စမတ်ဖုန်းအများစုမှာအသုံးများလေ့ရှိတဲ့
လုပ်ဆောင်ချက်တွေထဲကမလိုလားအပ်တဲ့ အ၀င် Call တွေကို block ပြုလုပ်နိုင်တဲ့လုပ်ဆောင်ချက်ဟာအင်မတန်အသုံးဝင်လှပါတယ်။
အထူးသဖြင့် ကိုယ်နဲ့မသိဘဲ ကိုယ့်ရဲ့ဖုန်းနံပါတ်ကို ခဏခဏမှားဆက်တာမျိုးနဲ့ ကိုယ်နဲ့သိသော်ငြား
ဖုန်းခေါ်ဆိုမှုကိုတစ်ဦးတစ်ယောက် ချင်းစီအတွက် သီးသန့်ရပ်နားထားချင်တဲ့အခါမျိုးတွေမှာ
block ပြုလုပ်ထားနိုင်ခြင်းဟာ လွယ်လွယ်ကူကူ နဲ့ဖြေရှင်းထားနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒါဟာလည်းစမတ်ဖုန်းအသုံးပြုသူအတော်များများအတွက် ဟိုးယခင်ကတည်းကသိရှိ အသုံးပြုနေခဲ့ကြ တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ block funcation ဟာအမြင့်ပိုင်း handset အတော် များများမှာသီးသန့်
Apps အသုံးပြုစရာမလိုဘဲ built-in လုပ်ဆောင်ချက်တစ်ခုအဖြစ် ပါဝင်လာခဲ့ကြပြီဖြစ် ပါတယ်။
စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကိုယ်ပိုင်စမတ်ဖုန်းအမှတ်တံဆိပ်အလိုက် block function ကိုယ်ပိုင်ဟန်ပန်နဲ့
လိုက်လျောညီထွေအောင်ထည့်ပေးတတ်ကြတဲ့အတွက် အသုံးပြုပုံဟာအနည်းနဲ့ အများကွာခြားသွားတတ်ကြပါတယ်။
တကယ်လို့ကိုယ့်ရဲ့ဖုန်းမှာဒီလုပ်ဆောင်ချက်မပါဝင်ဘူးဆိုရင်လည်း သီးသန့် Apps တစ်ခုဖြစ်တဲ့
Call Blocker တစ်မျိုးမျိုးကိုထည့်သွင်းအသုံးပြုကြပါတယ်။ များသောအားဖြင့် Call
Blocker Apps တွေဟာ သီးသန့်လုပ်ဆောင်ချက်အများအပြားပါဝင်ပြီး
တစ်ခါတစ်ရံ ပြည့်ပြည့်၀၀အသုံးချနိုင်ဖို့အတွက် ဖုန်းကို root ပြုလုပ်ထားဖို့တောင်းဆိုတတ်ကြပါတယ်။
ဒီအခါကိုယ့်ရဲ့ဖုန်းနဲ့မကိုက်ညီခဲ့ရင် အသုံးပြုဖို့အတွက် Mr.Number ဆိုတဲ့ Call
Blocker Apps လေးကိုဖော်ပြပေးချင်ပါတယ်။ Mr.Number ဟာ အ၀င် call တွေကို block ပြုလုပ်နိုင်တဲ့အပြင်
text-message တွေကိုပါ တားဆီးနိုင်တာကြောင့် ကိုယ်နဲ့မသိတဲ့ သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊
message တွေဆက်တိုက်ပေးပို့ခံရမှုတွေကိုပါ ကာကွယ်ထားနိုင်မှာဖြစ်ပါ တယ်။
Mr.
Number ကိုအသုံးပြုဖို့အတွက်ဖွင့်လိုက်တဲ့အခါ Verify ပြုလုပ်ခိုင်းပေမယ့် Skip နှိပ်ပြီးကျော်လိုက်ပါ။
ပထမဆုံး Mr.Number ရဲ့ Home Screen မှာ Recent ရယ် Block History ဆိုပြီး Tab နှစ်ခုရှိပါတယ်။
Recent ကတော့ ကိုယ့်ဖုန်းရဲ့အ၀င်၊ အထွက် ခေါ်ဆိုမှုမှတ်တမ်း Call Log ပါပဲ။ ကိုယ် block
ပြုလုပ်ချင်တဲ့ contact ဟာ contact မှာရှိနေမှမဟုတ်ပါဘူး။ ဒီ unknow number တွေကိုလည်း
recent list ကနေပဲရွေးချယ်ပြီး block ပြုလုပ်နိုင်ပါတယ်။
ပေါ်နေတဲ့နံပါတ်တစ်ခုချင်းစီရဲ့
ညာဘက်အစွန်နားမှာအစက်ကလေးတွေနဲ့ဖော်ပြထားတဲ့ Button လေးတွေရှိပါတယ်။ block လုပ်ချင်တဲ့
နံပါတ်ဆိုရင် အဲဒီနံပါတ်တည့်တည့်က button လေးကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့ pop-up box
ကနေ block number ဆိုတာကိုရွေးပါ။ ပြီးရင် Done ကိုဆက်နှိပ်ပါ။ ဒါဆိုရင် ဒီနံပါတ်ဟာ
block list ထဲကနေမထုတ်မချင်း ကိုယ့်ဆီကိုဆက်လို့လုံးဝရတော့မှာမဟုတ်ပါဘူး။ Block ခံထားရတဲ့နံပါတ်တွေဟာ
message လည်းပေးပို့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခြွင်းချက်တစ်ခုရှိတာက အသုံးပြုတဲ့
စမတ်ဖုန်းဟာ Android 4.4 နဲ့ အထက်ရှိနေခဲ့မယ်ဆိုရင်တော့ message block ဟာအလုပ်လုပ်မှာမဟုတ်တော့ပါဘူး။
တကယ်လို့
ကိုယ် block ချင်တဲ့ဖုန်းနံပါတ်ဟာ recent list ထဲမှာမရှိဘူးဆိုရင်လည်း ဖုန်းနံပါတ်အတိုင်း ရိုက်ထည့်ပြီး
block ထားနိုင်ပါတယ်။ Blocl ရဲ့အောက်ဘက်မှာရှိတဲ့ add button လေးကိုနှိပ်ပြီး ကိုယ်ထည့်ချင်တဲ့
ဖုန်းနံပါတ်ကိုရိုက်ထည့်နိုင်ပါတယ်။
Mr.
Number ရဲ့ ညာဘက်ထောင့်အပေါ်ဆုံးနားမှာ Setting ဆိုတဲ့ Button လေးရှိပါတယ်။ အဲဒီနေရာကနေ
block လိုက်တဲ့အတွက် ဘယ်ဖုန်းတွေဆက်ထားတယ်ဆိုတဲ့ notification ကိုဖော်ပြချင်လား၊ မပြချင်ဘူးလားဆိုတာ
ပြင်ဆင်နိုင်သလို ဖုန်းဝင်လာလို့ block လိုက်တိုင်းမှာဖော်ပြပေးတဲ့ Mr.Number ရဲ့ Pop-up
ကိုလည်းဖော်ထားနိုင်/ဖျောက်ထားနိုင်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment