ဆာရာဂိုရီနီပိုကတော့ ဖိလစ်ပိုင်မင်းသမီး၊
အဆိုတော်၊ ရုပ်သံတင်ဆက်သူတစ်ယောက်ပါ။ Santa Cruz မှာမွေးဖွားကြီးပြင်းခဲ့တဲ့ ဆာရာက
2003 Star For a Night သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အနုပညာ လမ်းကြောင်းပေါ်
ရောက်ရှိခဲ့ပါတယ်။ Viva Records နဲ့စာချုပ်ချုပ်ဆိုပြီး Popstar : A Dream Come
True ဆိုတဲ့ ပထမဆုံးအယ်ဘမ်နဲ့တင် နာမည်ကြီး လူကြိုက်များခဲ့ပြီး Awit Awards 2 ဆုရရှိခဲ့ပါတယ်။
အယ်ဘမ်ချပ် ရေ ၉ ချပ်မြောက်အထိ Pop သီချင်းတွေဆိုရင်းနဲ့မှ ၁၀ ချပ်မြောက် Expressions
အမ်ဘမ်မှာတော့ R & B ပုံစံ ပြောင်းလဲခဲ့ပါတယ်။
ဒီအယ်ဘမ်ကလည်း Beat R & B Recording ဆုရခဲ့ပြန်ပါတယ်။ ၁၁ ချပ်မြောက် အယ်ဘမ် Perfectly
Imperfect ကတော့ Album of the Year ဆုရခဲ့ပြန်ပါတယ်။
၂၀၁၄ စစ်တမ်းမှာတော့ ဆာရာက ဖိလစ်ပိုင်နိုင်ငံရဲ့
အနုပညာကြေးအမြင့်ဆုံး အနုပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်ခံရပါတော့ တယ်။ Popstar မင်းသမီးလို့တင်စားခံရတဲ့
ဆာရာက ဂီတလောကကနေ ရုပ်ရှင်လောကထဲကူးပြောင်း ၀င်ရောက်လာပြီး ASAP, Bitoing Walang
Ninging, Pangarap na Bitoin, Sarah G Live: စတဲ့ ရုပ်သံ အစီအစဉ်တွေမှာ ပါဝင်လာခဲ့ပါတယ်။ ဆာရာပါဝင်ခဲ့တဲ့
A Very Special Love, You Change My Life, It
takes a Man and a Woman စတာတွေ Box Office ရဲ့နာမည်အကြီးဆုံးဇာတ်ကားတွေဖြစ်ပြီး
Box Office Entertainmet Awards ဆုရရှိခဲ့သလို FAMAS Awards For Best Actress ဆုလျာထားခံခဲ့ရပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment