ဇာရာကိုကာကွယ်ဖို့ဆိုရင်









အိုမင်းရင့်ရော်ခြင်းဆိုတာ လူတိုင်းကြုံရတဲ့သဘာဝဖြစ်စဉ်ပါ။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးမဲ့ နည်းလမ်းမရှိပါဘူး။ ဒါပေမဲ့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးသွားစေမဲ့ လျှို့ဝှက်ချက်တွေတော့ရှိပါတယ်။ အဲဒါတွေကတော့…

အသားအရေပုံမှန်ဂရုစိုက်
ပုံမှန်ဂရုမစိုက်တဲ့အသားအရေက မကျန်းမာနိုင်ပါဘူး။ အသားအရေပုံမှန်မထိန်းသိမ်းတဲ့အတွက် အရေပြားကညစ်နွမ်းလာမယ်။ အမည်းစက်လေးတွေပေါ်လာပြီး အိုမင်းရင့်ရော်ဖို့ အစပြုလာပါတယ်။

မှန်ကန်တှဲု့ငည ဃမေန ပစ္စည်းရွေးချယ်
အသားအရေထိန်းပစ္စည်းသုံးတာကလည်း ကိုယ့်အသားအရေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့လိုပါတယ်။ အိုမင်း ရင့်ရော်တာကို နှေးကွေးစေချင်သူတွေအနေနဲ့ကတော့ ပြင်းထန်တဲ့ဓာတုပစ္စည်းပါဝင်တှဲု့ငည ဃမေန တွေကို ရှောင်ရှားပြီးသဘာဝပစ္စည်း အခြေခံထုတ်ထားတှဲု့ငည ဃမေန မျိုးရွေးချယ်သုံးစွဲပါ။

ရေဓာတ်ပြည့်ဝနေပါစေ
နုပျိုနေချင်ရင်ရေကို လုံလောက်စွာသောက်ပေးပါ။ ရေကခန္ဓာကိုယ်ကိုအရည်ဓာတ်ပြည့်ဝနေပြီး ခန္ဓာကိုယ်တွင်းမလိုအပ်တဲ့ င်မနနျွေိငခေူ တွေ၊ အညစ်အကြေးတွေကို တစ်ခါတည်းစွန့်ထုတ်ပြီးသား ဖြစ်စေပါတယ်။

ပုံမှန်အိပ်ပေး
အိပ်စက်ချိန်မမှန်တာကလည်း လျှင်မြန်စွာအိုမင်းရတဲ့ အကြောင်းအရင်းတစ်ခုပါ။ အိပ်စက်ချိန်နည်းပါး တဲ့အတွက် အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။

အနားယူ
အလုပ်ချိန်မှာလည်း ခေတ္တအနားယူတတ်ဖို့လိုပါတယ်။ ဆက်တိုက်မရပ်မနားအလုပ်လုပ်နေခြင်းက စိတ်ဖိစီးစေပြီး အသားအရေကို ညစ်နွမ်းစေသလို အိုမင်းရင့်ရော်သွားစေတဲ့အတွက်ဖြစ်ပါတယ်။

ဦးနှောက်ကိုအလုပ်ပေး
အိုမင်းရင့်ရော်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ ဦးနှောက်ကို နေ့စဉ်ပုံမှန်အလုပ်မလုပ်ခြင်းက ထိုင်းမှိုင်းစေပြီး အိုမင်းရင့်ရော်သွားစေပါတယ်။

ပီကေ၀ါး
ခန္ဓာကိုယ်ကိုနေ့စဉ် လှုပ်ရှားအားကစားလုပ်လေ့ရှိပေမယ့် မျက်နှာကြွက်သားတွေကိုမေ့လျော့ နေကြပါတယ်။ ပီကေ၀ါးပေးတာက မျက်နှာကြွက်သားတွေကို လှုပ်ရှားခွင့်ရစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

 နေရောင်ကာလိမ်းဆေးသုံး
နေရောင်ခြည်က အရေပြားကင်ဆာဖြစ်စေရုံသာမက အရွယ်မတိုင်မီအိုမင်းခြင်းကိုဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ ဏ့ပျငခှေူကညှခမနနည လို့ခေါ်တဲ့ နေရောင်အလင်းပြန်စေတဲ့ ကာကွယ်ဆေးနေ့စဉ် ပုံမှန်သုံးပေးလိုက်ပါ။

အစားအသောက်ထိန်း
အသင့်စား၊ အဆီများတဲ့ အစားအစာတွေက အရွယ်မတိုင်မီအိုမင်းရင့်ရော်စေတဲ့ အကြောင်း တွေထဲကတစ်ခုပါ။ အကောင်းဆုံးကတော့ လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်တွေ နေ့စဉ်ပုံမှန် စားပေးပါ။

န်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment