ကားသံချေးတက်တာကို ဘယ်လိုဖယ်ရှားမလဲ











ကားတစ်စီးသံချေးတက်တယ်ဆိုရာမှာ အကြောင်းအမျိုးမျိုးရှိပါတယ်။ အဓိကအချက်ကတော့ ကားဆေးသုတ်တဲ့နေရာမှာ အောက်ခံအထပ်ကို အပေါ်ကထပ်သုတ်ရာမှာ ပွန်းပဲ့သွားတာမျိုး၊ ခြစ်ရာ ထင်သွား တာမျိုး၊ ကားလမ်းပေါ်က ကျောက်တုံးသေးသေးလေးတွေ စင်သွားတာမျိုး အဲဒီလို အခြေအနေ မျိုးမှာ ရေငွေ့နဲ့ လေတို့ကြောင့် သတ္ထုပြားဟာ အောက်ဆီဂျင်နဲ့ ဓာတ်ပြုလို့ သံချေးတက်တယ် ဆိုတာဖြစ်လာရတာပါ။ သံချေးအစက်အပြောက်တွေဟာ အချိန်ကြာလာတဲ့အမျှ ပိုမိုများပြား လာပြီး အထူးသဖြင့် မိုးရာသီမှာဆို ကားသံချေးတက်တဲ့ ပြဿနာက ပိုမိုပေါ်ပေါက်လေ့ရှိပါတယ်။ 

ကိုယ်လက်ရှိစီးနေတဲ့ကားကို ရောင်းချင်ရောင်း မရောင်းချင်လို့ ဆက်စီးမယ်ဆိုရင်လည်း သံချေး မတက်တဲ့ ကိုယ့်ကားကိုတွေ့မြင်ချင်ကြမှာ မလွဲပါဘူး။ ဒီတော့ ကားသံချေးတက်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာက ကားသမားတိုင်းအတွက် အရေးကြီးဆုံးဖြစ်လာပါတယ်။

ကြိုတင်ပြင်ဆင်ကြမယ်
ကိုယ့်ကားမှာ သံချေးတက်နေတာကို ရှင်းတော့မယ်ဆိုရင် ပထမဆုံး ပြုလုပ်ရမှာက ကြိုတင်ပြင် ဆင်မှု တွေပြုလုပ်ရမှာဖြစ်ပါတယ်။ လက်အိတ်စွပ်၊ မျက်မှန်တပ်၊ ဖုန်မှုန့် သဲမှုန့်တွေ မ၀င်အောင် နှာခေါင်း စည်းဝတ် စတာတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး ကားဆေးသုတ်ရာမှာ အသုံးပြုတဲ့ တိတ်ခွေနဲ့ ကားရဲ့ မျက်နှာ ပြင် ဧရိယာတွေမှာကပ်ထားရမှာဖြစ်ပြီး အဲဒီလိုလုပ်မှ ဖုန်မှုန့်၊ သဲမှုန့်တွေရဲ့ အန္တရာယ်က ကင်းဝေးမှာဖြစ်ပါ တယ်။ အဲဒီလို ကိုယ့်ကားရဲ့ မျက်နှာပြင် ဧရိယာတွေကိုကပ်ရာမှာ သတင်းစာစက္ကူကို အသုံးမပြုမိဖို့က အရေး ကြီးဆုံးဖြစ်ပါတယ်။ 

ကားဆေးက သတင်းစာစက္ကူကို စိမ့်ဝင်ဖောက်ထွက်နိုင်လို့ ကိုယ့်ကားရဲ့သန့်ရှင်းနေတဲ့ ပြူတင်းပေါက်တွေကိုပါ စွန်းထင်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Masking Paper လို စိမ့်ဝင်နိုင်မှု ပိုမို နည်းပါးတဲ့အရာမျိုးကို အသုံးပြုရမှာဖြစ်ပါတယ်။ နောက်ပြီး မျက်နှာပြင်ကိုကာရာမှာ တစ်ထပ်တည်းနဲ့ လုံလောက်မှုမရှိနိုင်ဘဲ တစ်ထပ်တည်းဆိုရင် ဆေးအရည်က အတွင်းထဲထိ စိမ့်ဝင်သွားနိုင်တာကြောင့် ကိုယ့် အနေနဲ့ထောင့်တိုင်းမှာ Masking Paper တွေ သေချာအောင် ထူထူထဲထဲကပ်ထားသင့်ပါတယ်။

ဆေးသုတ်ပြီးသွားရင်
          DA (Dual Action) ကော်ဖတ်စားစက်နဲ့ ဆေးသုတ်ထားတာကို ပြန်လည်ရှင်းလင်းရပါမယ်။ အဲဒီ စက်ကို သဲမှုန့်၊ ကျောက်မှုန့် တိုက်စားတဲ့ပမာဏ ၈၀-၁၅၀ ထားပြီး အောက်ခံဆေးနဲ့ အသစ်သုတ်ထားတဲ့ ဆေး အပေါ် တိုက်ရမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် ကားရဲ့သတ္ထုပြားပေါ်မှာရှိတဲ့ အသေးစားသံချေး တွေကို ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ နောက်ပြီး ကိုယ်ဆေးသုတ်ထားတဲ့ဧရိယာနဲ့ ဆေးအသစ်မသုတ်ထားတဲ့ဧရိ ယာ ကြား မျက်နှာပြင်မညီမှုကိုလည်း ညှိပြီးသားဖြစ်သွားပါလိမ့်မယ်။ ကိုယ်ကသိပ်မသေချာဘူးဆိုရင် အဲဒီ စက်နဲ့ ချောထားတဲ့နေရာတွေကို လက်နဲ့စမ်းပြီး မျက်နှာပြင်ချော၊ မချော သိနိုင်ပါတယ်။

ထူထူထဲထဲသံချေးတွေကို ဖယ်ရှားမယ်
 အသေးစားသံချေးတွေ ဖယ်ရှားပြီးနောက်မှာတော့ ကားဘော်ဒီချိုင့်တွေထဲမှာရှိနေတဲ့ ထူထူထဲထဲ သံချေးတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ DA စက်ကို အဆင့်မြှင့်ရမှာဖြစ်ပြီး အပျက်အစီး ဖြစ်လွယ်တာကြောင့် စက်ကိုအသုံးပြုရာမှာ နှေးနှေးနဲ့ သတိကြီးကြီးထားပြီး အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒီလိုရှင်းလင်းပြီးတာတောင် အလွန်သေးငယ်တဲ့ သံချေးတွေက ကျန်နေတတ်ပါတယ်။ အဲဒီအခါကျရင်တော့ Phosphoric Acid အသုံးပြုရမှာဖြစ်ပြီး နီးစပ်ရာကားအပိုပစ္စည်း အရောင်းဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူ နိုင်ပါတယ်။

အောက်ခံဆေး
အောက်ခံဆေးသုတ်တော့မယ်ဆိုရင် သုတ်မယ့်ဧရိယာတစ်ဝိုက်ကို ဆော်ဒါတာပင်တိုင်ဆီ ဒါမှမဟုတ် အရောင်တင်ဆီတို့ကို ကျဲအောင်ပြုလုပ်ရာမှာ အသုံးပြုတဲ့ သင်နာတစ်မျိုးမျိုးနဲ့ သုတ်ရမှာဖြစ်ပါတယ်။ နောက်ပြီး သုတ်မယ့် ဧရိယာတစ်ဝိုက်နဲ့ (၃)ပေအကွာလောက်မှာ သတင်းစာစက္ကူတွေကိုလည်း ကပ်ထားရမှာဖြစ်ပါတယ်။  အဲဒီလိုအဆင့်ဆင့် ဆေးသုတ်ပြီးရင်တော့ ခြောက်သွေ့သွားဖို့အတွက် (၄၈)နာရီလောက် အချိန် ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် ကားကို ဆေးကြောပြီး ပါလစ်နဲ့ပြောင်လက်အောင်တိုက်ပြီးတာနဲ့ သစ်လွင်တောက်ပပြီး ကားသစ်တစ်စီးနဲ့ မခြားတဲ့ ကိုယ့်ရဲ့ကားကို အံ့အားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment