လှိုင်လှိုင်ထလာတဲ့
ကားဈေးကွက်ရေစီးကြောင်းအောက်မှာ လူတိုင်းနီးပါးကားဝယ်စီးဖို့ ဆုံးဖြတ်လာ ကြပါတယ်။
တချို့က Brand News ၊ တချို့က အသုံးပြုရင်းစွဲရှိထားတဲ့ Used Car။ ကိုယ်ဟာ လာငြိတဲ့ အမျိုးအစားနဲ့ အချိုးအစားကိုရွေးချယ်ကြတာပါ။
ဒီနေရာမှာ ကျွန်တော်တို့ ဘတ်ဂျက်က စိတ်သွားတိုင်း နောက်ကလိုက်လာနိုင်မယ်ဆိုရင် ပြဿနာမရှိပေမယ့်
အကန့်အသတ်တွေရှိလာခဲ့မယ်ဆိုရင်တော့ Used Car (တစ်ပတ်ရစ်) တွေဘက်လှည့်ရတော့တာပါပဲ။ ဒီတော့
ကိုယ်ဝယ်မယ့်ကားက လက်ဦးပိုင်ရှင်တွေ လက်ထဲမှာ မတော်တဆမှုရှိခဲ့ဖူးတဲ့ တိုက်ကြေ ကားလား။
အော်ရီဂျင်နယ်ပဲလားဆိုတာ စစ်ဆေးရတော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီအချက်က ကားတန်ဖိုးကို
တစ်ဆစ်ချိုးအပြောင်း အလဲတွေဖြစ်စေနိုင် လို့ပါပဲ။ ကိုယ့်မျက်စိရှေ့ရောက်လာတဲ့ကားက အော်ရီဂျင်နယ်လား၊
တိုက်ကြေကားလား စစ်ဆေးကြည့် ရအောင်ပါ။
ယာဉ်မှတ်တမ်းကို စစ်ဆေးပါ
ကိုယ်ဝယ်ယူမယ့်ယာဉ်ရဲ့
နောက်ခံသမိုင်းကြောင်းကိုသိအောင် 'ယာဉ်သမိုင်းကြောင်းသုတေသန' ကုမ္ပဏီက ယာဉ်မှတ်တမ်းကို
တောင်းယူကြည့်ရပါမယ်။ ဒီမှတ်တမ်းထဲမှာ ဒီယာဉ်ကိုပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင် အစဉ်အဆက်ရဲ့စာရင်းတွေ
ပါဝင်နေပါတယ်။ ဒါ့အပြင် ဒီကားနဲ့ပတ်သက်တဲ့ အာမခံသတင်းအချက် အလက် တွေ၊ မတော်တဆဖြစ်မှုရှိ၊
မရှိကို မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကိုလည်း တစ်ဆက် တည်းသိခွင့် ရရှိမှာပါ။ ဒီစာရွက်၊
စာတမ်းတွေကပဲ ကိုယ်ဝယ်ယူဖို့အာရုံကျနေတဲ့ကားမှာ အရင်ကဘယ် လိုပြင်ချက်မျိုး တွေရှိနေလဲ။
တိုက်ကြေဖြစ်ခဲ့တာမျိုးရှိနေလား။ ဆေးတွေများပြန်ကိုင်ထားရလားဆိုတာ သေချာပေါက်သိရှိ
ရမှာဖြစ်ပါတယ်။
ဖန်ဒါ(Fender)နဲ့ ဘန်ပါ(Bumper)ကိုကြည့်
Fender
(ကားဘီးကာဗာ)နဲ့ Bumper တွေက တစ်ခုခုဖြစ်ထားရင် ညာလို့မရအောင် ထင်သာမြင် သာရှိတဲ့အပိုင်းတွေပါ။
ပိန်လိန်နေတာတွေ၊ ဆေးပွန်းပဲ့နေတာမျိုးတွေက ဒီအပိုင်းတွေမှာ အဖြစ်များပါ တယ်။ ဒါကြောင့်
ဒီအပိုင်းတွေက မကြာခဏလည်း ဆေးပြန်ကိုင်နေရတာဖြစ်လို့ မျက်စိနည်းနည်းယဉ် တာနဲ့ ဆေးမှား
နေလား၊ အော်ဆေးလားဆိုတာ ချက်ခြင်းသိနိုင်တာပါ။ အထူးသဖြင့် ဒီနှစ်ခုစလုံးကပေါ့ ပါးတဲ့
သတ္ထု (ဒါမှမဟုတ်) ပလတ်စတစ်တွေနဲ့ လုပ်ထားလို့ ကားတွေမှာ အထိအရှသိပ်မခံနိုင်တဲ့ အစိတ်အပိုင်းတွေလို့
လည်း သတ်မှတ်နိုင်ပါတယ်။
ရာသီဥတုပူလား၊ အေးလားဆိုတာ သာမိုမီတာကပြနိုင်သလို ဒီအစိတ်အပိုင်း
ကလည်း ကားတစ်စီးအနေနဲ့ အပျက်အဆီးရှိလား၊ မရှိဘူးလားဆိုတာ တိုင်းတာနိုင်တဲ့လမ်းညွှန်မြေပုံတွေပါ။
တကယ်လို့ ကျွန်တော်တို့အနေနဲ့ ဘန်ပါနဲ့ ဘီးကာဗာတွေမှာ
အပြစ်အနာအဆာတွေေ တွ့နေပြီဆိုရင်တော့ နောက်ထပ်အပျက်အဆီးတွေရှိနေသေးတယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့
သိနိုင်ပါပြီ။ ကားတစ်စီးရဲ့ဘော်ဒီကို စစ်ဆေးဖို့ သူတို့တွေက အရေးပါလွန်းပါတယ်။
လေကာမှန်ကပေးမယ့် အဖြေ
တိုက်ကြ၊
မှောက်ကြပြီဆိုရင် ရှောင်လွှဲလို့မရအောင် ပျက်စီးကြတဲ့အထဲမှာ မှန်တွေကလည်း ထိပ် ဆုံးနေရာက
ပါဝင်နေပါတယ်။ ဒါကြောင့် တစ်ပတ်ရစ်ကားတစ်စီး ၀ယ်တော့မယ်ဆိုရင် မှန်တွေကို မဖြစ်မနေ
စစ်ဆေးရတော့မှာပါ။ ရှေ့လေကာမှန်၊ နောက်လေကာမှန် အပါအ၀င် ပြတင်းပေါက်လေးခုစလုံးကို ဆိုလိုတာ
ဖြစ်ပါတယ်။ သာမန်အပေါ့စားမတော်တဆမှုတွေဖြစ်ရင် မှန်တွေအက်တာ၊ ခြစ်ရာ၊ ထင်းရာတွေဖြစ်တာ
လောက်ပဲရှိပေမယ့် ပြင်းထန်ရင်အားလုံးကွဲသွားလို့ လဲရတာကြောင့် အော်ရီဂျင်နယ် ဟုတ်၊
မဟုတ်ကို သိနိုင်မှာပါ။ ဘာပဲပြောပြော ကားမှန်တွေပေါ်မှာ အက်ကြောင်းတွေ၊ ပွန်းရာပဲ့ရာတွေ
တွေ့နေမယ်ဆိုရင် ဒီကားက သေချာပေါက်မတော်တဆမှုဖြစ်ဖူးထားတယ်ဆိုတဲ့ နိမိတ်ပုံတွေကို သိစေနိုင်မှာဖြစ်ပါတယ်။
ဘော်ဒီဘေးလိုင်းက သိသာတယ်
ကားဘော်ဒီဘေးတစ်ဖက်မှာ
ခါးကိုင်းချလိုက်ပါ။ ဒီလိုဆို ကားဘော်ဒီတွေကို ကောင်းကောင်းစစ် ဆေးလို့ရပါပြီ။ ခါးကိုင်းကြည့်လိုက်မယ်ဆိုရင်
ကားဘော်ဒီဘေးမှာ ထောင့်ဖြတ်ပြေးနေတဲ့ မျဉ်းကြောင်း တစ်ခုကို ပထမဆုံးဖြစ်ရပါလိမ့်မယ်။
ဒီမျဉ်းကြောင်းဟာ သာမန်အားဖြင့်ဆိုရင် အကွေးအကောက်မရှိဘဲ ဖြောင့်တန်းနေတတ်တာပါ။ ဒါဆိုရင်
ကားဘော်ဒီမှာ ဘာလုပ်ချက်မှမရှိဘဲ အော်ရီဂျင်နယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ
ဒီမျဉ်းကြောင်းလေးက မညီမညာဖြစ်နေရင်၊ ပုံစံပျက်နေရင် ဒီကားဘော်ဒီက ပြန်ကိုင်ထားရတယ်ဆိုတာ
သေချာနေပါပြီ။ ဒါ့အပြင် ပြန်ပြုပြင်ထားရတဲ့ဘော်ဒီဖြစ်နေရင် ဆေးသားကလည်း ပုံမှန်အတိုင်း
ပုံမှန်အတိုင်းအရောင်ပြန်တာမျိုးဖြစ်မနေဘဲ တခြားနေရာတွေနဲ့ ကွဲပြားခြားနားနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါတွေကတော့ ကားဘော်ဒီဘေးကတစ်ဆင့် တိုက်ကြေ ဟုတ် မဟုတ် စစ်ဆေးနိုင်တဲ့ အချက်တစ်ချက်ပါ။
တံခါးနဲ့ ဘောင်ကညီရဲ့လား
ပြန်ပြီးထုထောင်းရတဲ့
ကားဘော်ဒီတွေမှာ အများအားဖြင့် တံခါးနဲ့ တံခါးဘောင်တွေက အသား ကျရှိမနေဘဲ နည်းနည်းဖြစ်ဖြစ်
ဟ နေတတ်ပါတယ်။ အနာအဆာကင်းတဲ့ ကားတွေကိုကြည့်ရင် တံခါးနဲ့ ဘောင်ကြားထဲက ဆက်ကြောင်းဟာ
ဖြောင့်ဖြောင့်တန်းတန်းရှိနေတတ်ပေမယ့် တိုက်ကြေတွေဆိုရင်တော့ သမားရိုးကျမဟုတ်တဲ့ အသားမကျမှုတွေကို
မလွဲမသွေတွေ့ရမှာပါ။ တချို့ကားတွေမှာ ဗြုန်းခနဲကြည့်ရင် တွေ့နိုင်မှာမဟုတ်ပေမယ့် တိုက်ကြေကား
အများစုမှာ အဲဒီနေရာတွေ အလိုင်းမင့်လွဲနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
လက်နဲ့သပ်ကြည့်လည်း သိနိုင်တယ်
တံခါးဘောင်တွေ၊
ကားရဲ့တချို့ထောင့်နေရာတွေအပြင် Fender ၊ ဘန်ဘာစတဲ့နေရာတွေကို လက်ဖ၀ါးနဲ့ လိုက်ပွတ်သပ်ကြည့်တာကလည်း
အပြစ်အနာအဆာကင်းတဲ့ ကားဘော်ဒီ ဟုတ် မဟုတ် မှန်းဆ နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ စက်ရုံကထုတ်လိုက်တဲ့အတိုင်းပဲ
ပြစ်ချက်မရှိဘူးဆိုရင် လက်ဖ၀ါးထဲမှာ ချောမွေ့မှုကိုခံစားနိုင်မှာဖြစ်သလို တိုက်ကြေကားဖြစ်နေရင်လည်း
ဖုတွေပိန့်တွေက လက်ဖ၀ါးထဲကို အလိုအလျောက် ရောက်လာမှာမလွဲပါဘူး။
ဝက်အူရစ်တွေပြုန်းနေလား
ကားဘေးပတ်လည်မှာရှိနေတဲ့
ဝက်အူရစ်တွေပြုန်းနေလား။ ခေါင်းတွေမွနေလားဆိုတာကိုလည်း စစ် ဆေးသင့်ပါတယ်။ ဒီကားသာ ဘော်ဒီပိုင်းမှာ
ထိခိုက်ဒဏ်ရာတွေ မကြာခဏရလို့ ဖြုတ်တတ်နေရရင်၊ တိုက်ကြေကားဖြစ်နေရင် ဒီနေရာလေးတွေမှာလည်း
ဒဏ်ရာဒဏ်ချက်တွေကို တွေ့ရှိနိုင်လို့ပါပဲ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment