ခေါ်ယူအသုံးပြုနိုင်စေဖို့ ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ social apps တွေကနေ notification တက်လာတဲ့အခါ သတိပေးဖော်ပြနိုင်စေဖို့လည်း notification service ကို enable ပြုလုပ်ပေးရပါမယ်။ တစ်ဆက်တည်းမှာပေါ်လာတဲ့ Notification Access မှာ Lazy Swipe ကို အမှတ် ကလေးခြစ်ပေးကာ ရွေးချယ်ပေးထားရပါမယ်။ ပြီးရင် စတင်အသုံးပြုနိုင်ဖို့အတွက် Start ကို ဆက်နှိပ်ပေးပါ။

အခုဆိုရင်ဖုန်းရဲ့ ညာဘက်/ ဘယ်ဘက်အောက် ထောင့်စွန်းနားလေးကိုဖိပြီး ဆွဲတင်လိုက်တာနဲ့ ကိုယ်အသုံးပြုချင်တဲ့လုပ်ဆောင်ချက်တွေ၊ Apps တွေနဲ့ Setting တွေကို ဘယ်မှဆက်သွားစရာမလိုဘဲ တိုက်ရိုက်ခေါ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Recent, Favorites, Toolbox အစရှိတဲ့ လုပ်ဆောင်ချက်(၃)ခုကို လည်း တစ်ခုချင်းစီဆွဲလှည့်ပြီး ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခုဆိုရင် ဖုန်းရဲ့ Home Screen ပေါ်မှာ shortcut တွေ page အပိုတွေအများကြီးထားစရာမလိုတော့ဘဲ အကျစ်လျစ်ဆုံး ရှင်းလင်းထားနိုင်ပြီဖြစ် ပါတယ်။

တကယ်လို့ Lazy Swipe ရဲ့ Setting တွေကို ၀င်ပြီးပြင်ချင်တယ်ဆိုရင်တော့ Apps Drawer ထဲက Lazy Swipe ကိုသွားပြီး ဖွင့်ရမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ မျက်နှာပြင်ကိုဖိရမယ့်နေရာပြောင်းနိုင်သလို Notification Setting, Apps Setting အစရှိတဲ့ လုပ်ဆောင်ချက်တွေကို စိတ်ကြိုက် ပြောင်းလဲနိုင်ဦးမှာ ဖြစ်ပါတယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment