အခုနောက်ပိုင်း
တင်သွင်းလာတဲ့ မော်ဒယ်မြင့်ကားတွေမှာ အလွယ်တကူ မောင်းနှင်လို့ရတဲ့ အော် တို ဂီယာသုံး
အမျိုးအစားတွေ ပါဝင်လာပါတယ်။ အော်တိုဂီယာကြောင့် အရင်လို Manual နဲ့ မောင်းတာ ထက်စာ
ရင် ပိုမိုလွတ်လပ်ပေါ့ပါးပြီး ဂီယာအတင်အချ လုပ်စရာမလိုလို့ ကလပ်ခ်ျလည်း နင်းစရာမ လိုတော့ ပါဘူး။
ဒီအတွက်ကြောင့် အော်တိုဂီယာနဲ့ ကားမောင်းသူတွေအနေနဲ့
ဘယ်ခြေထောက်တစ်ဖက် သုံးစရာမလိုတော့ဘဲ မောင်းရတာ ပိုမိုလွတ်လပ်ပေါ့ပါးလာပါတယ်။
ဒါပေမဲ့
Manual နဲ့ ကားမောင်းတာဟာ ကိုယ့်ရဲ့ အရည်အချင်း ပေါ်မူတည်နေတာကြောင့် အော်တို ဂီယာထက်စာရင်
ကားမောင်းသမားတွေ အတွက် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ အော်တို ဂီယာက အလိုအလျောက် ဂီယာအတင်အချ လုပ်ပေးတဲ့စနစ်မို့လို့
တစ်ခါတစ်ရံ အားနည်း ချက်တွေ ဖြစ်လာနိုင်ပြီး Manual မောင်းသမားတွေကတော့ ကိုယ့်စိတ်ကြိုက်
ဂီယာအတင်အချလုပ်လို့ရလို့ ပိုမိုအဆင်ပြေနိုင်ပါ တယ်။ ဒါ့အပြင် ကားမောင်းစသင်ရင်လည်း
အော်တိုဂီယာထက် Manual နဲ့ သင်တာက ပိုမို ထိရောက် အကျိုးရှိနိုင်ပါတယ်။ Manual နဲ့
စသင်ရင် အော်တိုနှင့်သင်တာထက် ပိုမိုခက်ခဲနိုင်ပေမယ့် (၁)ပတ်၊ (၂)ပတ် လောက်ကြာသွားရင်တော့
Manual နဲ့ အသားကျသွားပါလိမ့်မယ်။
Manual နဲ့ မောင်းနှင်ရခြင်းအချက်
ပထမဆုံး
အကျိုးကျေးဇူးကတော့ ဆီစားသက်သာတာပဲ ဖြစ်ပါတယ်။ Manutal နဲ့ မောင်းခြင်းကြောင့် ဂီယာကိုလိုအပ်သလို အပြောင်းအလဲလုပ်နိုင်ပြီး
အော်တိုထက်စာရင် ကားကိုလိုသလို ထိန်းချုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါ့အပြင် အမြန်မောင်းရတဲ့နေရာတွေမှာ
ကားရဲ့အမြန်နှုန်းကိုမြှင့်တင် ရင်လည်း Manutal က အော်တိုထက် ပိုမိုအသုံးဝင်ပါတယ်။
ကားကို Manual နဲ့ ဘယ်လိုစမောင်းမလဲ
ဒါကတော့
ကားမောင်းသင်သူတွေအတွက် ဖြစ်ပါတယ်။ ပထမဆုံး ကားမမောင်းခင် ကားထွက်နိုင် လောက်တဲ့ အကျယ်အ၀န်းရှိဖို့လိုအပ်ပြီး
ကားဂီယာကလည်း Normal မှာ ရှိနေရပါမယ်။ ပတ်ဝန်းကျင် အခြေအနေနဲ့ ကိုယ့်ကားရဲ့အနေအထားကို
စစ်ဆေးပြီးတဲ့နောက်မှာတော့ ကလပ်ခ်ျကိုဖိပြီး နံပါတ်(၁) ဂီယာကို ပြောင်းလိုက်ပါ။ နံပါတ်(၁)ဂီယာဟာ
ပုံမှန်အားဖြင့် ဘယ်ဘက်ကိုသွားပြီး အပေါ်ကို တွန်းတင် ရလေ့ရှိပါတယ်။ နံပါတ်(၁)ဂီယာထိုးထားချိန်မှာ
ကားစတင်ရွေ့နေပြီလို့ မခံစားရခင်အထိ လီဗာကို ဖြည်းဖြည်းလေးနင်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး
အကြိမ်ကြိမ်အခါခါ စမ်းသပ်မောင်းနှင်ပြီး အသားကျလာမှ သာ နောက်တစ်ဆင့်တက်ဖို့ လိုအပ်ပါတယ်။
အဲဒီနောက် အင်ဂျင်ဆီလိုက်လာအောင် အနည်းငယ် မောင်းနှင် ရမှာဖြစ်ပြီး လိုအပ်တာထက် ပိုကြာသွားရင်လည်း
ကလပ်ခ်ျ လောင်သွားနိုင်ပါတယ်။ အဲဒီနောက် အင်ဂျင် ဆီလိုက်လာရင်တော့ နင်းထားတဲ့ ကလပ်ခ်ျကို
လွှတ်လိုက်လို့ရပါပြီ။
ရုတ်တရက် စက်ရပ်သွားရင် ဘယ်လိုလုပ်မလဲ
စိတ်အေးအေးထားပါဦး။
ကားက ပုံမှန်အခြေအနေမှာရှိနေပြီး ကိုယ့်အနေနဲ့ ဒါကိုလည်း အပြစ်လို့ ပြောလို့မရပါဘူး။
ကလပ်ခ်ျကိုပြန်ဖိပြီး ကားစက်ကိုပြန်နှိုးရမှာဖြစ်ပါတယ်။ ကားရဲ့အခြေအနေက ပုံမှန် မှာရှိနေပြီး
ဘာဖြစ်လို့ရုတ်တရက် စက်ရပ်သွားရတာလဲဆိုတာ အဖြေရှာရပါမယ်။ ကိုယ်က နံပါတ်(၁)ဂီ ယာထိုးထားပေမယ့်
ဆီလုံလုံလောက်လောက်မရှိရင် ဒီလိုမျိုးလည်းဖြစ်တတ်ပါတယ်။ ဆီလက်ကျန်မရှိဘဲ ကားမောင်းမယ်ဆိုရင်
ဒီလိုမျိုး ရုတ်တရက် ကားစက်ရပ်သွားတတ်ပါတယ်။
ဂီယာဘယ်လိုပြောင်းမလဲ
ဂီယာပြောင်းတာက
ကားစတင်မောင်းနှင်တာထက် ပိုမိုလွယ်ကူပါတယ်။ သာမန်အားဖြင့် Manutal ကားတွေမှာ ဂီယာက
နံပါတ်(၁၊၂၊၃၊၄၊၅) ရှိပြီး တချို့ကားတွေမှာတော့ နံပါတ်(၆)အထိ ရှိတတ်ပါတယ်။ ဂီယာအုံကအင်္ဂလိပ်
အက္ခရာ (H)လို ပုံစံမျိုးဖြစ်ပြီး ဂီယာပြောင်းလို့ အကောင်းဆုံးအမြန်နှုန်းကတော့ (၁)နာရီ
(၂.၅) ကီလိုမီတာနှုန်းကနေ (၁)နာရီ (၃) ကီလိုမီတာနှုန်းလောက်ထိဖြစ်ပါတယ်။ ဂီယာပြောင်းမယ်ဆိုရင်
လီ ဗာကိုလွှတ်ပြီး ကလပ်ခ်ျနင်းဖို့ လိုအပ်ပါတယ်။ ကလပ်ခ်ျနင်းတဲ့အချိန်မှာလည်း ဖြည်းဖြည်းသာသာ
နင်းရမှာ ဖြစ်ပြီး ဒါမှ ဆီနဲ့အင်ဂျင် သဟဇာတဖြစ်သွားမှာပါ။
စမ်းသပ်မောင်းနှင်ရာမှာ အခက်အခဲအမျိုးမျိုးကြုံတွေ့နိုင်ပေမယ့်
အကြိမ်ကြိမ်အခါခါ စမ်းသပ် မောင်းနှင်ရင်တော့ ကျွမ်းကျင်တဲ့အဆင့်ထိ ရောက်လာပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် Manutal နဲ့ ကားမောင်းစသင်ရင် ကိုယ်ကဘယ်ကားမဆို (အော်တိုရော၊ Manutal
ပါ) မောင်းနှင်နိုင်မှာဖြစ်ပြီး ကားမရွေးတဲ့အတွက် အဆင်ပြေလာပါလိမ့်မယ်။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment