တစ်ကိုယ်တည်းသမားတွေ ဘာကြောင့်ရေရှည်အဆင်ပြေကြတာလဲ…







ပတ်ဝန်းကျင်ကတွဲလိုက်၊ ကွဲလိုက်၊ ပြန်တွဲလိုက်၊ ပြန်ကွဲလိုက်ချစ်သူရည်းစားတွေကိုကြည့်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်တော်ဘ၀ကို ဘာကြောင့်စွန့်လွှတ်ရမှာလဲ… ဆိုတဲ့အတွေးမျိုးဝင်ဖူးကြမှာပါ။ လက်ရှိအချိန်မှာတော့ ချစ်သူရည်စားမရှိသေးသူပေါ့။ ဒါပေမဲ့ဆက်ဆံရေးတစ်ခုမှာ အောင်မြင်နိုင်ချေက ရာခိုင်နှုန်းနည်းပါးတယ်ဆိုတာ ပတ်ဝန်းကျင်ရဲ့အတွေ့အကြုံတွေက ပြောပြနေတယ်လေ…။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဆက်ဆံရေးက ခက်ခဲလွန်းတဲ့အတွက် လူနှစ်ယောက်သားကို ဝေးကွာသွားစေလောက်တဲ့အထိပါပဲ။ ကံတရားက သတ်မှတ် ထားလို့ဘယ်လိုပဲဖူးစာဆုံတယ်ပြောပြော၊ အခြေအနေတစ်ခုကြောင့်ပျက်သွားရတဲ့ဆက်ဆံရေးတွေ အများကြီး ပါ။

 ပြောရရင်အချိန် မှားသွားတယ်ပေါ့။ တည်မြဲတဲ့ဆက်ဆံရေးတစ်ခုကိုလိုချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိဖို့လိုသလို အဆင်သင့်ဖြစ်နေဖို့လည်းလိုပါတယ်။ ဘ၀ကိုတစ်ယောက်တည်း အချိန်အတော်ကြာ ဖြတ်သန်း ခဲ့ရသူတွေအနေနဲ့ ကိုယ်ဘယ်သူ၊ ကိုယ်ဘာလိုချင်တယ်ဆိုတာသိနိုင်တဲ့ အခွင့်အရေးပိုရပါတယ်။ အဲဒါကြောင့် လည်း တစ်ကိုယ်တည်း ဘ၀ကိုအချိန်ကြာဖြတ်သန်းခဲ့တဲ့ တစ်ကိုယ်တော်သမားတွေက ဆက်ဆံရေး တစ်ခုမှာရေရှည်တည်မြဲနေကြတာပါ။ ဘာကြောင့်လဲ…။

ကိုယ့်ကိုယ်ကိုယ်သိတယ်
တစ်ကိုယ်တည်းဘ၀ကို ဖြတ်သန်းခဲ့ရတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာလေ့လာခွင့်ရ တာပေါ့။ လူတွေကကိုယ့်အကြောင်းကို အသိဆုံးလို့သာပြောနေကြပေမဲ့ တစ်ခြားလူတွေနဲ့ကြုံဆုံတဲ့အခါ ဟန်ဆောင် မျက်နှာဖုံးစွပ်ရင်း အစစ်အမှန်တွေပျောက်သွားကုန်ကြပါတယ်။ အဖွဲ့လိုက်အပြင်ထွက်တဲ့အခါ တစ်ခြား လူတွေရဲ့အယူအဆတွေလွှမ်းမိုးမှန်းမသိ လွှမ်းမိုးလာခဲ့ကြရတယ်။ ကိုယ့်ရဲ့တန်ဖိုးတွေ ကျင့်ဝတ်တွေက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေရင်း ပျောက်ဆုံးကုန်ကြရတယ်။ ပတ်ဝန်းကျင် မှာဝင်ဆန့်ဖို့ကြိုးစားရင်း ကိုယ့်ရဲ့စစ်မှန်မှုတွေပျောက်ဆုံးကုန်ကြပါတယ်။ ပြောင်းလဲမှုတွေကတော့ အများကြီးပါ။ အပြောင်းအလဲတိုင်း ကတိုးတက်မှုမဟုတ်ပါဘူး။ 

ကိုယ့်ကိုယ်ကိုယ်မသိတဲ့ပြနာက ဆက်ဆံရေးတစ်ခုဝင်လာပြီဆိုတဲ့အခါ ဒုက္ခရောက်ပါတော့တယ်။ ကိုယ်က ဘာလိုချင်တယ်၊ ဘယ်လိုလူကို ရှာဖွေနေတယ်ဆိုတာမသိဘူး။ ဆက်ဆံရေးတစ်ခုကနေ ဘာလိုချင်တယ်ဆိုတာမသိဘူး။ အဲဒါကြောင့် တွေ့ရာလူနဲ့တွဲမိမယ်။ အလွယ်တကူ ပျက်စီးရမယ်။ ကိုယ့်အကြောင်း ကိုယ်သိတဲ့လူတစ်ယောက်အတွက်ကတော့ ကိုယ်ဘာလိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိတဲ့အတွက် ဘ၀ကိုရဲရဲတင်းတင်းလက်ခံနိုင်တာပါပဲ။

တစ်ကိုယ်တည်းနေရလည်း အဆင်ပြေတယ်
လူတိုင်းဘ၀အတွက် တစ်စုံတစ်ယောက်ဆိုတာကိုလိုချင်ကြပါတယ်။ အဲဒီလိုပဲထားခဲ့ခံရမှာကို လည်းစိုးရိမ်ကြပါတယ်။ ဘယ်သူမှလည်းမကျန်ရစ်နေချင်ကြပါဘူး။ တကယ်တော့ပျော်ရွှင်မှုဆိုတာတစ်ခြား လူတစ်ယောက်ဆီမှာ မှီတည်နေတဲ့အရာမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ဆီက ပျော်ရွှင်မှုတစ်စိတ်တစ်ပိုင်း ရနိုင်တယ်။ ဒါပေမဲ့ဒီပျော်ရွှင်မှုအတွက် သူ့အပေါ်လုံးလုံးလျားလျားမှီခိုလိုက်မှာလား။ ကိုယ့်တန်ဖိုးကိုယ်သိပြီး သားလူတစ်ယောက်အတွက်ကတော့ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်လုပ်ယူဖန်တီးရတယ်ဆိုတာသိပြီးသား ဖြစ်မှာပါ။ အဲဒါကြောင့် တစ်ကိုယ်တော်ဖြတ်သန်းခဲ့ရတဲ့အချိန်တွေကို စိတ်ပျက်အားငယ်ခြင်း ၀မ်းနည်းခြင်း အလျဉ်းမရှိပါဘူး။

ဆက်ဆံရေးဆိုတာအစားထိုးစရာမဟုတ်
ကျွန်မမှာတစ်ယောက်နဲ့ ပြတ်ပြီးတိုင်းသိပ်မကြာခင်မှာ နောက်တစ်ယောက်နဲ့ တွဲနေတဲ့သူငယ်ချင်းတစ် ယောက်ရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးမေးမိတော့'တစ်ယောက်တည်းနေရတာမကြိုက်လို့ပါ'တဲ့…။ 'ဒါဆို ဘာလို့ဖြတ်နေသေးတာလဲ'ဆိုတဲ့ မေးခွန်းမှာတော့ သူအကြပ်ရိုက်သွားခဲ့ပါတယ်။ တကယ်တော့ သူက ဆက်ဆံရေးတစ်ခုပြီးဆုံးချိန်မှာ ပြနာကိုရင်ဆိုင်ရမဲ့အစား နောက်ထပ်ဆက်ဆံရေးအသစ်တစ်ခုထဲကို ခုန်ဝင်ဖို့ကြိုးစားရင်း ပြနာတွေကိုရှောင်လွှဲခဲ့ပါတယ်။ ရှောင်လွှဲရင်းရှောင်လွှဲရင်းနဲ့ ပြနာတွေက ဖြေရှင်းမရဖြစ်လာပါတော့တယ်။ အပေါ်မှာပြောထားတဲ့အတိုင်း ကိုယ်လိုချင်တာ၊ တန်ဖိုးကို သိသူတစ်ယောက် က ပြနာကိုရှောင်လွှဲဖို့ဘယ်တော့မှမကြိုးစားပါဘူး။ ပြနာကိုရင်ဆိုင်ဖြေရှင်းလေ သူရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာခွန်အားကြီးမားပြီး ဆက်ဆံရေးမှာပိုပြီးအတည်တကျဖြစ်လေပါပဲ။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment