ကမ္ဘာပေါ်မှာ ငွေကိုထင်သလိုသုံးစွဲနိုင်သူတွေအတွက်
ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကားအမျိုးအစား တွေ ဒုနဲ့ဒေးရှိပေမယ့် ပရိသတ်အာရုံကိုဖမ်းစားနိုင်စွမ်းအရှိဆုံးကတော့
ပြိုင်ကားတွေပဲဖြစ်ပါတယ်။ သာမန် ဇိမ်ခံကားတွေထက် စရိတ် နှစ်ဆ၊ သုံးဆလောက်ပိုများသလို
စတိုင်ကျလှပကြတာောကာင့် ဒီကားတွေဟာ ဂုဏ်သိက္ခာတစ်ရပ်အနေနဲ့မကဘဲ ဖက်ရှင်အသုံးအဆောင်တစ်ခုအနေနဲ့ပါ
အရေးပါနေတာဆိုရင် မမှားပါ ဘူး။ ဒါ့အပြင် ကမ္ဘာကျော်ပြိုင်ကားအများစုဟာ လူကြီး၊ လူငယ်မရွေးရဲ့
စိတ်ကူးကမ္ဘာထဲက ပုံရိပ်တွေ လည်းဖြစ်နေ တတ်ပါတယ်။ မျိုးဆက်တစ်ခုပြီးတစ်ခုကူးပြောင်းလာချိန်မှာ
ပြိုင်ကားထုတ်လုပ်မှု ကမ္ဘာ ကလည်း တဖြည်းဖြည်း နဲ့ ပိုပြီးခေတ်မီလာခဲ့ပေမယ့် ဒီနေ့အထိအလှပြင်ထားရုံအဆင့်သာရှိနေသေးပြီး
လက်တွေ့ဘ၀ထဲကို ကျယ် ကျယ်ပြန့်ပြန့်ရောက်မလာတဲ့ ကားတွေလည်းရှိနေသေးတာပါ။ ဒီကားတွေကို
ဖော်ပြပေးလိုက်ပါတယ်။
Salenn S5S Raptor
2007 ခုနှစ်မှာ စတင်ဒီဇိုင်းထုတ်ပြီး
2008 ခုနှစ်အရောက်မှာ ပရိသတ်နဲ့ မိတ်ဆက်ခဲ့တဲ့ကား အမျိုး အစားပဲဖြစ်ပါတယ်။ ဒီနေ့အထိ
Saleen S5S Raptor ကားကို လူကြိုက်များနေရတဲ့အဓိက အကြောင်း အရင်း ကတော့ အခြားပြိုင်ကားတွေနဲ့မတူညီတဲ့
သူ့ရဲ့ရုပ်ထွက်ကြောင့်ပါပဲ။ ကြွရွလှပပြီး လေကိုခွင်းပြေး မယ့်မြှးတစ် စင်းလို ဒီဇိုင်းဖန်တီးထားတဲ့
ဒီကားဟာ V8 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ (650) အား ရှိတယ်လို့ လည်း သိရတာပါ။
ဒါပေမယ့် သူ့ရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေကြောင့် ဒီကားကို အခု အချိန်ထိ ဈေးကွက်ထဲ ကို
ကျယ်ကျယ်ပြန့်ပြန့်မထုတ်နိုင်သေးပါဘူး။
Volkswage W12 Nardo
W12 အင်ဂျင်အမျိုးအစားနဲ့ ထုတ်လုပ်ထားတဲ့ကားဖြစ်ပြီး
ဂိမ်းခွေတွေထဲမှာ ပရိသတ်တွေရင်းနှီးပြီး သား ကားအမျိုးအစားဖြစ်ပါတယ်။
Gran Turismo, Asphalt 8, Project
Gotham Racing 3, GTI Racing, and the Test Drive serie ဂိမ်းတွေမှာ အတွေ့ရများတဲ့
ဒီကားဟာ စလင်ဒါ (12) လုံး တပ်ဆင်ထားပြီး 1997 ခုနှစ်ကနေ 2001 ခုနှစ်အ တွင်း တပ်ဆင်ထုတ်လုပ်ခဲ့ဖူးတဲ့ကားဆိုရင်
မမှားပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဗောက်စ်ဝက်ဂန်ရဲ့ ဒီကားဒီဇိုင်းနဲ့ မကွဲပြားတဲ့ပုံစံနဲ့
ကမ္ဘာကျော်ပြိုင်ကားထုတ်လုပ်သူ ဘူဂါတီက ပြိုင်ကားတွေထုတ်လုပ်သွားခဲ့ တာကြောင့် ဗောက်စ်ဝက်ဂန်အမည်နဲ့
အခုလိုပြိုင်ကားတွေ ဆက်ပြီးထွက်မလာတော့ပါဘူး။
Bugatti Galibier
2009 ခုနှစ်မှာ ဒီဇိုင်းပုံစံနဲ့ဒီကားကိုမိတ်ဆက်ခဲ့ပြီး
ဘူဂက်တီဆီဒင်ကားအနေနဲ့ ထုတ်လုပ်ဖို့ ပြင်ဆင် ခဲ့ဖူးတဲ့ကားမော်ဒယ်ဖြစ်ပါတယ်။ ဘူဂါတီမျိုးဆက်တွေထဲက
ဆက်ခံသူတွေအနေနဲ့ အားလုံးကမျှော်လင့်ခဲ့ကြ တဲ့ ဒီကားဟာ W 16 အမျိုးအစား အင်ဂျင်ကိုတပ်ဆင်ထားပြီး
တံခါးငါးပေါက်ပါ ကားအမျိုးအစားပါ။ ဘူဂါတီ ဒီဇိုင်းတွေထဲက အနည်းငယ်ကွဲထွက်နေပေမယ့် သူ့စီးရီးတွေထဲက
ဟန်ပန်ကိုပဲအခြေပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘူဂါတီဟာ မူလကဒီကားကို ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပေမယ့်
လက်တွေ့မှာဖြစ်မလာခဲ့ဘဲ သူ့အစား Bugatti Chiron ကိုပဲ အစားထိုးထုတ်လုပ်ဖြစ်ခဲ့တာပါ။
Cadillac Sixteen
ဇိမ်ခံကားအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါကတော့ သရေကျလောက်စရာ
V16 အင်ဂျင်ဖြစ်ပါတယ်။ 2003 ခုနှစ်မှာ ပရိသတ်တွေနဲ့မိတ်ဆက်ပေးခဲ့တဲ့ ကာဒီးလက်စ်ရဲ့
တံခါးပေါက်လေးပါ စူပါကားအမျိုးအစား ဖြစ်ပြီး ရှေ့အင်ဂျင် နောက်ဘီးယက်ကားမျိုးဆိုရင်လည်း
မမှားပါဘူး။ အမေရိကန်ရိုးရာအငွေ့အသက်တွေ ပါဝင်အောင် ဒီဇိုင်းဖန်တီးထားတဲ့ကားဖြစ်သလို
အင်ဂျင်ပါဝါကလည်း မျက်စိကျလောက်စရာဖြစ်ပေမယ့် တကယ့်ဈေးကွက်ထဲရောက်မလာလို့ ပရိသတ်တွေကို
တောက်တခေါက်ခေါက်ဖြစ်စေတဲ့ ကားအမျိုးအစားတွေ ထဲမှာ သူလည်းတစ်မျိုးအဖြစ် အပါအ၀င်ဖြစ်ခဲ့ပါတယ်။
Chrysler Atantic
1930 ကျော် ခုနှစ်တွေက ကားပုံစံအတိုင်းထုတ်လုပ်ထားတဲ့
ခရိုက်စလာရဲ့ ဒီကားအမျိုးအစားကို လွန်ခဲ့တဲ့နှစ် (20) ကျော်က ဒက်ထရွိုက်ကားပြပွဲမှာ
ပြသခဲ့တာဖြစ်ပါတယ်။ လှပသပ်ရပ်သလို ဂန္တ၀င်ဆန်ဆန် ကားအမျိုးအစားတစ်ခုဖြစ်ပေမယ့် သူ့ကိုထုတ်လုပ်ရမယ့်
ကုန်ကျစရိတ်တွေက ကြီးမြင့်လွန်းတာကြောင့် စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ စီးနင်းခွင့်ရမယ့်
ကားအမျိုးအစားအဖြစ်တည်ရှိနေပါတယ်။ အင်ဂျင်ပါဝါသိပ်မကြီး ပေမယ့် သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့်
ပရိသတ်တွေသတိထားမိခဲ့တဲ့ ရုပ်ပြကားတစ်စီးဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
Maybach Exelero
ဒီကားကတော့
2014 ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ စူပါပြိုင်ကားအမျိုးအစားပဲဖြစ်ပါတယ်။ တာဘိုနှစ်လုံး
ပါဝင်ပြီး V 12 အင်ဂျက်ဖြစ်တာကြောင့် သူ့ရဲ့မြန်နှုန်းကတော့ လှည့်ကြည့်စရာမလိုလောက်အောင်
ကောင်း မွန်ပါတယ်။ အမြင့်ဆုံးမြန်နှုန်းအဖြစ် (218) Mpg နှုန်းနဲ့မောင်းနှင်နိုင်ပြီး
ထုတ်လုပ်မှုကုန်ကျစရိတ်တွေကြောင့် ဒီနေ့အထိတစ်စီးတည်းသာ ထုတ်လုပ်ထားတာကြောင့် တံခါးနှစ်ပေါက်ပါဒီကားကို
အင်တာနက်စာမျက်နှာတွေ ထက်က ဓာတ်ပုံတွေထဲမှာသာကြည့်ရင်း စိတ်ကျေနပ်ရမယ့် အခြေအနေမျိုးမှာရှိနေတာပါ။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment