ဒီဘက်ခေတ်မှာ
မော်တော်ကားတင်သွင်းခွင့် အခွန်လျှော့ချခဲ့ပြီးနောက်ပိုင်း အခြေခံလူတန်းစား မဟုတ်သည့်တိုင်
အရင်လို ဒိတ်ဒိတ်ကြဲတွေပဲ ကားစီးနိုင်တော့တဲ့ ခေတ်မဟုတ်တော့ပါဘူး။ မော်တော် ကား တွေ
များပြားလာတာနဲ့အမျှ ကားပြုပြင်ထိန်းသိမ်းပုံကလည်း အရင်ကထက် ပိုမိုအရေးပါလာခဲ့ပြီး
ကိုယ့်အနေနဲ့ နေစဉ်ပုံမှန် ကားကိုဂရုတစိုက်ထိန်းသိမ်းဖြစ်မယ်ဆိုရင် အဲဒီကားကလည်း သက် တမ်းကြာကြာအသုံးခံမှာဖြစ်
ပါတယ်။ ကားသက်တမ်းကြာရှည်ဖို့အတွက် အခြေခံကျတဲ့ နည်းလမ်းတွေကို ဖော်ပြရမယ်ဆိုရင်…။
ကားလမ်းညွှန်စာအုပ်ဖတ်ပြီး သေချာလိုက်နာပါ
ကိုယ့်ကားရဲ့အခြေခံအချက်တွေကို
လေ့လာမှတ်သားခြင်းအားဖြင့် အကြီးစားပြင်ဆင်မှုတွေကို ရှောင်လွဲနိုင်ပါတယ်။ ကားအအေးပေးစနစ်အပါအ၀င်
တခြားအချက်အလက်တွေကို လေ့လာမှတ်သားရင် ကိုယ့်ကားလည်း သတ်မှတ်ထားတဲ့အတိုင်း ကြာရှည်ခံမှာဖြစ်သလို
ကားထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ အာမခံ ချက် ပေးထားမှုကိုလည်း အပြည့်အ၀နားလည်လာမှာဖြစ်ပါတယ်။
ကားမောင်းတဲ့အခါ
အထူးသဖြင့်
ကားမောင်းတဲ့အခါမှာ ခရီးတိုသွားလာခြင်းကို ရှောင်ရှားသင့်ပါတယ်။ ကားစက်နှိုးတဲ့ အခါ အင်ဂျင်အေးနေရင်
နှိုးရခက်ပြီး ခရီးတိုသွားလာခြင်းအားဖြင့် ဆိုင်လင်စာလို့ခေါ်တဲ့ အသံထိန်းပိုက် လည်း ပျက်စီးမြန်သွားနိုင်ပါတယ်။
အခြေခံအားဖြင့်တော့ အေးနေတဲ့ အင်ဂျင်ကို စတင်နှိုးတဲ့အချိန် အိတ်ဇောပိုက် ထဲမှာ ငွေ့ရည်ဖွဲ့လာပြီး
အဲဒီငွေ့ရည်တွေက အင်ဂျင်ပိုင်းဆိုင်ရာတစ်ခုလုံးကို လုံလောက်တဲ့ အခြေအနေမ ရောက်ခင် ကားအင်ဂျင်ကို
စက်ပြန်သတ်လိုက်ရင် အဲဒါတွေကရေတွေအဖြစ် ဆိုင်လင်စာ ထဲမှာ စုပြုံလာ တတ်ပြီး အဲဒီနောက်မှာတော့
သံချေးတတ်လာနိုင်ပါတယ်။
ကားဂိုဒေါင်ထဲက ထုတ်ရုံလောက်နဲ့တော့ ကားကိုစက်မနှိုးသင့်ပါဘူး။
တကယ်လို့ ဟိုနားဒီနား သွားစရာရှိတယ်ဆိုရင် ကားနဲ့မသွားဘဲ လမ်းလျှောက် သွားတာက ကားရဲ့ဆိုင်လင်စာကို
သက်တမ်းပို ရှည်စေသလို ကိုယ်လည်းကျန်းမာရေးရှုထောင့်အရ သင့်တော်ပါတယ်။ နောက်ပြီး ကားကိုတစ်ပတ်မှာ
