''ပလပ်စတစ်ပုံးဖြင့် ဆီမရောင်းပါ/ဆီထည့်မပေးပါ''











''ပလပ်စတစ်ပုံးဖြင့် ဆီမရောင်းပါ/ဆီထည့်မပေးပါ'' စာလေးဒီလိုကပ်ထားတဲ့အကြောင်းကို ဒီဆိုင်ကမန်နေဂျာ အချို့သိပါလေစ။ စူပါဗိုက်ဇာသိပါလေစ။ ပန့်ကိုင်တဲ့ကလေးတွေ သိပါလေစ…
ဒီစာတန်းလေးကို ဓာတ်ဆီဆိုင်အချို့မှာ ကပ်ထားတာကို မိတ်ဆွေတို့မြင်ဖူးကြမှာပါ။ ဆိုင်တိုင်းတော့ မဟုတ်ပါဘူး။ ဒီလိုရေးပေးထားတဲ့ဆိုင်ဆိုတာ ခေတ်မီပါတယ်ခင်ဗျာ။ ဒါပေမဲ့ ဒီစာလေးဒီလို ကပ်ထားတဲ့ အကြောင်းကို ဒီဆိုင်က မန်နေဂျာအချို့သိပါလေစ။ စူပါ ဗိုက်ဇာသိပါလေစ။ ပန့်ကိုင်တဲ့ကလေးတွေသိပါလေစ။ မသိရင်ခုကစလို့ သိသွားကြမှာမို့ ဘေးကင်းကြပြီလေ။

ဒီစာတန်းကိုမြို့ကြီးတွေကဆီ ဆိုင်အားလုံးမကပ်ထားပါ။ ဓာတ်ဆီဆိုင်အတွင်း ဖုန်းမပြောရ၊ ဒီလောက် ပါပဲ။ ဒါပေမဲ့ လက်ကိုင်ဖုန်းက လူတိုင်းကိုင်နေကြတော့ ဒါကို သတိပေးရတာလည်း ခက်သားပဲ။

ပထ၀ီ၊ တေဇော၊ အာဘော၊ ၀ါယောဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ အဓိကဖွဲ့စည်းထာပါတယ်။ ဒီအထဲမှာ ခုပြောမယ့် လျှပ်စစ်ဓာတ်က ဘယ်အုပ်စုထဲပါနေလဲ…
လူအပါအ၀င် သတ္တ၀ါအားလုံး မှီတင်းနေထိုင်တဲ့ ကမ္ဘာမြေကြီးမှာ ဖြစ်ရပ်ဆန်းကြယ်များစွာရှိလို့ နေပါတယ်။ ပထ၀ီ၊ တေဇော၊ အာဘော၊ ၀ါယောဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ အဓိကဖွဲ့စည်းထာပါတယ်။ ဒီအထဲမှာ ခုပြောမယ့် လျှပ်စစ်ဓာတ်က ဘယ်အုပ်စုထဲပါနေလဲမသိပါဘူးဗျာ။ သူ့ကြောင့် လူသားကောင်းကျိုး များစွာရှိသလို ဆိုးကျိုးကလည်း ဖြစ်လိုက်ရင်မနည်း။ ပြောပြီးပြီနော်။ ကမ္ဘာကြီးမှာအကုန်ရှိတယ်။

အထူးမှတ်ရန် လျှပ်စစ်သင်တန်းပေးနေတာမဟုတ်လို့ ဖလီးမင်းရဲ့ လက်ယာလက်စည်းမျဉ်း၊ လက်ဝဲလက် စည်းမျဉ်း၊ ကူးလောင်းနိယာမ၊ အုမ်းနိယာမတွေကို အတိအကျသိထားကြတဲ့ တတ်သိပညာရှင်များအတွက် မဆိုင်ပါ…
ထူးခြားတဲ့တစ်ခုခုကို လူတစ်ယောက်ယောက်ကရှာတွေ့ရင် လောကဓာတ်ပညာရှင်ဆိုပြီး ခေါ်ကြ တယ်။ ခုခေတ်အခေါ် Scietist သိပ္ပံညာရှင်ပေါ့။ ခုပြောမယ့်လျှပ်စစ်အကြောင်းလေးကတော့ တစ်ခါတစ်ရံမှာ အခြေအနေတစ်ခုအရ ထူးခြားစွာအလိုလိုထွက်ပေါ်လာတဲ့ တည်ငြိမ်လျှပ်စစ်ဆိုတဲ့ static electricity အကြောင်းလေးပါပဲ။ ဒါလေးနဲ့ပတ်သက်လို့ ကျွန်တော့်ကားမိတ်ဆွေများကို မြန်မြန်နားလည်လွယ်အောင် တင်ပြပေးပါ့မယ်။ ပတ်ဝန်းကျင်ကနမူနာနဲ့ တင်ပြပေးပါ့မယ်။
အထူးမှတ်ရန် လျှပ်စစ်သင်တန်းပေးနေတာမဟုတ်လို့ ဖလီးမင်းရဲ့ လက်ယာလက်စည်းမျဉ်း၊ လက်ဝဲ လက်စည်းမျဉ်း၊ ကူးလောင်းနိယာမ၊ အုမ်းနိယာမတွေကို အတိအကျသိထားကြတဲ့ တတ်သိပညာရှင်များ အတွက် မဆိုင်ပါ။

သူဟာ အမှတ်တမဲ့အခြေအနေတစ်ခုမှ မသိမသာတည်ငြိမ်စွာ လျှပ်စစ်ဓာတ်ထွက်နေပါတယ်…
ကမ္ဘာကြီးမှာ လျှပ်စစ်ကိုလူကဖန်တီးမှ အဓိကထွက်လာပါတယ်။ နည်းအမျိုးမျိုးနဲ့ ထုတ်ကြတာ သိပြီး သားပါ။ ဒါပေမဲ့ လူမလုပ်၊ လူမထုတ်လိုက်ပေမယ့် မသိမသာလုပ်မိထုတ်မိလိုက်လို့ ထွက်လာတဲ့ လျှပ်စစ်ဓာတ် တစ်ခုရှိပါတယ်။ ဒါကို static electricity လို့ခေါ်လိုက်ပါတယ်။ သူဟာ အမှတ်တမဲ့ အခြေအနေ တစ်ခုမှ မသိမသာတည်ငြိမ်စွာ လျှပ်စစ်ဓာတ် ထွက်နေပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာထွက်လာပါသလဲ။ ဆိုတော့-

ခေတ်လူငယ်တွေကတော့ဖုန်းပွတ်နေကြရ၊ TV ကြည့်ပြီး မျက်ရည်ကျရနဲ့မို့ စာဖတ်ချိန်လည်းမရှိ လက်တွေ့ လည်းမရှိတော့ပြီမို့ မယုံရင်ပုံပြင်သာမှတ်ပေတော့…
လူသုံးအများဆုံး ပလပ်စတစ်တို့ ရော်ဘာတို့ကို တစ်ခုခုနဲ့ပွတ်တိုက်မိတာကြာလာရင် သူထွက်လာပါ တော့တယ်။ လျှပ်စစ်ဆိုတော့ ထုံးစံအတိုင်း ဗို့တွေပါလာပါတော့တယ်။ လူခံစားနိုင်တဲ့ ဗို့အားထက်များခဲ့ရင် လူကသိပါတယ်။ သူထွက်တဲ့ပစ္စည်းနဲ့ လူကတစ်သားတည်းကျနေခဲ့ရင် အဲ့လူမှာ ဓာတ်ဝင်နေတာမသိပါဘူး။ ဓာတ်မရှိတဲ့အခြားလူ အခြားဝတ္ထုသာ သိသာနိုင်စေပါတယ်။ ဒီအခြေခံလေးကို သိတဲ့မျက်လှည့်ဆရာများ ဒီသဘောလေးနဲ့ မျက်လှည့်ပြခဲ့ကြပါတယ်။ ခုလူကြီးများ ငယ်ငယ်တုန်းက ကြုံဖူးခဲ့ကြပါတယ်။ ခုခေတ်လူငယ် တွေကတော့ ဖုန်းပွတ်နေကြရ၊ TV ကြည့်ပြီး မျက်ရည်ကျရနဲ့မို့ စာဖတ်ချိန်လည်းမရှိ လက်တွေ့လည်းမရှိတော့ ပြီမို့ မယုံရင်ပုံပြင်သာမှတ်ပေတော့။

မီးလုံးမော်နီတာဖြစ်ဖြစ် တီဗွီဖြစ်ဖြစ် မီးပိတ်ပြီးပြီးချင်းရှေ့က ဖြတ်လျှောက်လိုက်ရင်လည်း လက်မွေးလေးတွေ ထောင်ထတတ်ပါတယ်…
ဆံပင်ကိုဘီးနဲ့ ခဏခဏပွတ်လိုက်ပါက ဒီသဘောကိုသိရပါတယ်။ ရော်ဘာဘောလုံးလေးတွေကို ပွတ်တိုက်ကြရင်လည်း သိရပါတယ်။ ပလပ်စတစ်ပေတံကို ပုဆိုးနဲ့ပွတ်လိုက်ရင်လည်း ရပါတယ်။ သိမ်ကြီးဈေး အောက်က ပလပ်စတစ်မိုးရေကာဖျင်ရောင်းတဲ့ ကိုကို မမတို့လည်း နေ့စဉ်ကြုံကြရပါတယ်။ သူတို့က ပလပ်စတစ်အလိပ်ကို လိပ်လိုက်၊ ဖြန့်လိုက်လုပ်ရင်း အမွေးထူတဲ့ ကိုကိုမမတို့ လက်မွေးလေးတွေ၊ မျက်ခုံးမွေး တွေလည်း မသိမသာထောင်ထကြတာကို သိသလိုလိုလည်းရှိ၊ မသိသလိုလိုလည်းရှိ။ မယုံရင်စမ်းကြည့်။ တစ်ဖန် မီးလုံးမော်နီတာဖြစ်ဖြစ် တီဗွီဖြစ်ဖြစ် မီးပိတ်ပြီးပြီးချင်း ရှေ့ကဖြတ်လျှောက်လိုက်ရင်လည်း လက်မွေးလေးတွေထောင် ထတတ်ပါတယ်။ (မှတ်ချက်-ဒီအမွေးကိုစာလုံးပေါင်းမမှားအောင် ဂရုစိုက် လိုက်ရတာ)

ဒါလေးတွေက လက်တွေ့နယ်ပယ်မှာဖြစ်နေကြရတဲ့ မသိမသာ သဘောတရားများပါ… ဘေးအန္တရာယ်မရှိပါဘူး။
ကစားကွင်းမှာ ပလပ်စတစ်ပိုက်လျှောစီးလိုက်တဲ့ စိန်မျောက်မျောက်နဲ့ စိန်ပေါက်ပေါက် အထွက်ဝမှာ ဆံပင်တွေထောင်ထသွားတာ ခုထိရှိကြဆဲ။ ဒါလေးတွေက လက်တွေ့နယ်ပယ်မှာဖြစ်နေကြရတဲ့ မသိမသာ သဘောတရားများပါ…. ဘေးအန္တရာယ်မရှိပါဘူး။ ဒီသဘောတရားလေးတွေက အခြားနေရာသွားဖြစ်လို့ ကတော့ ဘေးဖြစ်နိုင်ပါတယ်။

ကားပေါ်ပါလူအများ လယ်သာဂျာကင်တို့၊ အင်္ကျီတို့ဝတ်ထားတဲ့အပြင် ကားထိုင်ခုံများကလည်း လယ်သာ သား ရေများဖြစ်ကြပြန်တော့ မောင်းလာတဲ့ မိုင် ၁၀၀-၂၀၀ ခရီးမှာ ထိုင်ခုံနဲ့ အင်္ကျီက ပွတ်လို့ ကားပေါ်က လူအချို့ အအေငခ static electricity ၀င်ရပြန်သည်…
ခုခေတ်စားနေသော စီးတော်ယဉ်မော်တော်ကားသည် နှေးနှေး မောင်းမောင်း မြန်မြန်မောင်းမောင်း လေထုနဲ့ကားကိုယ်ထည် ပွတ်တိုက်ရပါသည်။ ဒါကြောင့် အနည်းနဲ့အများ static electricity ထွက်ပေါ်လာ နိုင်ပါသည်။ ကားပေါ်ပါ လူအများ လယ်သာဂျာကင်တို့၊ အင်္ကျီတို့ဝတ်ထားတဲ့အပြင် ကားထိုင်ခုံများကလည်း လယ်သာသားရေများဖြစ်ကြပြန်တော့ မောင်းလာတဲ့ မိုင် ၁၀၀-၂၀၀ ခရီးမှာ ထိုင်ခုံနဲ့ အင်္ကျီက ပွတ်လို့ ကားပေါ် ကလူအချို့ အအေငခ နူနခအမငခငအပ ၀င်ရပြန်သည်။ ကိုယ်ခံအား မကောင်းသော လေးဘက် နာလိုရော ဂေါက်ရောဂါရှိသူဆိုရင် မအီမသာဖြစ်လာတာ ပိုသိသာသည်ဟု ပညာရှင်အချို့က ပြောပါသည်။
လူနဲ့ကားနဲ့ ဒြပ်ထုတစ်ခုထဲမို့ သူတို့ကမထူးခြား၊ ဘာဓာတ်မှမရှိတဲ့ မြေကြီးပေါ်ရပ်နေတဲ့လူကို ကိုင်လိုက်ရင် ခမျာမှာ ဓာတ်လိုက်ပါတော့တယ်။ ဒန့် -- ခုရက်ပိုင်း ရန်ကုန်ကလက်တွေ့ဥပမာများကို ပြောပြလိုက်ပါမည်။ (Believe it or Not)

အိမ့်ချစ်ထက် အဆ ၁၀၀ မက ချောမောလှပသော တူမလေးက မောင်းနေကြဖြစ်၏။ သူ့ ဦးလေးဆိုင် ကိုဝင်ရပ်လိုက်သည်။ ကားထားခဲ့မည်၊ လွတ်တဲ့နေရာရွေ့ထားဆိုပြီး ကီးချိန်းကိုပေးလိုက်၏…
ဥပမာ ၁ ရန်ကုန်က နာမည်ကြီး ကားအလှဆင်ဆိုင်မှာ RVR တစ်စီးရှိ၏။ အိမ့်ချစ်ထက် အဆ ၁၀၀ မက ချောမောလှပသော တူမလေးက မောင်းနေကြဖြစ်၏။ သူ့ဦးလေးဆိုင်ကို ၀င်ရပ်လိုက်သည်။ ကားထားခဲ့ မည်၊ လွတ်တဲ့နေရာရွေ့ထားဆိုပြီး ကီးချိန်းကိုပေးလိုက်၏။ မြေကြီးပေါ်ရပ်နေသော သူ့ဦးလေးလက်နဲ့ ကီးချိန်း ထိထိခြင်း သူ့ဦးလေး ဒန့်သွား၏။ ဖောက်ကနဲ လျှပ်စီးလေးအနည်းငယ်လက်ပြီးလည်း မြင်တွေ့လိုက်၏။ ဘာမှတော့မဖြစ်။ ထူးခြားမှုမို့ တော်တော်လေးလန့်သွားကြသည်။ စမတ်ကီးထဲက ဘက်ထရီပေါက်တာလား။ ပေါက်လည်း 3V လောက်နဲ့ ဒီလိုမဖြစ်နိုင်။ ဖြစ်ပြီးခါစ ကျွန်တော်ရောက်၊  RVR ကလည်း ကိုယ်စီးနေကြမို့ RVR ကားကြောင့်လား သော့ကြောင့်လားမေး၏။ ဘာမှမဟုတ်ပါဘူး နောက်မှ အွန်လိုင်းမှာရှင်းပြမယ်ဆိုပြီး သူတို့ဆီက ပစ္စည်းကို မသိမသာအ ကြွေးယူလာလိုက်သည်။ မှတ်ထားနော့လစ်ရှဲ။

ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment