ပျိုခင်းကနေ တင်ပေးရင် အောင်မြင်ပေါက်ရောက်တယ်ဆိုပြီး
ဝင်ခဲ့တာလားဆိုတော့ အရွေးခံလိုက်ရတဲ့ အခါ အများကြီးလုပ်ခွင့်တွေရသွားတယ်…
ပိုင်ဖြိုးသု
အခု
Demon မကောင်းဆိုးဝါးဆိုတဲ့ကားလေးရိုက်နေပါတယ်။ ဗီဒီယိုပါ။ ဒါရိုက်တာ ဦးဗေဒါ၊ မင်းသား
က အန်ကယ်လေး၊ ကားကြီးတွေလည်း ရိုက်နေတယ်။ ရှေ့ဒီဇင်ဘာလမှာလည်း ကားကြီးနှစ်ကားဝင်မယ်
ဆိုလာသူလေးက ဒီတစ်ပတ် Shape ဂျာနယ်ရဲ့ Cover Star ပျိုးခင်းမင်းသမီးလေး ဒေါက်တာ ပိုင်ဖြိုးသုပါ။
အနုပညာပျိုးခင်းက အရွေးခံလိုက်ရတာအခုဆို
(၂)နှစ်ရှိပြီ။ ရိုက်ထားတာတွေကတော့ အများကြီးပဲ…
အနုပညာပျိုးခင်းက
အရွေးခံလိုက်ရတာအခုဆို (၂)နှစ်ရှိပြီ။ ရိုက်ထားတာတွေကတော့အများကြီးပဲ ဆရာတွေနဲ့က။ အဲဒီအထဲမှာ
မှတ်မှတ်ရရဆိုရင် အန်ကယ်လေးနဲ့ရိုက်တဲ့ ရွှေကျုပ်ဆိုတဲ့ကား။ အဓိကတော့ ပရိသတ်ကသဘောကျတာပါ။
နောက်တစ်ခုက ကိုနေတိုးနဲ့ရိုက်ဖြစ်တဲ့ ကြေကွဲမှုနိဒါန်း၊ ဟိုတလောက ဒါရိုက်တာကိုပေါက်ရိုက်တဲ့
ပန်းချီဆရာစစ်ထွက်ဆိုလည်းကောင်းတယ်။ လုပ်ကွက်တွေလည်း ရပါတယ်။ အားအရဆုံးရယ်တော့မရှိဘူး။
တချို့ဇာတ်ကားတွေကလည်း မထွက်လာသေးတော့လေ။ ကိုယ်ကတော့ ဆရာတွေသင် ပေးထားသလောက် အစွမ်းကုန်ကြိုးစားထားတယ်။
ကားကြီးထဲမှာဆိုရင် ဒါရိုက်တာ ကိုဝိုင်းရိုက် တဲ့ နေ၀င်အိပ်တန်းတက် ကိုပြေတီဦးနဲ့ပေါ့။
အဲဒီကားဆိုရုံမတင်သေးဘူး။ ဦးလူမင်းအန်ကယ်လေးကိုယ်တိုင် ရိုက်ထားတဲ့ ပန်းတောင်းဆိုတဲ့ကားကြီးရှိတယ်။
ကားကြီးမှ Video မှ မဟုတ်ဘူး။ Music Video ပဲရိုက်ရိုက် ကိုယ်တတ်နိုင်သလောက်ကြိုးစားပါတယ်။
ကားကြီးတွေကိုလည်းရုံတင်ရင် ပရိသတ်ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ ရင်ခုန်တယ်။
Character တော့ မစုံသေးဘူး။ အများကြီးကျန်နေသေးတယ်…
Character
တော့ မစုံသေးဘူး။ အများကြီးကျန်နေသေးတယ်။ ညီမဆရာတွေရွေးပြီးကာစ နှစ်တုန်းက ကျောင်းမပြီးသေးတော့
အရမ်းကြီးသေသေချာချာမရိုက်ဖြစ်ဘူး။ အခုကျတော့သေသေချာချာ ဖိဖိစီးစီးလုပ်ဖြစ် တာ။ လုပ်ချင်တာဆိုရင်
ကြိုးကြိုးစားစားပင်ပင်ပန်းပန်းလုပ်ရမယ်။ ဘယ် Character မဆိုလုပ်ချင်ပါတယ်။ ဥပမာပြောရရင်
မျက်မမြင်တစ်ယောက်ပေါ့။ မျက်မမြင်မှာမှ ရိုးရိုးမဟုတ်ဘဲ မွေးကတည်းကမျက်စိမမြင်တဲ့ Character မျိုးလုပ်ကြည့်ချင်တယ်။ မွေးကတည်းက မမြင်တာဖြစ်တဲ့အတွက်
လူတွေဘယ်လို သွားလာလှုပ်ရှား သလဲဆိုတာ မတွေ့ဖူးဘူး။ စားတာသောက်တာ၊ ရယ်တာကအစ မိန်းကလေး
တစ်ယောက် အိနြေ္ဒရရ ရယ်တာ ကိုသူသိမှာမဟုတ်ဘူး။ အဲဒီလို Character ဆို စိတ်ကူးတွေအများကြီး
ထပ်ဖြည့်လို့ရတယ်။ ဆရာတွေကလည်း သင် ကိုယ်ကလည်းစိတ်ကူးယဉ်၊ အများကြီး ကြိုးကြိုးစားစားနဲ့
ပင်ပင်ပန်းပန်းရိုက်ရမယ်လို့ထင်တယ်။
မြန်မာပေါကားများရပ်ဆိုတာနဲ့ ပတ်သက်ပြီးတော့
ဘာမှဝေဖန်ချင်ပါဘူး။ လက်ဖ၀ါးနဲ့ လက်ဖမိုးလို သူ့ဘက်က ကြည့်ရင်လက် ဖ၀ါးဖြစ်နေမှာပဲ ကိုယ့်ဘက်က
ကြည့်ရင်လက်ဖမိုးဖြစ်နေမှာ…
မြန်မာပေါကားများရပ်ဆိုတာနဲ့
ပတ်သက်ပြီးတော့ ဘာမှဝေဖန်ချင်ပါဘူး။ လက်ဖ၀ါးနဲ့လက်ဖမိုးလို ပေါ့နော်။ သူ့ဘက်ကကြည့်ရင်
လက်ဖ၀ါးဖြစ်နေမှာပဲ ကိုယ့်ဘက်ကကြည့်ရင် လက်ဖမိုးဖြစ်နေမှာ။ အဲဒီတော့ ဒီလက်ဖ၀ါး ဘက်က
ကြည့်နေတဲ့လူကလည်း လက်ဖမိုးဘက်ကဲပြီးကြည့်မေးလိုက်တယ်။ လက်ဖမိုးဘက်ကလည်း လက်ဖ၀ါးကို
ကဲကြည့်လိုက်ရင် နှစ်ဦးနှစ်ဖက်မျှမျှတတပေါ့နော်။ ကိုယ့်ဘက်က ပြင်စရာလေးတွေရှိရင်ပြင်
အဲဒီလိုလေးတွေမေးလိုက်ရင်ပေါ့။ ဒီကိစ္စမှမဟုတ်ပါဘူး။ ညီမပြောချင်တာက အားလုံး ညှိညှိနှိုင်းနှိုင်းလေး
လုပ်ပေးလိုက်ရင် အဆင်ပြေသွားမယ်လို့ ညီမထင်တယ်။
ငြိမ်းချမ်းရေးဆိုရင်ဘယ်မှာပဲ ဖြစ်ဖြစ်စစ်မရှိလေကောင်းလေပေါ့။
အထူးသဖြင့် အပြစ်မဲ့သူတွေကို မထိခိုက် စေချင်ဘူး။ ငြိမ်းချမ်းစေချင်တယ်…
ငြိမ်းချမ်းရေးဆိုရင်
ဘယ်မှာပဲဖြစ်ဖြစ် စစ်မရှိလေကောင်းလေပေါ့။ အထူးသဖြင့် အပြစ်မဲ့သူတွေကို မထိခိုက်စေချင်ဘူး။
ငြိမ်းချမ်းစေချင်တယ်။ ကိုယ်ကနိုင်ငံရေးနဲ့ ပတ်သက်ရင်သိပ်လည်းနားမလည်တော့ ပါဝင်ဆောင်ရွက်ဖူးတာမျိုး
မရှိဘူး။
အဓိက
ဘယ်မူးယစ်ဆေးဝါးပဲဖြစ်ဖြစ် သုံးစွဲသူတင်မကဘူး။ သူကချစ်တဲ့လူ၊ သူ့ကိုချစ်တဲ့လူ၊ အနား
ပတ်ဝန်းကျင်ကလူတွေ ဘယ်သူ့ကိုမှကောင်းကျိုးမပေးဘူး။ အဲဒါကြောင့်တတ်နိုင်သလောက် ရှောင်တာ
အကောင်းဆုံးပဲလို့မြင်တယ်။
မအူဝဲက ဒရာမာငိုမှပြမှ မဟုတ်ဘူး။ ဒီတိုင်းရိုးရိုးစကားထိုပြောနေတာတောင်
acting လုပ်မနေဘူး။ ဒီအတိုင်း အပြင်မှာစကားပြောနေသလိုပဲ။ တစ်သားတည်းဖြစ်ပြီး အရမ်းသဘာဝကျတယ်။
သရုပ်ဆောင်တွေထဲမှာဆို
ညီမမအူဝဲနဲ့ မခိုင်ကြီးကိုအရမ်း ကြိုက်ပါတယ်။ ငယ်ငယ်ကတည်းက သူတို့ကိုကြည့်ရင်း အားကျပြီးသရုပ်ဆောင်ဖြစ်ချင်ခဲ့တာ။
ဒါပေမဲ့ မအူဝဲနဲ့ကားရိုက်တစ်ခါမှမဆုံရသေးဘူး။ မှတ်မှတ်ရရ မအူဝဲတို့တိုက်ကထုတ်တဲ့ကားမှာ
'တစ်နေ့ရွှေ တစ်နေ့ငွေ' အဲဒီကားမှာတွေ့ရတယ်။ မအူဝဲက ဒရာမာ ငိုမှပြမှမဟုတ်ဘူး။ ဒီတိုင်းရိုးရိုးစကားထိုင်ပြောနေတာတောင်
acting လုပ်မနေဘူး။ ဒီအတိုင်း အပြင်မှာစကား ပြောနေသလိုပဲ။ တစ်သားတည်းဖြစ်ပြီး အရမ်းသဘာဝကျတယ်။
ဒရာမာငိုပြီဆိုရင်လည်း သူငိုရင် ကိုယ်လိုက်ငိုချင်တယ်။ မခိုင်ကြီးကျတော့ နေ၀င်အိပ်တန်းတက်ဆိုတဲ့ကားထဲမှာဆုံရတယ်။
ဆုံးတာ တောင်မှ ကင်ဆာဖြစ်နေပြီးဆုံးတော့မယ်။ ဆရာဝန်ဆေးတွေသွင်းတာက သွင်းတာပဲ။ လက်လျော့လိုက်ရပြီ။
သေမယ့်ရက်ကိုထိုင်စောင့်ရင်း မျှော်လင့်ချက်မရှိတော့တဲ့ လူတစ်ယောက်အနေနဲ့သရုပ်ဆောင်တာ။
အရမ်းသရုပ်ဆောင်ကောင်းတာပဲ။ မျက်လုံးတွေမှာ ဘာမျော်လင့်မှမရှိတဲ့ပုံစံမျိုး ရအောင်ယူသွားတယ်။
ဝတ်ပုံ၊ စားပုံ၊ မိတ်ကပ်ပေါ့။ အဲဒီလိုအရာတွေကိုလည်း အားကျတယ်။ မအူဝဲနဲ့သမီးက တစ်ခန်းတည်းဆုံရတယ်။
မအူ ၀ဲ ရိုက်တာတွေကိုလိုက်ကြည့်တာပေါ့။ ကြုံတိုင်းလည်း မအူဝဲတို့ မခိုင်ကြီးတို့က နေရာပေးတယ်။
မရှင်းလို့ မေးရင်လည်းဖြေပေးတယ်။
Dialogue တော့လုံးဝမမေ့တတ်ဘူး…
ညီမက
Dialogue တော့ လုံးဝမမေ့တတ်ဘူး။ ဒါပေမဲ့ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အရမ်းကြိုက်တဲ့ မအူဝဲတို့
မခိုင်ကြီးတို့ ရှေ့မှာဆိုရင်တော့ Dialogue မေ့တာတော့မဟုတ်ဘူး။ ရှိန်တာ။ သူတို့အရှေ့မှာ
သရုပ် ဆောင်ရတာဆိုတော့ ကြောက်တယ်။ သူတို့က သဘောကောင်းပါတယ်။ ကိုယ့် Idol သူ့ရှေ့မှာလုပ်ရမှာ
ဆိုတော့ ရှိန်ပြီးမ၀ံ့မရဲဖြစ်တတ်တယ်။
အပြင်မင်းသားတွေနဲ့ စရိုက်ရတာမကြာသေးဘူး။
ရိုက်ခွင့်ရ တာ ၂လ ၃လလောက်ပဲရှိသေးတယ်…
သရုပ်ဆောင်ခဲ့သမျှ
ပရိသတ်က ဒီအတွဲညီတယ်ဆိုပြီး သတ်မှတ်တာမျိုး ညီမအပြင်မင်းသားတွေနဲ့ စရိုက်တာမကြာသေးဘူး။
ရိုက်ခွင့်ရတာ ၂လ ၃လလောက် ပဲရှိသေးတယ်။ ပျိုးခင်းက ဆရာတွေနဲ့ပဲ ရိုက်တာ များတယ်။ ဆရာတွေနဲ့ရိုက်ရင်
အကုန်လုံးကလည်း ကိုယ့်အစ်ကိုတွေ၊ ဦးလေးတွေလို ရင်းနှီးပြီးသားဆိုတော့ သူတို့နဲ့ဆို
ရှိန်တာလည်းမရှိဘူး။ အပေးအယူတည့်တာပေါ့။
ပျိုးခင်းကနေတင်ပေးရင် အောင်မြင်ပေါက်ရောက်တယ်ဆိုပြီး
ဝင်ခဲ့တာလားဆိုတော့ အရွေးခံလိုက်ရတဲ့အခါ အများကြီးလုပ်ခွင့်တွေရသွားတယ်…
Drama
ပိုများတယ်။ ဆရာတွေပဲရွေးပေးတာပါ။ ပျိုးခင်းကနေ တင်ပေးရင်အောင်မြင်ပေါက်ရောက် တယ်ဆိုပြီးဝင်ခဲ့တာလားဆိုတော့
အကယ်၍ထပ်ရွေးခဲ့မယ်ဆိုရင်လည်း ညီမမြင်တယ်။ ညီမလိုစိတ်မျိုးနဲ့ ဘယ်သူမဆို ၀င်လျှောက်ကြမှာပဲ။
အရွေးခံလိုက်ရတဲ့အခါ အများကြီးလုပ်ခွင့်တွေရသွားတယ်။ ရုပ်ရှင်ကား တွေရော၊ ဗီဒီယိုကားတွေရော
ဇာတ်ကားကောင်းကောင်းလေးတွေ သရုပ်ဆောင်ခွင့်ရတယ်။ ဆရာတွေက အများကြီးတွဲတင်ပေးခဲ့တာပေါ့။
ပျိုးခင်းကလာတော့ နေရာအသီးသီးရပြီး သွားကြပြီ။ ကိုယ့်ဘာသာဆိုရင် ညီမအခုရိုက်နေရသလောက်
ရိုက်ခွင့်ရမှာမဟုတ်ဘူး။ ဆရာတွေတွဲခေါ်ခဲ့လို့သာ ဒီလောက်ထိလုပ်ခွင့် ရတာဖြစ်တဲ့အတွက်
အကယ်၍ ဆရာတွေသာထပ်ရွေးချယ်ခဲ့ဦးမယ်ဆိုရင် လျှောက်ဖို့အားပေးတယ်။ အနုပညာလောကမှာ သရုပ်ဆောင်ဝါသနာပါတယ်။
သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဆရာတွေက လမ်းညွှန်ပေးနိုင်တယ်။
ဆရာဝန်ဘ၀ကတော့ ဘာပဲပြောပြော သေချာတဲ့ career တစ်ခုပေါ့။ ဒါပေမဲ့
ညီမက မသေချာတဲ့ အလုပ်ကို အရမ်းဝါသနာပါတယ်။ သရုပ်ဆောင်နေရရင် ကိုယ့်ကိုယ့်ကိုယ် ပြည့်စုံနေသလိုခံစားရတယ်…
ဆရာဝန်ဘ၀ကတော့
ဘာပဲပြောပြောသေချာတဲ့ ဃမေနနမ တစ်ခုပေါ့။ ဒီဘက်ကအနုပညာရှင် ဆိုတာ အောင်မြင်လား၊
မအောင်မြင်ဘူးလားဆိုတာ သေချာလည်းမသိဘူး။ အခုအချိန်မှာ ဘာဖြစ်လာမလဲ သမီးကိုယ် သမီးလည်းမသိဘူး။
ကားတွေတော့ ရိုက်နေတာပဲ။ ဒီကားတွေထွက်လာရင်ကြိုက်ပါ့မလား။ အားပေးပါ့မလား မသေချာဘူး။
ပရိသတ်တွေသာ အားမပေးရင်းညီမဆက်ရိုက်ဖို့မသေချာဘူး။ ဒါပေမဲ့ ညီမက မသေချာတဲ့အလုပ်ကိုအရမ်းဝါသနာပါတယ်။
သရုပ်ဆောင်နေရရင် ကိုယ့်ကိုယ့်ကိုယ် ပြည့်စုံနေသလိုခံစားရ တယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment