ပြည့်စုံကောင်းမွန်တဲ့
Notepad Apps တစ်ခုသီးသန့်အသုံးပြုချင်တယ်ဆိုရင်တော့ Note Anytime ဆိုတဲ့ Apps လေးကိုညွှန်ပြချင်ပါတယ်
ယနေ့ခေတ်လူမှုနယ်ပယ်မှာIT
ပစ္စည်းတွေရေပန်းစားလာတာနဲ့အညီ Android Tabled တွေဟာလည်း ဈေးကွက်မှာအမျိုးအစားအစုံအလင်ဝင်ရောက်လာပါတယ်။
တချို့အမှတ်တံဆိပ် Android Tablet တွေဟာ ဈေးနှုန်းအသင့်အတင့်နဲ့လုပ်ဆောင်နိုင်စွမ်းကောင်းမွန်တာကြောင့်
ဈေးကွက်မှာ ၀ယ်လိုအား အလွန်ကောင်း မွန်တာကိုလည်းတွေ့ကြရပါတယ်။ များသောအားဖြင့် Tablet
ကို အင်တာနက်အသုံးပြု ဆက်သွယ်ဖို့၊ သီချင်းနားထောင် ဗွီဒီယိုကြည့်ဖို့၊ ဂိမ်းဆော့ဖို့၊
စာအုပ်ဖတ်ဖို့ အစရှိတဲ့ဖျော်ဖြေရေး ပစ္စည်း တစ်ခုအဖြစ်အသုံးပြကြပါတယ်။
ဒါပေမဲ့ Android
Tablet တစ်ခုရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ဒီထက်မကရှိနေပါသေးတယ်။ ကိုယ်နဲ့ သက်ဆိုင် မယ့်ပညာရေးအထောက်
အကူပြု Apps လေးတွေထည့်ထားမယ်၊ နည်းပညာနဲ့ပတ်သက်တဲ့ Apps လေးတွေစမ်းသပ်အသုံးပြုမယ်၊
လူမှုကွန်ရက် Apps အသုံးပြုပြီး သူငယ်ချင်းတွေနဲ့စကားပြောဆိုမယ် စသည်ဖြင့် မြောက်များစွာသောလုပ်ဆောင်ချက်တွေပြုလုပ်နိုင်ပါသေးတယ်။
ဒါ့အပြင် အကြောင်းအရာ ကိစတစ်ခုခု၊ အချက်အလက်တစ်ခုခုကိုစာရွက်ကလေးတွေ
မှတ်စုကလေးတွေနဲ့ရေးသား မှတ်တတ်တဲ့ သူတွေအဖို့ ကိုယ့်ရဲ့ Tablet ကို Note Pad တစ်ခုလိုလည်း
အသုံးပြုနိုင်ပါသေးတယ်။
အချို့ Android Tablet တွေမှာ NotePad သဖွယ်အသုံးပြုနိုင်တဲ့
Apps လေးတွေတစ်ပါတည်း ထည့် သွင်းပေးထားတတ်ပေမယ့် ပြည့်စုံကောင်းမွန်တဲ့ Notepad Apps
တစ်ခုသီးသန့်အသုံးပြုချင်တယ်ဆို ရင်တော့ Note Anytime ဆိုတဲ့ Apps လေးကိုညွှန်ပြချင်ပါတယ်။
Tablet ဆိုပေမယ့် မျက်နှာပြင် အရွယ် အစားကြီးမားတဲ့ Android Phablet ဖုန်းတွေမှာလည်းအသုံးပြုနိုင်ပါတယ်။
Note
Anytime.apk ကို Playstore သို့မဟုတ် [http://bit.ly/2bT3NJ1]ကနေ အခမဲ့ရယူပြီး Phone
ရဲ့ Storage တစ်ခုခုထဲကိုထည့်ပြီး install ပြုလုပ်ပါ။
Note
Anytime Application ဖွင့်လိုက်တာနဲ့ application ရဲ့ samply note တွေ download ပြုလုပ်မလားလို့မေးပါလိမ့်မယ်။
download ကိုနှိပ်ပါ။
Application
ပွင့်လာတာနဲ့ စာမျက်နှာ ၉ မျက်နှာပါဝင်တဲ့ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ လမ်းညွှန်လေးအရင်ဦးဆုံးပွင့်လာတာတွေ့ရပါလိမ့်မယ်။
လမ်းညွှန်ချက်တွေဖတ်ပြီးတဲ့အခါ
ဒါမှမဟုတ် Note အသစ်စတင်အသုံးပြုလိုတဲ့အခါမှာ မျက်နှာပြင်ပေါ်မှာရှိတဲ့မျက်လုံးပုံ icon
လေးကိုတစ်ချက်နှိပ်လိုက်ရင် editmode ထဲရောက်သွားကာ menubar တွေလည်းပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့
Menu ရဲ့ဘယ်ဘက်အပေါ်ဆုံးထောင့်နားမှာ document icon လေးရှိပါတယ်။ တစ်ချက်နှိပ်လိုက်ရင် note အသစ်တစ်ခုစတင်ခေါ်ယူနိုင်တဲ့နေရာရောက်ရှိသွားပါလိမ့်မယ်။
Creat
Note ကိုနှိပ်လိုက်ရင် ဘယ်လို Note မျိုးဖန်တီးမလဲ၊ ဥပမာ စာရွက်အလွတ်လား၊ မျဉ်းကြောင်းနဲ့လား၊
အရောင်နဲ့လား စသည်ဖြင့်ရွေးချယ်ခိုင်းပါလိမ့်မယ်။ ကြိုက်နှစ်သက်ရာတစ်ခုရွေးချယ်ပါ။
ပြီးရင် Note
အသစ်တစ်ခုပေါ်လာပြီးစတင်အသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်စေပြီးအသုံးပြုတဲ့ device ပေါ်မူတည်ကာ
စာမျက်နှာရဲ့အကျယ်အ၀န်းကိုဖော်ပြပေးထားမှာဖြစ်ပါတယ်။ လိုအပ်တဲ့အခါ မြင်ကွင်းချဲ့ကြည့်တာမျိုး၊
နေရာရွေ့ကြည့်တာမျိုးလည်းပြုလုပ်နိုင်ပါတယ်။
မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့
Pen ပုံစံ Button လေးကနေအသုံးပြုနိုင်တဲ့ tools တွေရွေးချယ်နိုင်ပြီး သီးသန့်ရေးဆွဲဖို့
Stylus သို့မဟုတ် Pen လိုအပ်မှာမဟုတ်ဘဲ လက်ချောင်းနဲ့သာ အလွယ်တကူထိတွေ့ရေးသားနိုင်မှာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment