အွန်စောလေးလို လှချင်သလား …










ကိုရီးယားရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ဘယ်အချိန်ကြည့်ကြည့် မင်းသား၊ မင်းသမီးတွေရဲ့ အသားအရေက ဖြူနုပြီးတောက်ပနေကြပါတယ်။ ဘယ်ပရိသတ်ပဲဖြစ်ဖြစ် မင်းသမီး၊ မင်းသားက ဘယ် Beauty Product ကို သုံးတယ်ဆိုတာ သိချင်ကြမှာပဲလေ။ Beauty Product တွေ ကောင်းကောင်းသုံး ရုံနဲ့တော့ အသား အရေက အပြစ်မျိုးမှဲ့မထင်လှလာမှာ မဟုတ်ပါဘူး။ အစားအသောက်၊ အနေအထိုင်၊ အသားအရေထိန်းသိမ်းပုံ ထိန်းသိမ်းနည်းတွေကလည်း အရေးပါပါသေးတယ်။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယား မင်းသမီးတစ်ဦးရဲ့ အသားအရေထိန်းသိမ်းပုံလေးကို လေ့လာကြည့်ကြရအောင်…

ဆောင်းဟေကို
ကိုရီးယားဇာတ်လမ်းတွဲတွေ မြန်မာပရိသတ်များနဲ့ စတင်မိတ်ဆက်ပေးချိန်မှာ ''ဆောင်းဦးရွက် ကြွေ ချစ်သက်သေ'' ဇာတ်လမ်းတွဲမှ ကင်ဆာဝေဒနာသည် မင်းသမီးလေး အွန်စောအဖြစ် မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို  သနားစဖွယ်ဝင်ရောက်လာသူလေး ဖြစ်ပါတယ်။ ထို့နောက် '' ချစ်စံအိမ်'' ဇာတ်လမ်းတွဲမှာ ကိုရီးယား မင်းသား Rain နဲ့ တွဲဖက်ပြီး ချစ်စဖွယ်အမူအရာတို့ဖြင့် အာရှတစ်လွှား ပရိသတ်တွေကို ဖမ်း စားနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်ဖွား အသက် (၃၂) အရွယ်ရှိနေပြီဖြစ်တဲ့ အွန်စောဟာ ကြည့်လိုက် တိုင်းမှာ အသားအရေက ဖြူဝင်းပြီးကြည်လင်တောက်ပနေပါတယ်။ သူမရဲ့အသားအရေ ထိန်းသိမ်းပုံ နည်းလမ်း တွေကတော့…

ရေသောက်ပါတယ်
သူမဟာ နံနက်အိပ်ရာထပြီဆိုတာနဲ့ ရေ (၂)ခွက်ကို အရင်ဆုံးသောက်ပါတယ်။ ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ကို ဖြည့်ဆည်းပေးပါတယ်တဲ့။
ရှောင်ကြဉ်ဖြစ်တဲ့ အစားအသောက်တွေကတော့
သူမဟာ အသားအရေလှပဖို့အတွက် ချောကလက်၊ Coca Cola ၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို မစားသုံးပါဘူးတဲ့။
စားသုံးဖြစ်တာတွေက
သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဥ ။
မင်းသမီး အကြိုက်ဆုံးအစားအစာက
ရွှေဖရုံသီးစွပ်ပြုတ်
အစားအသောက်ကို ထိန်းသိမ်းပြီး စနစ်တကျစားတဲ့ အွန်စောက ကိုရီးယားမှာသာမက အာရှ တစ်လွှားမှာ နာမည်ကြီးအလှကုန်တစ်ခုဖြစ်တဲ့ Laneige ရဲ့ မော်ဒယ်လ်တစ်ဦးတည်း ဖြစ်ပါတယ်။
သူမအကြိုက်ဆုံး Skin Care Product က
သူမက Laneige Power Essential Skin Toner ကို နေ့ရောညပါ ပုံမှန်သုံးပါတယ်တဲ့။ သူမရဲ့ ပြောပြချက်အရဆိုရင် Laneige Toner က ရိုက်ကွင်းမှာ မီးထိုး၊ မှန်ထိုးကြောင့် အသားအရေခြောက် သွေ့ခြင်းကို သိသာစွာ သက်သာစေပါတယ်တဲ့။

သူမ အားလပ်ချိန်မှာ အသားအရေထိန်းသိမ်းဖြစ်ပုံကတော့…
အသားအရေဖြူစင်ဖို့အတွက်
ကြက်ဥအကာ၊ ပျားရည်တို့ကို မျက်နှာနှင့်လည်ပင်းအတွက် လိုအပ်သလောက် ဆတူရောပြီးမွှေပါ။ မျက်နှာမှာလိမ်းထားပြီး ခြောက်သွေ့သွားပါက ရေဖြင့်ဆေးချလိုက်ပါ။ သူမကတော့ (၂)ပတ်တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါတယ်တဲ့။
အသားအရေတောက်ပဖို့အတွက်
ပျားရည်တစ်ဇွန်း၊ ရေ (၂) ဇွန်းရော၍ မျက်နှာနှင့် လည်ပင်းအနှံ့ ညင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင် ရေဖြင့်ဆေးချပါ။ သူမက ဒါကိုလည်း (၂)ပတ်တစ်ကြိမ် ပုံမှန်ပြုလုပ်ပါတယ်တဲ့။
အသားအရေ ကျစ်လျစ်ဖို့အတွက်
အွန်စောက ပူပြင်းတဲ့အချိန်မှာ Shooting ကပြန်ရောက်လို့ အနားယူပြီးရင် အသားအရေကျစ်လျစ် စေဖို့အတွက် ရေခဲတုံလေးတွေနဲ့ မျက်နှာကိုနှိပ်နယ်ပေးပါတယ်တဲ့။ အဲဒီလိုပြုလုပ်ခြင်းက သူမမျက်နှာကို သေးသွယ်သွားသယောင် ဖြစ်စေပါတယ်တဲ့။
အွန်စောသုံးဖြစ်တဲ့ Cosmetic က
အွန်စောက မျက်နှာမှာ မိတ်ကပ်ထူထူလိမ်းရတာ မကြိုက်ပါဘူးတဲ့။ သူမ သုံးဖြစ်တာက Laneige Snow B.B Cream ပါတဲ့။ အဲဒီ B.B Cream က မျက်နှာကိုပေါ့ပါးစေပြီး အစက်အပြောက်တွေကို ဖုံးကာပေးပါတယ်။ သူမက Eyeliner နဲ့ Mascara ကို အများအားဖြင့် သုံးဖြစ်ပါတယ်။ Liquid Eyeliner ကို မျက်လုံးထောင့်စွန်းမှာ အတောင်ပံပုံစံလေးဆွဲရတာ နှစ်သက်ပါတယ်တဲ့
ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment