ဆံပင်မြန်မြန် ပြန်ရှည်ချင်သူများအတွက်…











မိန်းကလေးယောက်ျားလေး ဘယ်သူမဆိုတစ်နေ့တစ်နေ့ အရှည်နှေးတဲ့ကိုယ့်ဆံကေသာ ကိုပြန်ကြည့် ပြီး အားမလိုအားမရဖြစ်ဖူးကြမှာပါ။ ဈေးကွက်ထဲမှာတော့ ဆံကေသာထိန်းပစ္စည်းတွေက ဆံပင်သန်ဖို့၊ ဗောက် ပျောက်ဖို့ စတာလောက်တွေပဲရှိကြတာပေါ့။ အဲဒီတော့ ဆံပင်အရှည်မြန်ဖို့အတွက် နည်းလမ်းကောင်းလေးတွေ ကိုဝေမျှပေးလိုက်ပါတယ်။

ခန္ဓာကိုယ်တွင်းကနေ အားဖြည့်ပေး
အရေပြားအထူးကုပညာရှင်တွေ၊ ဆံကေသာပညာရှင်တွေက သန်စွမ်းပြီး အရှည်မြန်တဲ့ဆံသား ပိုင်ဆိုင်ဖို့ မှန်ကန်တဲ့အစားအစာတွေစားဖို့က အရေးကြီးကြောင်းတိုက်တွန်းထားပါတယ်။ ဆံကေသာက ပရိုတိန်းနဲ့ ဖွဲ့စည်းထားတာပါ။ အဲဒါကြောင့် ပရိုတိန်းမြင့်မားစွာပါဝင်တဲ့ ငါး၊ ဥ၊ ပဲ စတာတွေများများစားပေး ပါ။ ကျန်းမာစေတဲ့အစားအစာက ဆံသားအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အရေးကြီး ပါတယ်။

ဆံပင်ပုံမှန်ညှပ်ပေး
ဆံပင်ပုံမှန်ညှပ်ရင် ဆံပင်တွေတိုသွားကြတယ်လို့ ယုံကြည်ထားကြတာပါ။ တမင်ပုံမှန်ညှပ်ပေးတဲ့ အတွက် အဖျားနှစ်ခွဖြစ်တာတွေကို ကာကွယ်ပေးပြီးသားဖြစ်စေပါတယ်။ ဆံပင်ပုံမှန်မညှပ်ပေးဘူးဆိုရင် ဆံပင်အဖျားနှစ်ခွဖြစ်ပျက်စီးပြီး ပိုကြည့်ရဆိုးသွားစေပါလိမ့်မယ်။

နေ့တိုင်းခေါင်းမလျှော်နဲ့
နေ့တိုင်းခေါင်းလျှော်တတ်တဲ့ အကျင့်ရှောင်ဖို့လိုပါတယ်။ ဆံပင်ကိုတစ်ရက်၊ နှစ်ရက်မလျှော်ဘဲ ထားပေးခြင်းက ဦးရေပြားအတွင်းသဘာဝအဆီတွေကို ပျံ့နှံ့စေပြီး ဆံသားကိုရေဓာတ်ဖြည့်ပေးပါတယ်။ ဆံပင်ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ခေါင်းမလျှော်ဘဲအကြာကြီးတော့မထားပါနဲ့။ ဦးရေပြားများ ကြေးတွေပိတ်သွားပြီး ဆံသားကိုပျက်စီးစေပါလိမ့်မယ်။

ပန်းသီးရှာလကာရည်သုံး
ပန်းသီးရှာလကာရည်က ဆံသားရှည်စေပြီး သန်စွမ်းမှုကိုအားပေးတဲ့ပစ္စည်းတစ်ခုပါ။ ပန်းသီးရှာလကာ ရည်အနည်းငယ်ကိုသုံးပြီး ခေါင်းလျှော်ပေးမယ်ဆိုရင် ဆံကေသာကိုတောက်ပပြောင်လက်စေသလို ဆံပင် လည်းအရှည်မြန်စေပါတယ်။

ကြက်ဆူဆီ
ကြက်ဆူဆီကဆံကေသာကို ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းပါ။ ကြက်ဆူဆီက ဆံပင်ကိုပျော့ပြောင်း စေရုံသာမက ဆံသားလည်းထူလာစေပါတယ်။ ညအိပ်ရာမ၀င်ခင် ကြက်ဆူဆီပုံမှန်သုံးပြီးဆံသားနဲ့ ဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် ဆံကေသာကိုပေါင်းပေးထားသလိုဖြစ်ပြီး နူးညံ့ပျော့ပြောင်းနေစေပါတယ်။

ခေါင်းဖီးပေး
တစ်နေ့နှစ်ကြိမ်ခေါင်းဖီးပေးခြင်းက ဆံကေသာနဲ့ဦးရေပြားအတွင်း သဘာဝအဆီတွေကိုပုံမှန် လှုပ်ရှားလည်ပတ်နေစေပြီး ဦးရေပြားအနှံ့သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှု ကောင်းတဲ့အတွက် ဆံသားတွေကလိုအပ်တဲ့ အာဟာရကိုပုံမှန်ရရှိနိုင်ပြီး ရှင်သန်ကြီးထွားစေပါတယ်။

သဘာဝလေနဲ့သာအခြောက်ခံ
ခေါင်းလျှော်ပြီးတိုင်း Dryer သုံးတာရှောင်ပါ။ အပူကဆံသားကို ပျက်စီးစေတဲ့ရန်သူပါ။ အချိန်ရတဲ့ အခါတိုင်း သဘက်နဲ့သာရေသုတ်ပြီး သဘာဝအတိုင်းအခြောက်ခံပေးပါ။ အပူနဲ့ဝေးလေဆံကေသာ ကျန်းမာရေးအတွက် စိတ်ချရလေပါဘဲ။

ဗီတာမင်သုံး
ဗီတာမင်နဲ့ဆံကေသာကို ပြင်ပကနေဖြည့်ပေးဖို့လည်းလိုပါတယ်။ ဗီတာမင်ကိုဦးရေပြားနဲ့ ဆံသားအနှံ့ပြန်ပြီးနှိပ်နယ်ပေးပါ။ ပြီးမှရေဆေးချပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆံပင်ရှည်ခြင်းကို အထောက်အကူပြုပါလိမ့်မယ်။

န်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape



Share on Google Plus

0 comments:

Post a Comment