Project K နဲ့ စကားစမြည်










ကျွန်တော်တို့ နာမည်တွေက Williram Tun ၊ ရဲရင့်သော်၊ ထင်ဘုန်းနိုင်၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ မင်းခန့်။

အဖွဲ့တွေကမတူပေမယ့် စလာတည်းက အချင်းချင်းရင်းနှီးကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ညှိရင်း ဒီ(၇) ယောက်စုဖြစ်သွားတာပါ
အခုအချိန်အထိတော့ Heavy ကြီးစကားများတယ်လို့ မရှိခဲ့သေးဘူး။ Project K ဖွဲ့ဖို့ဘယ်လို စခဲ့ကြသလဲဆိုတော့ အဓိကတော့ K PoP Cover Dance သွားပြိုင်ဖို့အတွက် ရွေးလိုက်ကြတဲ့အချိန်မှာ အားလုံးက အရင်ကတည်းက သူငယ်ချင်းတွေချည်းပဲ။ အဖွဲ့တွေကမတူပေမယ့် စလာတည်းက အချင်းချင်း ရင်းနှီးကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ညှိရင်း ဒီ (၇)ယောက်စုဖြစ်သွားတာပါ။
ဟိန်းရာရယ်၊ ထက်ဘုန်းရယ်၊ မင်းခန့်ရယ်က Jade Dragon Dancer အဖွဲ့က။ Triplet အဖွဲ့ William ရယ်၊ ဘုန်းနေလင်း၊ ဘုန်းနေမင်း၊ ရဲရင့်သော်က Kpop Solo တစ်ယောက်တည်းကတာ။

ညှိရတာ အခက်ခဲဆုံးကတော့ အချိန်ပဲ။ သူ့အလုပ်နဲ့သူ၊ ကျောင်းတစ်ဖက် စာမေးပွဲတွေရှိတာနဲ့ ဆိုတော့ ညှိရတာအရမ်း တိုင်ပတ်တယ်…
ညှိရတာ အခက်ခဲဆုံးကတော့ အချိန်ပဲ။ ဘာလို့လဲဆိုတော့ အကတိုက်တဲ့အချိန် Jade Dragon က သူ့အလုပ်နဲ့သူ၊ Triplet ကလည်း သူ့အလုပ်နဲ့သူ။ ရဲရင့်သော်က ကျောင်းတစ်ဖက်စာမေးပွဲတွေရှိတာနဲ့ ဆိုတော့ ညှိရတာအရမ်းတိုင်ပတ်တယ်။ Project K အဖွဲ့ဖွဲ့ပြီးနောက်ပိုင်း ဒီဘက်ကို တစိုက်မက်မက်  အာရုံစိုက်ပြီး ညှိရတာအဆင်ပြေခဲ့ပါတယ်။

ကျွန်တော်တို့ (၇)ယောက်ပေါင်းပြီး နိုင်ငံခြားခရီးစဉ် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်တာ ကိုရီးယားမှာ ဒုတိယဆုရတယ်ဆိုတော့ ကျွန်တော်တို့ဘ၀အတွက် မှတ်တိုင်တစ်ခုပေါ့…
အမှတ်တရကတော့ ကျွန်တော်တို့ ကိုရီးယားသွားခဲ့တာ။ အဲဒီမှာအရမ်းပျော်တယ်။ ပြိုင်ပွဲကနေ ဆုရတော့လည်းအရမ်းပျော်တယ်။ ကျွန်တော်တို့ (၇)ယောက်ပေါင်းပြီး နိုင်ငံခြားခရီးစဉ် မြန်မာနိုင် ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်တာ ဒုတိယဆုရတယ်ဆိုတော့ ကျွန်တော်တို့ဘ၀အတွက် မှတ်တိုင်တစ်ခုပေါ့။

အားကျခဲ့ရတာ ကိုရီးယားအဖွဲ့တွေပေါ့နော်။ သူတို့က Teamwork ပိုကောင်းတယ်…
အားကျခဲ့ရတာ ကိုရီးယားအဖွဲ့တွေပေါ့နော်။ သူတို့က Teamwork ပိုကောင်းတယ်။ ကျွန်တော်တို့ ကတော့ (၇)ယောက်ပေါ့နော်။ သူတို့ Stage မှာ ဖျော်ဖြေရင် ၂၅-၃၀ ရှိတယ်။ အများကြီးပဲ။ သီချင်းက accident ကြောင့်ပြတ်သွားတာ။ ဒါမှမဟုတ် ပိတ်လိုက်တဲ့အချိန်မှာ ပါးစပ်တိုင်ပင်လေးတွေနဲ့ ဆက်ကနေတာ။ ဒီမှာဆို ကြောင်သွားတာ။ ဒီမှာက သီချင်းရပ်သွားရင်အကုန်လုံး Stage စင်နောက်ကို လှမ်းကြည့်ကြတာ။ သူတို့က သီချင်းရပ်သွားလည်း ပါးစပ်Timing  နဲ့ဆက်ကနေကြတာ။

ပြိုင်ပွဲမှာက တခြားအဖွဲ့တွေထက်ပိုပြီး ထင်ပေါ်သွားတာကတော့ မြန်မာအကကလိုက်တဲ့အချိန်…
ပြိုင်ပွဲမှာက Cover Dance ကရတာဖြစ်တဲ့အတွက် အားလုံးကတော့ သူမသာ ကိုယ်မသာတွေ ချည်းပဲ။ ဒါပေမဲ့ တခြားအဖွဲ့တွေထက်ပိုပြီး ထင်ပေါ်သွားတာကတော့ မြန်မာအကကလိုက်တဲ့အချိန်၊ ပြီးသွား တော့ ဒါဘယ်အဖွဲ့လဲ၊ ဘယ်နိုင်ငံကလည်းဆိုပြီးတော့ လာမေးကြတယ်။

ကိုရီးယားကို ပထမဆုံးသွားပြိုင်တာဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုပြချင်တယ်…
သူများထက်သာတယ်တော့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုပြချင်တာ။ ကိုရီးယားကိုပထမ ဆုံးသွားပြိုင်တာဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုပြချင်တယ်။ စစသွားချင်းတုန်းကတော့ ဆုရဖို့အထိမမျှော်မှန်းခဲ့ဘူး။

ထိုင်းအဖွဲ့ကတော့ ပထမရသွားတယ်။ Collaboration အနေနဲ့ Dance Video လေး ရိုက်ချင်တယ်ဆိုပြီး အစီအစဉ်လေးတော့ရှိတယ်…
ကိုရီးယားနဲ့တော့ ရှေ့ဆက်ပြီး အလုပ်လုပ်ဖို့ ပူးပေါင်းတာတွေဘာတွေမရှိခဲ့ဘူး။ ထိုင်းအဖွဲ့ကတော့ ပထမရသွားတယ်။ ကျွန်တော်တို့နဲ့ရင်းနှီးသွားကြတယ်။ ခင်သွားကြတယ်။ ဘန်ကောက်လာဖို့ရှိတယ်ဆိုတော့ နှစ်ဖွဲ့ပေါင်းပြီး Collaboration အနေနဲ့   Dance Video လေးရိုက်ချင်တယ်ဆိုပြီး အစီအစဉ်လေးတော့ရှိတယ်။

ပရိသတ်တွေ ဘာလို့အားပေးမှုများလည်း ထင်တာကတော့ အဖွဲ့သားတွေက လွတ်လွတ်လပ်လပ်ပျော်တတ် တယ်။ အဖွဲ့ကိုကြည့်လိုက်ရင်လည်း ဟိတ်ဟန်တွေမရှိပဲ သာမန်ပုံစံလေးနဲ့နေကြတော့ မြင်ရတဲ့လူတွေလည်း ပျော်ကြတယ်…
အဓိကတော့ ကျွန်တော်တို့ Project K က ပရိသတ်တွေကို Serviece ပေးနိုင်တဲ့ Space ကျယ် ကျယ်ဝန်းဝန်းရှိတာပေါ့။ ပရိသတ်တွေဘာလို့ အားပေးမှုများလည်းဆိုတော့ ကျွန်တော်ထင်တာကတော့ အဖွဲ့သားတွေက လွတ်လွတ်လပ်လပ်ပျော်တတ်တယ်။ အဖွဲ့ကိုကြည့်လိုက်ရင်လည်း ဟိတ်ဟန်တွေမရှိပဲ သာမန်ပုံစံလေးနဲ့နေကြတော့ မြင်ရတဲ့လူတွေလည်း ပျော်ကြတယ်။ ပြီးတော့ ပရိသတ်တွေကလည်း တစ်သားတည်းဆက်ဆံတယ်။ ပြီးတော့ Live တွေဘာတွေလွှင့်ရင် ဟာသလေးတွေပြောကြ ရယ်ကြနဲ့ ဆိုတော့ အရမ်းပျော်ကြတယ်။

ကိုယ်ပျော်တဲ့အလုပ်ဖြစ်နေတဲ့အတွက် အလုပ်ပင်ပန်းပြီး နုံးချည့်နေရင်တောင်အကုန်လုံးက စလိုက်နောက်လိုက် နဲ့…
ကိုယ်တွေက အရမ်းဒိတ်ဒိတ်ကြဲ အောင်မြင်တာမဟုတ်သေးတဲ့အခါကျတော့ ကြိုးစားကြတယ်။ ပရိသတ်ကလည်း အထိုက်အလျောက်အားပေးကြတယ်။ အနုပညာလောကထဲက ညီအစ်ကိုတွေကလည်း warmly welcome ပေါ့။ ကျွန်တော်တို့ ပျော်ပါတယ်။ ပြီးတော့ ၀ါသနာပါလို့လုပ်တဲ့အတွက် ဆိုးတာတော့ မရှိပါဘူး။ ကိုယ်ပျော်တဲ့အလုပ်ဖြစ်နေတဲ့အတွက် အလုပ်ပင်ပန်းပြီး နုံးချည့်နေရင်တောင် အကုန်လုံးက စလိုက် နောက်လိုက်နဲ့။

အကအမြဲတမ်းလေ့ကျင့်ဖြစ်နေတော့ ကျန်းမာရေးအတွက် ထွေထွေထူးထူးလုပ်နေစရာ မလိုတော့ဘူး…
ကျန်းမာရေးနဲ့ပတ်သက်တာ ကျွန်တော်က အားကစားသမားဆိုတော့ အားတိုင်းကစားတယ်။  အရမ်း ထွေထွေထူးထူးတော့ လိုက်စားစရာမလိုဘူး။ အကအမြဲတမ်း လေ့ကျင့်ဖြစ်နေတော့ ကျန်းမာရေးအတွက် ထွေထွေထူးထူး လုပ်နေစရာမလိုတော့ဘူး။ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက်တော့ Gym ဆော့တယ်။ အသားအရေအတွက်ကတော့ Lotion ပုံမှန်လိမ်းဖြစ်ပါတယ်။

Media ကအနုပညာသမားအတွက် အရမ်းအရေးပါတယ်…
Media က အနုပညာသမားအတွက် အရမ်းအရေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မီဒီယာက ပရိသတ်နဲ့ ထိတွေ့ပေးတဲ့ပေါင်းကူးတံတားပါပဲ။ မီဒီယာလက်နက်က ကမ္ဘာပေါ်မှာအင်အားကြီးတယ်ဆိုတာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။ မီဒီယာကြောင့်မို့လို့ပဲ လူတွေအများကြီး ပညာရသလို အဆိပ်အတောက်တွေလည်း ရသွားနိုင်တယ်။     
 
 အောင်မြင်ဖို့အတွက် သူတို့ရဲ့စကားသံ
မင်းခန့်
အဓိကကိုယ်လုပ်နေတဲ့ အရာကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ဖို့ ၀ီရိယရှိဖို့လိုတယ်။ အဲဒါအရေးအကြီးဆုံးဖြစ်မယ်ထင်တယ်။
စာအုပ်များများဖတ်ရင်ပို ကောင်းတယ်
ဟိန်းရာ - တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေါ့။ ပြီးတော့ စာအုပ်များများဖတ်ရင် ပိုကောင်းတယ်။

ဘုန်းနေလင်း - အောင်မြင်မှုတွေအတွက်ကတော့ ကျွန်တော်ဆိုရင် ကိုယ့်ဘာသာပဲပြန်ပြိုင်တယ်။ တစ်ရက်နဲ့တစ်ရက်ပြိုင်တယ်။

ဘုန်းနေမင်း - ကျွန်တော် ပြောချင်တဲ့အောင်မြင်မှုကတော့ အဆက်မပြတ်လေ့လာပါ။

ထက်ဘုန်းနိုင် - ကျွန်တော်ပြောချင်တာကတော့ ကိုယ်ယုံကြည်ရာကို တစိုက်မက်မက်လုပ်သွားပါ။ ဘေးစကားတွေကို နားယောင်နေမယ်ဆိုရင် ကိုယ်ယုံကြည်ရာတွေ ဝေ့၀ိုက်သွားမှာပေါ့။ အဓိက ကိုယ်ယုံကြည်ရာလမ်းက မှန်ကန်နေရမယ်။ ဘယ်အရာမဆို ယုံကြည်မှုရှိရင် အစစအရာရာလုပ်ရတာ Confidence ရှိနေတာပေါ့။

ရဲရင့်သော် - အောင်မြင်ဖို့အတွက် ဖြစ်ချင်တဲ့ Goal တစ်ခုထားရမယ်။ ပြီးတော့ စိတ်ကလည်းပြင်းထန်ရမယ်။

William Tun - အောင်မြင်ဖို့အတွက် ဘယ်လိုကြိုးစားရမလဲဆိုတော့ ကိုယ့် Passionate ဖြစ်တဲ့ အလုပ်တွေကို ရွေးချယ်လုပ်ဖို့လိုအပ်တယ်။ အခုနောက်ပိုင်း လူငယ်တွေ တော်တော်များများအိပ်မက်တွေ ပျောက်နေကြ တယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်အရမ်းစိတ်ပြင်းပြတဲ့အလုပ်ကို မရွေးချယ်မိလို့လည်းပါတယ်။ အရင်ဆုံး သိဖို့က ကိုယ့်ကိုယ်ကိုယ်လေ့လာရမယ်။ ကိုယ့်အိမ်မက်က ဘာဆိုတာသိသွားရင် အဲဒီအိပ်မက်နောက်ကို ရဲရဲဝံ့ဝံ့လိုက်ဖို့ပေါ့။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment