ခေတ်သစ်ရဲ့ရေစီးကြောင်းထဲကို
လိုက်ပါစီးမျောဖို့အတွက် ဖုန်းအသစ်တစ်လုံးဝယ်ယူ ဖို့စဉ်းစားနေရင်း ကမှ ဖုန်းအသစ်တစ်လုံးဝယ်ယူတာဟာ
အဲဒီလောက်မရိုးရှင်းဘူးဆိုတာကိုသိလိုက်ရတဲ့အခါ…
Android ဟုဆိုရာဝယ်
ခေတ်သစ်ရဲ့ ရေစီးကြောင်းထဲကို လိုက်ပါစီးမျောဖို့အတွက် ဖုန်းအသစ်တစ်လုံး ၀ယ်ယူဖို့
စဉ်းစားနေရင်းကမှ ဖုန်းအသစ်တစ်လုံးဝယ်ယူတာဟာ အဲဒီလောက်မရိုးရှင်းဘူး ဆိုတာကို သိလိုက်ရတဲ့အခါ
ခေါင်းရှုပ်သွားတတ်ကြပါတယ်။ ဖုန်းအသစ်တစ်လုံးဝယ်ယူတဲ့အခါ ထည့်သွင်း စဉ်းစား စရာမေးခွန်းတွေနဲ့
အချက်အလက်တွေ တစ်ပြုံတစ်မကြီးရှိပါတယ်။
စမတ်ဖုန်းဆိုတာ
စမတ်ဖုန်းဆိုတာဟာ
ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ပေးနိုင်ပြီး အိတ်ကပ်နဲ့ဝင်ဆံ့တဲ့ ကြိုးမဲ့ကွန်ပျူတာ တစ်လုံး ပဲဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ပေးနိုင်ပြီး စာတိုလေးတွေပို့ပေးနိုင်တဲ့အပြင် အခြေခံဂိမ်းလေးတွေ သာ
သွင်းထားပေးတဲ့အခြေခံဖုန်းတစ်လုံးနဲ့မတူတဲ့ စမတ်ဖုန်းဟာ အဲဒီသာမန်အရာလေးတွေအပြင် အများကြီးပိုလုပ်ဆောင်ပေးနိုင်ပါတယ်။
စမတ်ဖုန်းဟာ
အင်တာနက်ကို ချိတ်ဆက်ပေးနိုင်ပြီး ရှာဖွေမှုတွေပြုလုပ်ပေးနိုင်သလို ခရီးလမ်းညွှန်မှုတွေ လည်းပြုလုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ဓာတ်ပုံရိုက်မယ် ဗီဒီယိုရိုက်မယ် လူမှုကွန်ရက်တွေမှာ ၀င်ရောက် ချိတ်ဆက်မယ် အီးမေးလ်တွေပို့မယ်
အစရှိတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
နဂိုမူလစွမ်းဆောင်နိုင်တာထက်ကျော်လွန်ပြီး တစ်ခုခုလုပ်ချင်နေတယ်ဆိုရင်လည်းစမတ်ဖုန်းတွေအတွက်
အခမဲ့ Doenload ရယူနိုင်ပြီး လိုအပ်ချက်အများကြီးကို ဖြည့်ဆည်းပေးနိုင်တဲ့ Application
တွေ ထောင်ချီပြီးရှိနေပါတယ်။
အမှောင်ထဲမှာမမြင်မစမ်းဖြစ်နေလို့
လက်နှိပ်ဓာတ်မီးတစ်လက်လိုအပ်နေတယ်ဆိုရင် Flashlight App တစ်ခုခုကို Download ဆွဲယူ
Install လုပ်ပြီး ကိုယ့်စမတ်ဖုန်းကို လက်နှိပ်ဓာတ်မီးတစ်လက်အဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။
ကား၊ ရထား၊
လေယာဉ် စောင့်နေရင်း ပျင်းလာတယ်ဆိုရင် အချိန်ဖြုန်းဖို့ အခမဲ့ဂိမ်းတစ်ခုကို Download
ဆွဲလိုက်ပါ။ ဒါမှမဟုတ် ကိုယ်နှစ်သက်ရာရုပ်ရှင်၊ ဗီဒီယိုသို့မဟုတ် ဖျော်ဖြေရေးအစီအစဉ်တစ်ခုခုကို
ကြည့်နေလိုက်ရုံပါပဲ။
Android
phone ဆိုတာ
Android ဖုန်းဆိုတာ
Google ကနေဖန်တီးထားတဲ့ Software နဲ့လည်ပတ်နေတဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ထဲကထိပ်တန်းပြိုင်ဘက်တွေထဲမှာ
တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အချို့ဆိုရင် ဈေးကွက်ထဲက အကောင်းဆုံးစမတ်ဖုန်းတွေလည်ပတ်မောင်းနှင်နိုင်ဖို့အတွက်
Android Operating System ကို သုံးတယ်လို့တောင် ငြင်းခုံလာနိုင်ပါတယ်။
စမတ်ဖုန်းတိုင်း
Android လား
စမတ်ဖုန်းအားလုံးကတော့
Android ဖုန်းမဟုတ်ကြပါဘူး။ Android ဖုန်းတွေဟာ စမတ်ဖုန်း စီးပွားရေးလောကထဲမှာ အကောင်ကြီးတွေထဲက
တစ်ကောင်သာဖြစ်ပါတယ်။ မတူညီတဲ့ Operating System တွေနဲ့ လည်ပတ်နေတဲ့စမတ်ဖုန်းတွေအများကြီးရှိပါတယ်။
ဥပမာအားဖြင့် ကွန်ပျူတာဝယ်မယ်ဆိုရင်တောင် Operating System နဲ့ Software နှစ်သက်ရာရွေးချယ်လို့ရသလိုပါပဲ။
ကွန်ပျူတာနှစ်မျိုးလုံးကမတူညီတဲ့ Operating System တွေနဲ့ Software တွေသုံးကြပေမယ့်
ယေဘုယျအားဖြင့်တော့ ကိုယ်လုပ်ချင်တာကို ပြီးမြောက်အောင်လုပ်ဆောင်ပေးကြတာပါပဲ။
လက်ရှိမှာပြိုင်ဆိုင်မှုအင်အားအရမ်းပြင်းထန်လွန်းတဲ့
စမတ်ဖုန်းဈေးကွက်ထဲမှာလူကြိုက်အများဆုံးနဲ့ အောင်မြင်မှုအရှိဆုံး Operation
System တွေကတော့ နာမည်ကျော် iPhone ကို မောင်နှင်လည်ပတ်ပေးနေတဲ့ Apple iOS, ဖုန်းကုမ္ပဏီအများစုရဲ့
စမတ်ဖုန်းတွေမှာတွေ့နိုင်တဲ့ Google ရဲ့ Android, Microsoft ကုမ္ပဏီရဲ့ Windows OS နဲ့
Research In Motion (RIM) ရဲ့ Blackberry OS တို့ပဲ ဖြစ်ကြပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
ဒါကြောင့်
စမတ်ဖုန်းတစ်လုံးရွေးချယ်ပြီဆိုတဲ့အခါ ပထမဆုံးဖြေရှင်းရမယ့် ပဟေဠိက Operatng
System ပဲဖြစ်ပြီး ကိုယ့်ရဲ့နောက်ဆုံးရွေးချယ်မှုဟာ ပထမဦးဆုံးခြေလှမ်းပေါ်မှာမူတည်နေမှာဖြစ်ပါတယ်။
Android ဖုန်းတွေဟာ
ဒီနေ့ဈေးကွက်ထဲမှာတော့ လူအကြိုက်စမတ်ဖုန်းအမျိုးအစားပုံစံဖြစ်ပါတယ်။ ရှင်းလင်းမှုရှိသလို
ကိုယ့်စိတ်သဘောကျအတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဖန်တီးခွင့်ပေးထားတဲ့ Open Source ဖြစ်နေတာကလည်း
အဓိကအချက်ပဲဖြစ်ပါတယ်။
0 comments:
Post a Comment