တစ်ကြိမ်လောက်တော့ ခရီးဝေးဖြစ်ဖြစ်ထွက်သင့်ပြီး အဲဒီအခါမှာ အရည်တွေက ဆိုင်လင်စာထဲကနေ
တဖြည်းဖြည်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
အငွေ့အရည်တွေကိုလည်း စစ်ဆေးပါ
ကားရေတိုင်ကီမှာထည့်ရတဲ့
ရေမခဲဆေး၊ ဓာတ်ဆီဒီဇယ်၊ ဘရိတ်ဆီ၊ ပါဝါစတီယာရင်ဆီ စတာတွေ ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
ကိုယ့်ကားက ဆီယိုထွက်နေတာမျိုးမရှိရင်တောင် အဲဒီလို ပုံမှန်စစ်ဆေးပေးခြင်း အားဖြင့်
ဆီယိုစိမ့်နိုင်တာမျိုး၊ သတ်မှတ်ထားတဲ့အမှတ်ထက် ပိုမိုနည်းပါးနေတာမျိုးတွေကို ချက်ချင်းသိနိုင်ပါ
တယ်။ အဲဒီအရည်တွေထဲက တချို့ကိုလည်း အရောင်လိုက်စစ်ဆေးနိုင်ပါတယ်။ ကိုယ့်အနေနဲ့ ပလတ်စတစ်
တိုင်ကီထဲကို အမြင်နဲ့တင်ကြည့်နိုင်ပြီး တချို့ကိုတော့ ဆီတိုင်းတုတ်နဲ့ စစ်ဆေးနိုင်ပါတယ်။
ရေမခဲတဲ့ဆေးက ပုံမှန်အားဖြင့် ကားသစ်တွေအတွက် ပန်းရောင်၊ ကားအို ကားဟောင်းတွေအတွက်
အစိမ်းရောင် စသည်ဖြင့် ကြည့်တာနဲ့ သိနိုင်ပါတယ်။
ဓာတ်ဆီတို့ ဒီဇယ်တို့ကလည်း အမည်းရောင်ဖြစ်နေရင် ကာလရှည် အသုံးပြုလာ တဲ့ပုံစံဖြစ်လို့
လဲလှယ်သင့်ပါတယ်။
ဓာတ်ဆီ ဒီဇယ်ကို ပုံမှန်လဲလှယ်ပေးခြင်း
အခုလို
ဆီပုံမှန်လဲလှယ်ပေးခြင်းအားဖြင့် ကားအင်ဂျင်ကို လိုအပ်တာထက် ပိုမိုသက်သာစေပါ တယ်။ ပုံမှန်အားဖြင့်ဆိုရင်
မိုင် (၃၀၀၀)ကနေ မိုင်(၅၀၀၀)အတွင်း ကီလိုမီတာအနေနဲ့ (၅၀၀၀)ကနေ (၈၀၀၀)အတွင်း မောင်းနှင်ပြီးသွားပြီဆိုရင်
ဆီပုံမှန်လဲလှယ်ပေးသင့်သလို (၃)လကနေ (၆)လအတွင်း တစ်ကြိမ်လဲလှယ်ပေး သင့်ပါတယ်။ ဒါ့အပြင်
Oil Filter ကိုလည်း ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ ညစ်ပတ်နေတဲ့ Oil Filter ကိုမလဲဘဲ ဆီတွေကို
ပုံမှန်လဲလှယ်ပေးရင်လည်း ကိုယ့်ကားအတွက် အကျိုး မရှိနိုင်ပါဘူး။ Filter ဆိုတာ ဈေးပေါတဲ့ပစ္စည်း
ဖြစ်ပြီး ကားပစ္စည်းရောင်းတဲ့ဆိုင်တိုင်းမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်လို့ Filter လဲဖို့
သတိထားသင့်ပါတယ်။
လေစစ်လဲလှယ်ခြင်း
ဒါကိုတော့
ကိုယ့်အိမ်မှာပဲလုပ်နိုင်ပြီး မိုင်ပေါင်း(၁၂၀၀၀) ခရီးသွားပြီးတိုင်း Air Filter (လေစစ်)
လဲလှယ်သင့်ပါတယ်။ ညစ်ပတ်နေတဲ့ လေစစ်တွေဟာ ကိုယ့်ကားရဲ့အင်ဂျင်ကို အရည်အသွေး လျော့ကျစေ
ပါတယ်။
(၂)နှစ်(၁)ကြိမ် လဲလှယ်သင့်တဲ့ အရာများ
ပါဝါစတီယာရင်ဆီ၊
ဘရိတ်ဆီနဲ့ အအေးပေးစနစ်ဖြစ်တဲ့ ရေမခဲစေတဲ့အဆီတို့ကို ပုံမှန်စစ်ဆေးပေးသင့် ပါတယ်။ ကားသစ်တွေကတော့
အဲဒီလိုဆီမျိုးတွေကို လဲလှယ်ဖို့ တခြားသုံးပြီးသား ကားတွေထက် အချိန်ပိုကြာပါတယ်။ အဲဒီလို
ဆီမျိုးတွေနဲ့ Filter တွေကို အနည်းဆုံးတော့ မိုင်(၅၀၀၀၀) သွားပြီးတိုင်း လဲလှယ်ပေးသင့်ပါတယ်။
တကယ်လို့ အဲဒီလို မိုင် (၅၀၀၀၀) ခရီးထွက်ပြီးတာတောင် ကိုယ့်ဘက်က ဆီနဲ့ Filter တွေ လဲလှယ်မပေးဘူး
ဆိုရင် ကြီးမားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီလို မလဲပေးဘူးဆိုရင် အရောင်တင်ဆီနဲ့
တခြား ကော်တွေ၊ အစိုင်အခဲတွေ ပျက်စီးသွားနိုင်ပါတယ်။
ဘရိတ်အထူအပါးကိုလည်း စောင့်ကြည့်ရမယ်
ကားဘရိတ်အထူအပါးကိုလည်း
လက်လွတ်မခံဘဲ စောင့်ကြည့်စစ်ဆေးရမှာဖြစ်ပြီး ဘရိတ်ပါး လာရင် အနည်းဆုံးတော့ဘရိတ် ဒလက်တွေ
ပျက်စီးနိုင်သလို ဖြစ်နိုင်ခြေအများဆုံးကတော့ လုံးပတ် တိုင်းကိရိယာတွေ ပျက်စီးနိုင်တာပါပဲ။
ဒလက်နဲ့ ကလစ်ပါတွေဟာ ဘရိတ်ပြားအချပ်တွေထက်
ဈေးပိုကြီး လို့ ဒါတွေကို ပိုမိုသတိထားရမှာဖြစ်ပါတယ်။ ဘရိတ်အပြားတွေကို သန့်ရှင်းရေးလုပ်ပေးတာက အဲဒီ အပြားနဲ့ ဒလက် တုံးကြားထဲမှာရှိတဲ့အရာတွေကို
ပွတ်တိုက်အားနဲ့ အမြစ်ဖြတ်ချေမှုန်းနိုင်စွမ်းရှိပါတယ်။
တာယာများကို လှည့်လည်သုံးစွဲခြင်း
ကားတာယာတွေကို နေရာပြောင်းလဲအသုံးပြုတာကလည်း
ကားတာယာတွေရဲ့ သက်တမ်းတွေကို ပိုမို ကြာရှည်စေပါတယ်။ ကားတာယာတွေကို တစ်နှစ် (၂)ကြိမ်
ဒါမှမဟုတ် မိုင်(၆၀၀၀) တစ်ကြိမ် စက်ဝိုင်းပုံစံ လဲလှယ်အသုံးပြုသင့်ပြီး ညာဘက်ကနေ ဘယ်ဘက်အနောက်ဘက်ပုံစံမျိုး
ဓားလွယ်ခုတ်အနေအထားနဲ့ လဲသင့်ပါတယ်။ ကားတာယာတွေကို လေပေါင်မပြည့်ဘဲ သုံးစွဲတာကလည်း
ကားတာယာရဲ့ ခံနိုင်ရည်အားကို (၁၅)ရာခိုင်နှုန်းလျော့ ကျစေပါတယ်။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment