Mazda









                  
ဝါးခြမ်းပြားလေးတစ်ချပ်ကို တွန်းဖယ်လိုက်ရသလိုပေါ့ပါးခြင်းမျိုးနဲ့ တံခါးအဖွင့်အပိတ် ပြုလုပ်နိုင်တဲ့ ကားမျိုး သင့်ဘ၀မှာမြင်တွေ့ဖူးပါသလား။ မမြင်ဖူးသေးဘူးဆိုရင်တော့ ဒီလိုထူးခြားတဲ့အသွင်အပြင်နဲ့ စွမ်းဆောင်ရည်ကို Mazda က ထုတ်ပေးနိုင်ပါတယ်။ Mazda ရဲ့တံခါးတွေက အခြားကားတွေနဲ့ လုံးဝမတူ အောင်ဖန်တီးထားပြီး ဖွင့်ပိတ်ချိန်မှာ လုံးဝါပေါ့ပါးသက်သာနေမှုကို ပေးစွမ်းနိုင်ရမယ်လို့ ကုမ္ပဏီကမိတ်ဆက် ထားတာပါ။ ဂျပန်၊ ကိုလံဘီယာ၊ အီရန်၊ ထိုင်ဝမ်စတဲ့နိုင်ငံတွေမှာ တပ်ဆင်တဲ့ဒီကားကို မောင်းနှင်ချိန်မှာ ကားနဲ့ မောင်းနှင်သူဟာ ရာနှုန်းပြည့်တစ်သားတည်းရှိနေမှာဖြစ်ပါတယ်။ တံခါး(၄)ပေါက်၊ (၅)ပေါက်နှစ်မျိုးနဲ့ရနိုင်တဲ့ ဒီကားကို ၂၀၀၃ ခုနှစ်မှာ ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး ဒီနေ့အထိ အတွင်ကျယ်ဆုံး ထုတ်လုပ်နေ နိုင်ဆဲဖြစ်ပါတယ်။ ၂၀၁၆အတွင်းလူကြိုက်အများဆုံးစာရင်းဝင်ခဲ့တဲ့ Mazda ကတော့ တတိယမျိုးဆက်ဖြစ်ခဲ့ပြီး ဂီယာ(၆) ချက်နဲ့ မောင်းနှင်နိုင်အောင် ဒီဇိုင်းဆင်ထားတာပါ။

Mazda MX-5 Miata
၂၀၁၆ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ တောင်းဆိုမှုမြင့်တက်ခဲ့တဲ့ကားတွေထဲမှာ Mazda MX-5 Miata ကလည်း တစ်စီးအပါအ၀င်ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ လူကြိုက်အများဆုံး ကားတစ်စီးဖြစ်လာဖို့ ရည်ရွယ်ထုတ်လုပ်ထားတယ်ဆိုတဲ့ ဒီကားကို သံမဏိ၊ ဖန်၊ ရာဘာစတဲ့  အရာ(၃)မျိုးနဲ့ သာမန်ကားတွေမှာ ထက် ပိုမိုသာလွန်အောင် ဖန်တီးထားတာပါ။ ပြီးတော့ အခြားကားတွေနဲ့မတူဘဲ ထူးခြားနေတဲ့အချက်တစ်ခု ကတော့ Mazda MX-5 Miata ဟာ ပြိုင်ဘက်တွေထက်ပိုပြီး ပေါ့ပါးနေတာပဲဖြစ်ပါတယ်။ ပေါ့ပါးတယ်၊ လျင်မြန် တယ်၊ ဒါပေမဲ့ လုံလောက်တဲ့တည်ငြိမ်မှုနဲ့ သက်သောင့်သက်သာဖြစ်မှုကိုလည်း မပျက်မကွက်ပေးစွမ်းနိုင်သေး တာပါ။ နောက်ဆုံးပရိသတ်တွေရဲ့ လက်ခုပ်သံကိုခြူချသွားနိုင်တဲ့ အချက်တစ်ချက်ကတော့ စီးနင်းသူတွေကို လုံခြုံမှုပေးစွမ်းနိုင်မှုအပိုင်းမှာ ရာနှုန်းပြည့်အာမခံချက်ပေးထားနိုင်တာပဲ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တဲ့ဒီကားဟာ တန်ဖိုးအားဖြင့်လည်း ထိပ်ဆုံးရောက်လောက် အောင်မြင့်မားနေတာမျိုးမဟုတ်တာ ကြောင့် လူကြိုက်များပါတယ်။

Tesla Model S 70/ 70D
''အဖြူရောင်''ကြယ်ဆိုတဲ့ နာမည်ပြောင်ပေးခံထားရတဲ့ ဒီကားကိုတော့ အမေရိကန်အခြေစိုက်ကား ကုမ္ပဏီ ဖြစ်တဲ့ Tesla Model S 70/ 70D က ထုတ်လုပ်တာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ရောက်မှ စတင် တည်ထောင်တာကြောင့် တည်ထောင်သက်(၁၃)နှစ်သာရှိသေးပေမယ့် သူ့ရဲ့အောင်မြင်မှုကတော့ အံ့မခန်းပါ။ ၂၀၁၆အတွင်း ၀န်ထမ်း ပေါင်း(၃၀.၀၀၀)ကျော်နဲ့ လုပ်ငန်းလည်ပတ်နေသလို ၂၀၁၅ ခုနှစ်အတွင်း နောက်ဆုံးကောက်ယူခဲ့တဲ့ စာရင်းတွေအရ တစ်နှစ်အသားတင်ဝင်ငွေ ပေါင်(၈၈၈.၇)သန်း အထိ ဒီကုမ္ပဏီက ရှာဖွေနေနိုင်တာဖြစ်ပါ တယ်။  Tesla Model S 70/ 70D ရဲ့ထူးခြားချက်တစ်ရပ်ကတော့ အားလုံးကို လျှပ်စစ်နဲ့မောင်းနှင်လို့ရအောင် ဖန်တီးထားတဲ့အချက်ပါ။ တံခါး(၅)ပေါက်ပါပြီး ဆီဒင်အမျိုးအစားဇိမ်ခံကား ဖြစ်တဲ့ ဒီကားဟာ မြန်နှုန်းမြင့် တင်နိုင်စွမ်းမှာ ကမ္ဘာ့တတိယအမြန်ဆုံးကားအဖြစ်လည်း သတ်မှတ်ခံထားရ တာဖြစ်ပါတယ်။ ရှေ့ဘီးယက် အမျိုးအစားဖြစ်ပြီး သူ့ရဲ့ဘော်ဒီအချိုးနဲ့ ဆန်းသစ်တဲ့ဟန်ပန်ကြောင့် ၂၀၁၆ အတွင်း အဟော့ဆုံးကားစာရင်းထဲမှာပါဝင်လာခဲ့တာပါ။
Porsche Boxster/ Cayman 
Mid-engined နဲ့ ထိုင်ခုံ(၂)ခုံ တပ်ဆင်ထားတဲ့ဒီကားဟာ ၁၉၉၆ ခုနှစ်မှာဈေးကွက်ထဲကို စတင် ရောက်ရှိ လာခဲ့တာကြောင့် အခုဆိုရင် သူ့သက်တမ်းက နှစ်(၂၀)တိတိရှိနေပါပြီ။ ပရိသတ်တွေရှေ့ကို စတင်ရောက်ရှိ လာခဲ့ချိန်ကတည်းက  အမိုးဖွင့်ကားပုံစံလေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သမာရိုးကျပုံစံထဲက ခွဲထွက်လာနိုင်တဲ့ သူ့ဒီဇိုင်းကြောင့် ၀ယ်လိုအားများခဲ့ပါတယ်။ ၁၉၉၆-၂၀၀၄၊ ၂၀၀၄-၁၂၊ ၂၀၁၂- ယနေ့ဆိုပြီး မျိုးဆက်(၃)မျိုးနဲ့ အဆင့်ဆင့်ပြောင်းလဲလာခဲ့ချိန်မှာ အင်ဂျင်ပါဝါ၊ စွမ်းဆောင်ရည်နဲ့ ပိုပြီးကျစ်လျစ်ခိုင်ခန့်တဲ့ ရုပ်ထွက်တွေနဲ့ တစ်စထက်တစ်စ လူကြိုက်ပိုများလာတဲ့ကားအဖြစ်လည်း သတ်မှတ်ခံထားရတာပါ။
၂၀၁၆ခုနှစ်အတွင်း Porsche Boxster/ Cayman ပတ်သက်လို့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို
ပြန်လည်တောင်းဆိုခဲ့ရာမှာ Porsche Boxster/ Cayman ကိုမောင်းနှင်ပြီးချိန်မှာ တခြားဘာကိုမှ
မမောင်းချင်လောက်အောင်ဖြစ်ရပါတယ်ဆိုတဲ့ တုံ့ပြန်မှုပြန်ရတဲ့ ကားချစ်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Volkswagen Golf/GTI/Golf R
မိသားစုတစ်ခုလုံးစီးနင်းနိုင်မယ့်ကားတွေထဲမှာမှ သေးငယ်တဲ့ကားမျိုးကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုသူ တွေအတွက် Volkswagen Golf/GTI/Golf R က အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။ တံခါး(၂/၃/၅) ပေါက်ဆိုပြီး
ကိုယ်ကြိုက်တဲ့အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်တဲ့ ဒီကားမှာ ရှေ့ဘီးယက်အမျိုးအစား အင်ဂျင်တပ်ဆင် ထားပါတယ်။ Volkswagen Golf/GTI/Golf R ဟာ လက်ရှိအချိန်မှာ သတ္တမမြောက်မျိုးဆက်အဖြစ် ဈေးကွက် ထဲကိုရောက်ရှိနေပြီဖြစ်ပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ၁၉၇၄ခုနှစ်ကနေ ဒီနေ့အထိ ကမ္ဘာ့ဒုတိယရောင်းအား
အကောင်းဆုံးမော်ဒယ်အဖြစ်လည်း သတ်မှတ်ခံထားရတာပါ။
အာကာထက်ဝေ
Share on Google Plus

0 comments:

Post a Comment