ဖက်ရှင်ဆိုတာ
ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာဖြစ်နေစေဖို့ လှပကျော့ရှင်းနေဖို့
မဟုတ်ပါလား။ အခု မိုးရာသီ… မိုးရာသီမှာမိုးရေစိုစွတ်ပြီး ရွှံ့နွံ့တွေကြောင့်ကိုယ် ၀တ်ဆင်တဲ့ဖက်ရှင်တေ
ွကွယ်ပျောက်သွားစရာမလိုပါဘူး။ အဲဒီတော့ မိုးရေစိုစွတ်နေတဲ့မိုးရာသီမှာ ဘယ်လိုဝတ်စားကြမလဲ…
။
ဦးထုပ်
ဦးထုပ်က
စတိုင်ကျနေစေမဲ့ ဖက်ရှင်ပစ္စည်းတစ်ခုပါ။ မိုးရာသီဆိုလို့ အမြဲတမ်းမိုးရွာနေမှာမှမဟုတ်တာ။
နေလည်းပူမှာပဲလေ။ နေရောင်ဒဏ် ကာကွယ်ဖို့မလိုတော့ဘူးလား။
အရောင်
မိုးရာသီကမှုန်မှုန်မှိုင်းမှိုင်း
အရောင်တွေအများဆုံးအချိန်ပါ။ အဲဒီတော့ စိတ်တွေပါမှုန်မှိုင်းလာရပါတယ်။ အကောင်းဆုံးက စိတ်တက်ကြွလန်းဆန်းနေတဲ့
အရောင်လေးတွေ ရွေးချယ်ဝတ်ဆင်ပေးပါ။
ဒေါက်ဖိနပ်
အပြင်သွားတဲ့အခါ
ဒေါက်ဖိနပ်လေးဝတ်ဆင်တာကလည်း လူကိုလှပကျော့ရှင်းနေစေပါလိမ့်မယ်။ အမြင့်ဆုံးဒေါက်ဖိနပ်ရွေးစရာမလိုပါဘူး။
ဒါပေမဲ့ မိုးရေစိုတဲ့အခါ ခြေထောက်မနံစေဖို့ ထိပ်ပွင့်ဖိနပ်မျိုးသာ ရွေးချယ်ဝတ်ဆင်ပါ။
အဖြူရောင်ဝတ်စုံ
ရွံဗွက်ထူတဲ့မိုးရာသီမှာ
အဖြူရောင်ရွေးချယ်လို့ ရူးကြောင်ကြောင် နိုင်ကောင်းနိုင်နေပါလိမ့်မယ်။ ဒါပေ မဲ့ မိုးရေစက်တွေကြားထဲမှာ
အဖြူရောင်က မိန်းကလေးတစ်ယောက် အလှကိုထင်ရှားပေါ်လွင်နေစေမှာပါ။
ခပ်ပွပွဝတ်စုံ
မိုးရေစိုစို
အ၀တ်အစားကြပ်ကြပ်တွေကြားထဲမှာ နေရပါများလာတော့ စိတ်အနှောက်အယှက်ဖြစ် စရာကောင်းလာပါတယ်။
အဲဒီတော့စိတ်ကိုသက်တောင့်သက်သာ ဖြစ်နေစေမဲ့ ခပ်ပွပွဝတ်စုံမျိုးလည်း လိုအပ်လာပါတယ်။
ဂျင်းဝတ်စုံ
ဂျင်းကတော့
နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီရောက်ရောက်လှပနေစေပါလိမ့်မယ်။ မိုးရေစက်တွေကြားမှာ ဂျင်းအပြာရောင်ဝတ်စုံက
မိန်းကလေးတစ်ယောက်အလှကို ထင်ရှားပေါ်လွင်နေစေပါလိမ့်မယ်။
ဆိုဒ်ကြီးနေကာမျက်မှန်
ကိုယ်ဝတ်ဆင်ထားတဲ့ဝတ်စုံ
ဘယ်လိုဖြစ်နေပါစေ။ စတိုင်လ်ကျသွားစေမှာကတော့ နေကာမျက်မှန်ပါ။ ဆိုဒ်ခပ်ကြီးကြီး နေကာမျက်မှန်တစ်လက်က
ဝတ်ဆင်သူကို ပိုပြီးထင်ရှားပေါ်လွင်သွားစေပါလိမ့်မယ်။
အနီရောင်နှုတ်ခမ်းနီ
ဘယ်ဝတ်စုံအတွက်မဆို
အသင့်တော်ဆုံးကတော့ အနီရောင်နှုတ်ခမ်းနီပါ။ အနီရောင်က ၀တ်ဆင် သူကို ကိုယ့်ကိုယ်ကိုယ်
ပိုပြီးယုံကြည်မှုရှိသွားစေပါလိမ့်မယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment