ကျွန်တော့်ကားမိတ်ဆွေများအတွက်
စေတနာအရင်းခံလေးနဲ့ရည်ရွယ်ကာ ဒီအကြောင်းလေးတွေ ကို ထဲထဲဝင်ဝင်သိစေချင်လို့ တင်ပြပေးလိုက်ပါတယ်။
တစ်ခါတစ်ရံသစ်ပင်ဖြောင့်ရင်
အတက်ရခက်စကားဖြောင့်ရင် အကြားရခက်ဆိုတာကို ကြိုပြောထား ရပါရစေ။ ဒေါသသံလေးပါခဲ့ရင်လည်း
ဂရုဏာနဲ့ပြောလိုက်တဲ့ ဂရုဏာဒေါသောအသံပဲဖြစ်မှာပါလို့ အာမခံ ပါတယ်။
မြန်မာပြည်ကလူအများ
ခေတ်မီကားများကို ထဲထဲဝင်ဝင်သိလာတာ စီးဖူးလာကြတာ ၃ နှစ် လောက်ပဲ ရှိပါသေးပါတယ်။ လွန်ခဲ့
တဲ့ ၂၀၁၃ လောက်ကြမှ EFI ကားများကို Octane ဆီများနဲ့ ရွီးကနဲ တကယ် မောင်းဖူး ကြပါတယ်။
ဟိုနာမည်ကြီးတဲ့ အမြန်လမ်းကြီးကလည်း ခေတ်မီကားများနဲ့ ၁နာရီကိုကီလိုမီတာ ၁၀၀ ကျော်
အေးဆေးမောင်းနိုင်ဖို့ အချိန်ကိုက်ပေါ်ပေါက်လို့လာပြန်တယ်။ လူ့အမှား ကားအမှား လမ်းအမှားကြောင့်
သေလိုက်တဲ့လူတွေလည်း သောက်သောက်လဲ နောက်သောက်သောက်မလဲအောင် ဆင်ခြင်သတိပြုနိုင်ရင် ရပါတယ်။
အမြန်လမ်းကြီး
ထဲထဲဝင်ဝင်စဖွင့်ကတည်းအချိန်ကစလို့ ခုစာရေးနေတဲ့အချိန်အထိ လူသေတာ ၆၀၀ ကောင်းကောင်းကျော်သွားပါပြီ။
နာမည်ကြီးအမြန်လမ်းကြီးအရှည်က အတိအကျဆိုရင် ၃၆၆ မိုင်နဲ့ ၃ဖာလုံ ရှိပါတယ်။ သင်္ချာနည်းအရ
ပျမ်းမျှတွက်ပြရရင် ၁ မိုင် လူ ၂ယောက် နည်းပါးသေနေတယ်ပေါ့။
အထူးသိစေချင်တာကတော့
အမြန်လမ်းနဲ့ပတ်သက်သမျှ အဖွဲ့အစည်းအားလုံးကဖြစ်သမျှပျက် သမျှမှတ်တမ်းတင်ထားရပါတယ်။
နှစ်တစ်နှစ်မှာ
ပထမ ၃ လ ပတ်တိုင်းကို ဆားဗေးဆင်းထားရပါတယ်။ ပြီးတော့ ၁နှစ်လုံးအတွက်စာရင်းချုပ် ထားတယ်။
သိသင့်တာလေးမို့ ပြောပြလိုက်ပါမယ်။
(၂၀၁၄ တစ်နှစ်လုံး)
မတော်တဆမှုပေါင်း
- ၄၁၂မှု
သေဆုံး -
၁၅၇
ဒဏ်ရာရ -
၇၆၆
(၂၀၁၅ တစ်နှစ်လုံး)
မတော်တဆမှုပေါင်း
- ၄၅၃မှု
သေဆုံး -
၂၄
ဒဏ်ရာရ -
၁၀၃၃
(၂၀၁၆-၃လပတ်-မတ်လ-၃၁-ရက်အထိ)
မတော်တဆမှုပေါင်း
- ၁၇၄မှု
သေဆုံး -
၄၁
ဒဏ်ရာရ -
၂၈၀
သေချာကြည့်လိုက်တော့
၂၀၁၆ ပထမ-၃လပတ်စာရင်းထဲက လူသေနှုန်းက ၂၀၁၅-တစ်နှစ်လုံးမှာ သေဆုံးသူဦးရေ ၂၄ ယောက်ထက်ပိုနေတာကို
တွေ့လာရပါတယ်။
၄၁
ယောက်ဆိုတာနဲ့မှတ်လို့ ခုပြောတဲ့အချိန်မှာ ဒီထက်များနေပါပြီ။ ဒီနေ့ပဲ၂ ယောက်သေပြန်ပြီ။
ထုံးစံအတိုင်း CG မြင့်တဲ့ Surf ကားပါပဲတဲ့။ မဟုတ်တဲ့နေရာမှာ တိုးတက်လာတာ Increase
ဖြစ်လာတာကြည့် ကြပါဦးဗျာ။ မတော်တဆဖြစ်စဉ် အားလုံးအရေအတွက်ဟာလည်း ၂၀၁၅ ၃လပတ်စာရင်းထက်
၉၈ မှု အသာစီး ရနေတာကိုတွေ့ရတော့ ထိခိုက်မှုမဖြစ်ဖို့အရေး မလျှော့ချနိုင်လို့ကတော့ ၂၀၁၆
နှစ်ကုန်စာရင်းသာချုပ်ပေးရ ရင်တော့ မတွေးရဲပါဘူးဗျာ။
ပထမလမ်းကြောင့်
ပြောတယ်။
ဒုတိယယာဉ်ကြောင့်
ပြောတယ်။
တတိယ လူကြောင့်
ပြောပြန်တယ်။
ဘာကြောင့်ဖြစ်ဖြစ်
လူသေရရင် အဆိုးဆုံးပါ။
လမ်းလည်း
လူကလုပ်ထားတာပါ။ ယာဉ်ကိုလည်း လူကလုပ်ထားတာပါပဲ။ ယာဉ်ကိုမောင်းတာလည်း လူပါပဲဆိုတော့
နောက်ဆုံး ကောက်ချက်ချလိုက်ချင်တာကတော့ လူပဲအဓိကပါပဲလို့လည်း ပြောလိုက်ပါ တော့တယ်။
ငယ်ငယ်တုန်းကကြားဖူးတဲ့
ပုံပြင်လေးကိုပြောပြလိုက်မယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီး ကျောင်းသားအချင်းချင်း
အမြဲရန်ဖြစ်ကြတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် ငပွကြီးဆိုတဲ့ ဘုန်းကြီး ကျောင်းသား အမြဲပါ တယ်။
ဒီတော့ ရန်ဖြစ်သံကြားတိုင်း ဘုန်းကြီးက ခု ဖြစ်တဲ့ ၂ ယောက်မှာ ဟိုကောင့် နာမည်မပြောနဲ့
အခြား တစ်ယောက် နာမည်ပဲပြောပေတော့ဆိုပြီး ၂-ယောက်စလုံးကိုခေါ်ပြီး ကြိမ်နဲ့ရိုက်ပါတယ်။
ဒါကြောင့်မို့
ကျွန်တော်တို့လည်း ငပွကြီးအကြောင်းမပြောတော့ဘဲ အခြားကျောင်းသားများအကြောင်း ပဲပြောပါတော့မယ်။
ငပွကြီးဆိုသူလည်း လူတိုင်းနဲ့ ရန်ဖြစ်နေရလို့ နာမည်ပျက်နေပါပြီ။ ဘုန်းကြီးရိုက်တဲ့ကြိမ်
လည်းခံနေရပါပြီ။ ငပွကြီးကိုလည်း အားနာလှပါသည်။ ဒါကြောင့် ငပွကြီးကလွဲလို့ အခြားကျောင်းသားများ
အကြောင်းပြောကြရအောင် ကားတစ်စီးလမ်းပေါ်မှာ အမြန်နှုန်းတစ်ခုနဲ့မောင်းနေပြီဆိုလျှင် အခြားလှုပ်ရှား
နေသောအရာတစ်ခု သို့မဟုတ် တည်ငြိမ်သော အရာတစ်ခုတို့ပြင်းထန်စွာတိုက်မိခြင်းတို့ အချိန်မရွေး
ဖြစ်နိုင်ပါတယ်။
ဒါကို
Collsion လို့ခေါ်ပါတယ်။ စွန့်စားမှုတစ်ခုနဲ့ မောင်းနေရတယ် စီးနေရတယ်ဆိုပါတော့။ ဒီလိုဖြစ်ခဲ့ရင်
တတ်နိုင်သလောက် ထိခိုက်မှုနည်းအောင် ကားကုမ္ပဏီတို့က တီထွင်ကြံဆပေးရတယ်။
ကားအားလုံးမှာလည်း
ထိုင်ခုံသက်ကယ်ခါးပတ်နဲ့ အဲယားဘက်ဆိုတာလည်း ပါလာကြတယ် ထိုင်ခုံခါးပါတ်က ကနဦးရှေးမဆွကတည်းက
ပေါ်လာတာကြာပါပြီ။
လေအိတ်ဆိုတဲ့
Airbag ကတော့ တော်ဝင်မင်းသမီး ဒိုင်ယာနာကားတိုက်ပြီး သေပြီးကတည်းက ကားလောကမှာ ထူးခြားစွာနိုးထလာခဲ့ပါတယ်။
၁၉၉၆
Mdl နောက်ပိုင်းကား များကစလို့ ဗငမဘေါ ပါလာကြတာ များပါတယ်။ ကားတိုင်းမပါမဖြစ် ပါကြစေဖို့
သက်ဆိုင်ရာက ညွှန်ကြားပေးထားပါတယ်။
ထိုင်ခုံခါးပတ်ကို
Safety Seat Belt သက်ကယ်ခါးပတ်လို့ခေါ်ပေမယ့် အခုနောက်ပိုင်းခေတ်စားလာတဲ့ လေအိတ်ကို
Airbag လို့ တိုက်ရိုက်မခေါ်ဘဲ SRS Airbag လို့
ခေါ်ပေးထားတာထူးခြားနေပါတယ်။
အတိအကျအဓိပ္ပါယ်က
Supplemetel Restraint System Airbag လို့ ပြောပါတယ်။ နောက်ဆက်တွဲ အဖြစ် ထပ်မံဟန့်တားထိန်းချုပ်ခြင်းလို့
အဓိပ္ပါယ်ရနေပါတယ်။
ဒီတော့မူရင်း
အဓိက Primary သက်ကယ်စနစ်က သူမဟုတ်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ခုပြောတဲ့ သက်ကယ်လေအိတ်စနစ်ကို
လူကအဓိကအားကိုးလို့ မရပါဘူးလို့ ပြောရင်ရပါတယ်။ ကားထိခိုက်မှု တစ်စုံတစ်ရာကြောင့် လူကိုတကယ်ကာကွယ်ပေးနိုင်မှာကတော့
ရာနှုန်းပြည့်မဟုတ်တောင် အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်မယ့်အရာကတော့ ထိုင်ခုံသက်ကယ်ခါးပတ်ပါပဲ။
ဒီစနစ်ကိုပြုလုပ်ထားတာလည်း ရိုးရှင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
သင်ကားမမောင်းခင်
ထိုင်ခုံခါးပတ်ကို သေချာစွာကလစ်ဆိုတဲ့ မြည်သံကြားတဲ့အထိပတ်လိုက်ပါ။ သင့်ကိုယ်လုံးအနေထားအရ
သက်သောင့်သက်သာ ပတ်နိုင်တာကိုတွေ့ရမယ်။ ပခုံးပေါ်ကကြိုးကို ကိုယ်ပေါ် သိုင်းလာတဲ့အထိ
လွယ်ကူစွာ လိုသလောက်ထွက်လာမယ်။
အဓိကခါးအောက်ပိုင်း
ပေါင်အပေါ်ကိုတော့ အသင့်အတင့်တင်းကြပ်ပြီး ထိုင်ခုံမှာချုပ်ထားပေးလိုက် ပါပြီ။ ပခုံးပေါ်က
စလွယ်သိုင်းကြိုးကတော့ လိုတိုးပိုလျှော့ကြိုက်သလို လုပ်နိုင်ပါသေးတယ်။
လူအများက
သေချာစွာမလေ့လာထားမိတော့ ရိုးရှင်းစွာတွေးထားဖူးတယ်။ ထိုင်ခုံနဲ့ လူကိုကြိုးနဲ့ ချည်သလိုလုပ်ထားတော့
ဘာဆန်းသလဲပေါ့။
ကားမှောက်ရင်
လူတခြား ထိုင်ခုံတခြားမဖြစ်အောင် ချည်ထားလို့ လူကထိုင်ခုံနဲ့ တစ်ပါတည်း တွဲလျက်နေမယ်။
ဒါကြောင့်မို့ ထိခိုက်မိရင်ထိခိုက်မှုနည်းမယ်။
အထူးသဖြင့်ကားအပြင်ကို
လွင့်စင်မထွက်နိုင်ဘူး။ ကားထဲမှာ လူကဂျွမ်းထိုးမှောက်ခုံမဖြစ်နိုင်ဘူးလို့ပဲ ရိုးရှင်းစွာထင်ခဲ့ကြပါတယ်။
လေယာဉ်ထိုင်ခုံဆိုရင်တော့
မှန်ပါတယ်။ စလွယ်သိုင်းတစ်ခုမပါလို့ တကယ်တော့ ကားထိုင်ခုံသက် ကယ်ခါးပတ်စနစ်ကိုတီထွင်ထားတာ
နည်းပညာအဆင့်မြင့်ပါတယ်။ လူရဲ့ခါးကိုချုပ်နှောင်ထားတာကတော့ မြင်တဲ့အတိုင်းပဲ ထားပါတော့။
ပခုံးကိုစလွယ်သိုင်းလာတဲ့ အပိုင်းမှာတော့ ခါးပတ်အိမ်ထဲမှာ တင်းအားကို အာရုံခံတဲ့ Tension
Lever ဆိုတာ အခြေခံမူနဲ့တစ်မျိုး အဆင့်မြင့်လျှပ်စစ်စနစ်နဲ့ တစ်ဖုံတီထွင်ထုတ်လုပ် ထားကြပါတယ်။
မိတ်ဆွေတို့
ဂျပန်တစ်ပတ်ရစ်ကား နှစ်ပတ်ရစ်ကားများက ခါးပတ်များကိုစမ်းကြည့်နိုင်ပါတယ်။
ထိုင်ခုံခါးပတ်ကို
ကလစ်ဆို ထိုးပြီး ပခုံးပေါ်ကစလွယ်သိုင်းကြိုးကို လက်တစ်ဖက်နဲ့ ဖြေးဖြေး မှန်မှန် ဆွဲလိုက်ပါ
လိုချင်သလောက် ထပ်ထွက်လာပါလိမ့်မယ်။
အဲ…
ရုတ်တရက်ဇတ်ကနဲ ဆောင့်ဆွဲကြည့်လိုက်ပါ။ ပခုံးပေါ်က စလွယ်သိုင်းကြိုးထပ်မထွက် နိုင်တော့ပါဘူး။
ရောက်တဲ့နေရာမှာ တင်းလျက်ရှိသွားပါလိမ့်မယ်။ တင်းအားလေးကိုပြန်လျှော့ပြီး ဆွဲကြည့်
လိုက် ကြိုးကလိုသလို ထပ်ထွက်ပါလိမ့်မယ်။
လက်နဲ့မဆွဲဘဲ
ကိုယ်မှာပတ်ပြီးသကာလ ကိုယ်ကိုဆတ်ကနဲရှေ့ကို ယိမ်းကြည့်လိုက်ပါဦး ကြိုးမတင်း ပေးပါဘူး။
အလိုက်သင့် ရှည်ထွက်ပါလိမ့်မယ်။
ဒါပေမဲ့
တကယ့်ကိုကားတိုက်မှုဖြစ်စဉ်တစ်ခုဖြစ်ခဲ့ရင်တော့ ပခုံးပေါ်ကစလွယ်သိုင်းကြိုးက လူတစ် ကိုယ်လုံးကို
တင်းကျပ်စွာလှမ်းချုပ်ထားပေးပါလိမ့်မယ်။
ဒါကိုပြောချင်တာ
Tension Lever ဆိုတဲ့ ကိရိယာက တကယ်အာရုံခံအလုပ်လုပ်ပေးမယ်ဆိုတာ ပြောချင်တာပါ။
ကားရယ်
ထိုင်ခုံရယ်၊ လူရယ်၊ အားလုံးပေါင်းကို ဒြပ်ထုတစ်ခုလုံးသဘောထားက တစ်ပြိုင်နက် ရွေ့ နေရာက
ရုတ်တရက်ရပ်လိုက်မှ အီနားရှားသဘောနဲ့ Tension
Lever က အာရုံအမှန်ခံပြီး ကြိုးကိုတင်းပေး လိုက်မှာပါ။
ဒါကိုအဓိကပြောချင်တာ
ထိုင်ခုံသက်ကယ်ခါးပတ်က Primary မူလပထမအဓိက လူကိုကာကွယ် နိုင်ပါမယ်။ မောင်းသူဆိုပါက
လက်ကိုင်ဂွေနဲ့ရင်ဘတ်ခေါင်းတို့ မဆောင့်အောင်လှမ်းဆွဲပေးမယ်။ နောက်ဆက် တွဲဟန့်တားထိန်းချုပ်မယ့်လေအိတ်က
ကားတိုက်တိုင်းမပွင့်နိုင်ပါဘူး။ ကားမှာတတ်ထားတဲ့ အာရုံခံဆင်ဆာက အာရုံခံနိုင်တဲ့အဆင့်ရောက်မှ
လေအိတ်ပွင့်နိုင်ပါလိမ့်မယ်။ လေအိတ်က ရာနှုန်းပြည့်ပွင့်မယ်ထားဦး လူက ခါးပတ်မပတ်ထားရင်
လူတခြား လေအိတ်တခြားဆိုရင်လည်း စဉ်းစားကြည့်။ ခါးပတ်မပတ်ထားတဲ့ လူမို့ရှေ့ကို ပြေးဆောင့်မယ်။
လေအိတ်ကလည်း ရုတ်တရက်လာတွန်းမယ်။ ဘာပဲပြောပြော ရင်ဝကိုခေါင်းအုံးနဲ့ ရိုက် သလောက်တော့
ခံရလိမ့်မယ်။ ခံနိုင်ရည်မရှိသူအဖို့ ရင်ဘက်အောင့်သွားမှာမို့ အသက်ရှုဖို့တောင်ခက်ခဲသွား
မယ်။ ဒါကြောင့် ခါးပတ်ကိုပတ်ထားဖို့ အဓိကပြောချင်တာပါ။ ခါးပတ်ပတ်ထားခဲ့ရင် လေအိတ်မပွင့်လည်း
ထိုင်ခုံ နဲ့ လူနဲ့ချုပ်ပြီးသားမို့ ရှေ့ကအရာတွေနဲ့လည်း ဆောင့်ဖို့လည်းမရှိနိုင်တော့တဲ့
အခြေအနေ။ ကားဂျွမ်းပြန်လိမ့် မှောင့်ခဲ့ရင်လည်း လူကတခြားကို လွင့်စင်သွားဖို့ မရှိနိုင်တော့ဘူးပေါ့။
ဒါဆိုအသက်ရှင်ဖို့ လက်ကျန်အခွင့် အရေးရနိုင်ပါသေးတယ်။ လက်ရှိကြားနေရသောသတင်းများအရ
ကားမှာတပ်ဆင်ထားတဲ့ ထိုင်ခုံခါးပတ်နဲ့ ပတ်သက်လို့ Error တက်လို့ သက်ဆိုင်ရာကားများကို
Recall ခေါ်တယ်မကြားမိသေးပေမယ့် ဂျပန်ကား အားလုံးနီးပါးနဲ့ အခြားနာမည်ကြီးကားများကို
တပ်ဆင်ပေးနေတဲ့ TAKATA ဆိုတဲ့ လေအိတ်ကုမ္ပဏီတပ်ထား တဲ့ ကားအချို့ Gas ဗူးအလိုလိုထပေါက်ကုန်လို့
မှန်ကွဲ လူသေကာ ထိခိုက်မိတဲ့လူလည်း ၁၀ ဦးထက်မနည်းရှိပြီ လို့ သိရပါတယ်။ လေအိတ်ပွင့်ဖို့အရေး
ထောက်လှမ်းရေးကရိယာမျိုးစုံက တွက်ချက်ကာလုပ်ဆောင်ပေးရ တယ်။ ကားကတိုက်တိုင်းလည်း လေအိတ်မပွင့်နိုင်ပါ။
ဒါပေမဲ့ ခါးပတ်ကတော့ ပတ်ထားခဲ့ရင် ကျိန်းသေလူကို လှမ်းဆွဲ ထားမှာပါ။ ဒါကြောင့် ထိုင်ခုံခါးပတ်ကို
Primary အဖြစ် အားကိုးဖို့ တိုက်တွန်းလိုက်ရတာပါ။
ခါးပတ်ပတ်ဖို့အကြောင်းကိုပြောနေရတာ
မြို့ပြင်မှာအမြန်မောင်းမှ ပတ်ဖို့မဟုတ်ပါ။ မြို့တွင်း မြို့ပြင် နှစ်ခုစလုံး လုံးဝလိုအပ်ပါတယ်ခင်ဗျာ။
ခုလိုရန်ကုန်ကားကျပ်ပုံမျိုးများ ရပ်ထားတဲ့ကားများကို နောက်က ကားကြီးများဆင့်ကဲ ဆင့်ကဲတိုက်မိကြတာလည်း
မြင်ကြားသိနေရပါတယ်ခင်ဗျာ။ ရုတ်တရက် လူကရှေ့ကို ဆောင့်မိသွားနိုင်ပါတယ်။
အထူးသဖြင့် ခုမိုးကျကာလမှာ ယာဉ်တိုက်မှုပိုဖြစ်နိုင်ပါတယ်။
မြို့တွင်းရောမြို့ပြင်ရော ကားဘီးစလစ် ဖြစ်မယ်။ မြင်ကွင်းမကောင်းလို့ ထိခိုက်နိုင်မယ်။
ခုကားဝယ်၊ ခုသင် ခုမောင်း ခုခရီးသွား လူများလည်း အများ ကြီးရှိနေကြလို့ပါ။ ကားတွေကလည်း
ခေတ်မီလာတော့ အော်တိုဂီယာနဲ့ လွယ်လွယ်လေးမောင်းတတ်မယ်။ မှန်ပိတ် အဲကွန်းဖွင့် သီချင်းနားထောင်
ဖုန်းပြော ဖုန်းပွတ်နဲ့မောင်းချင်သလိုမောင်းကြမယ်။ ကိုယ့်ကားကို ကိုယ်ဘယ်လိုပဲမောင်းမောင်း
Safety First ဆိုတာ အဓိကမို့ “Seat Belts Are Forever” လို့သာ အထူး ပြော လိုက်ချင်ပါတယ်။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment