Miss Universe Myanmar Crown မရတာ ဘာမှမဖြစ်ပါဘူး။.....ရွှေအိမ်စည်






အခုလက်ရှိမှာ Clendar တွေ ရိုက်နေတယ်။ ၂၀၁၇လည်းနီးလာပြီဆိုတော့ Show တွေလျှောက်တယ်။ TV Commercial တွေ ရိုက်တယ်။ အဲဒီလောက်ပါပဲ။

အနုပညာလောကမှာ ကျင်လည်နေတာ တစ်နှစ်ကျော်လောက်ပဲရှိဦးမယ်။ သိပ်မကြာသေးပါဘူး။  especially မော်ဒယ်လောက ,က တိုးတက်ဖို့နည်းနည်းခက်တယ်
အနုပညာလောကမှာကျင်လည်နေတာ တစ်နှစ်ကျော်လောက်ပဲရှိဦးမယ်။ သိပ်မကြာသေးပါဘူး။ ကြိုးစားတဲ့ အရာတွေအရာထင်တာ ဘာပဲပြောပြောကျေနပ်မှုရှိတယ်။ ဒီအနုပညာလောကထဲက eapecially မော်ဒယ်လောက ,က တိုးတက်ဖို့နည်းနည်းခက်တယ်။ ကိုယ့်ကြိုးစားမှုကြောင့် ရလဒ်ကောင်းတွေရတာလို့ ထင်တယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုဂုဏ်ယူမိပါတယ်။
Miss Universe မတိုင်ခင် အားလုံးသိကြတဲ့အတိုင်း Miss World ပြိုင်ခဲ့ဖူးတယ်။ Miss World က ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့အတွက် experience လည်းသိပ်မရှိဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုကတော့ အတိုင်းအတာ တစ်ခုအထိ ရောက်ခဲ့မယ်လို့ထင်တာ။ အဲဒီမှာလည်း Top 5 မှာပြုတ်ခဲ့တယ်။ ကိုယ့်ပထမဆုံးပွဲဖြစ်တဲ့အတွက် ကောင်းတယ်လို့တော့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ သိပ်မကျေနပ်ဘူး။ မကျေနပ်တော့ Miss Universe ၀င်ပြိုင် ဖြစ်မယ်လို့ စိတ်ကူးထားတာ။ အရမ်းကြီးအချိန်နီးသွားမယ်လို့တော့ မထင်ခဲ့မိဘူး။ နှစ်လအတွင်းမှာလည်း ပြင်ဆင်ဖို့ အချိန်သိပ်မရတော့ နားဦးမယ် နောက်နှစ်ကျမှပြိုင်မယ်ဆိုပြီးလုပ်ထားတာ။ ဒါပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပေါ့။ Miss World မှာ အဆင်မပြေဘူးဆိုတာလည်း ကိုယ့် Type နဲ့ မညီလို့နေမှာပါ။ ပြိုင်ပွဲတိုင်းကလည်းတူတာမဟုတ်ဘူး။ Miss Universe မှာတော့နည်းနည်း တောက်ပလာနိုင်မယ်လို့ထင်တယ်။ အဲဒီလို ပြိုင်ပါလားဆိုတဲ့ အားပေးမှုတွေနဲ့   Gym တွေသွားကစား ကိုယ့်ကိုယ်ကိုပြန်လေ့ကျင့်ပြီး ပြိုင်ဖြစ်သွားတာပါ။

Miss Universe Myanmar Crown မရတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ပရိသတ်အတွက် Disappointment တစ်ခုပေါ့။
အိမ်စည်အတွက် Miss Universe Myanmar Crown မရတာဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ပရိသတ် အတွက် Disappointment တစ်ခုပေါ့။ အိမ်စည့်အပေါ်သူတို့ တော်တော်လေးမျှော်မှန်းထားပါတယ်။ ဒါပေမယ့် Title သာမရသွားပေမယ့် သူတို့ဘက်ကကြိုးစားမှုကို အသိအမှတ်ပြုပါတယ်။ အဲဒါ အိမ်စည့်အတွက် ပိုအရေးကြီးတယ်။ Grand ရသွားတယ်ဆိုတော့ ဘာပဲပြောပြော နောင်နှစ်သွားပြိုင်ခွင့်ရတယ်။ တစ်နှစ် အချိန်ရှိတဲ့အတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး နောင်နှစ်မှာမြန်မာနိုင်ငံအတွက် Crown ယူမယ်ဆိုတဲ့ စိတ်နဲ့ပဲ ဆက်သွားနေတာပေါ့။

အိမ်စည်က Proud ဖြစ်တဲ့ သူတစ်ယောက်ဆိုတာဟုတ်တယ်။ ဒါပေမဲ့ အဲဒီ Proud ဖြစ်ဖို့အတွက်လည်း ကိုယ့်မှာအရည်အချင်းတွေရှိတယ်။ Quality တွေရှိတယ်။ဒီအတိုင်း အလကားနေရင်း Proud ဖြစ်ရင်တော့ အရူးပေါ့နော် 
အထင်လွဲတယ် မလွဲဘူးဆိုတာပြောရရင် လူတစ်ယောက်ရဲ့ Opinion ပေါ်မှာပဲမူတည်တယ်။ အိမ်စည်က Proud ဖြစ်တဲ့သူတစ်ယောက်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီ Proud ဖြစ်ဖို့အတွက်လည်း ကိုယ့်မှာအရည်အချင်းတွေရှိတယ်။ Quality တွေရှိတယ်။ဒီအတိုင်းအလကားနေရင်း Proud ဖြစ်ရင်တော့ အရူးပေါ့နော်။  နည်းနည်း Stupid လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း ဒီအခြေအနေအထိ ရောက်အောင်ကြိုးစားတယ်။ ကြိုးစားတာမှန်သမျှကလည်း အရာထင်နေမှကြိုက်တယ်။ အဲဒီအတွက်ကြောင့် Proud တော့ဖြစ်တယ်။

မကြိုးစားတဲ့ Mis ဆိုတာလည်းခပ်ရှားရှားပါ။ အားလုံးက အကြိတ်အနယ်ကြိုးစားနေတာ…

Miss တွေကို ပရိသတ်တွေ အားပေးတာက ကောင်းတဲ့စိတ်နဲ့ပဲအားပေးတာပါ။ ပိုကောင်းလာအောင် ဝေဖန်အကြံပြုတာပေါ့။ ဒါပေမဲ့ ညီမအထင်အချိန်နည်းနည်း လွဲနေသလိုပဲ။ ပြောရရင်သရဖူရပြီးခါစဆို အသား ကုန်အားပေးတယ်ပေါ့။ တက်လာပြီးတော့ အားပေးမှုတွေကလျော့သွားပြီး ပြိုင်ပွဲနီးတော့မှ ၀ုန်းကနဲကျသွား တာ။ Miss အတွက်အဆင်မပြေဘူး။ မကြိုးစားတဲ့ Miss ဆိုတာလည်း ခပ်ရှားရှားပါ။ အားလုံးက အကြိတ် အနယ် ကြိုးစားနေတာ။ လုံးဝမကြိုးစားဘူးဆိုရင်တောင်မှ အားပေးမယ်ဆိုရင် ပြိုင်ပွဲမတိုင်ခင်မှာ မမြှောက်နဲ့။ ကိုယ့် Miss ကိုကောင်းစေချင်တာသပ်သပ်။ ကိုယ့် Miss ကို သူတို့ရှိတဲ့ အတိုင်းအတာထက်ပိုသွားတောင် မမြှောက်နဲ့။ အဲဒီလိုလုပ်ရင် ကြိုးစားမှုတွေလျော့နည်းသွားပြီးတော့ တကယ်လည်း International သွားမှ ကိုယ်က ဘာမှမဟုတ်ဘူးဆိုပြီး သတိထားမိသွားရတဲ့ Feeling ကြီးကပိုဆိုးတယ်။

Miss Grand အတွက် အဓိကကျတဲ့ Stop the War ပေါ့။ ညီမထင်တာပြောတာပေါ့…
အခု Miss Grand အတွက် အဓိကကျတှဲ့အသစ Stop the War ပေါ့။ ညီမထင်တာပြောတာပေါ့။ Miss Grand မှာ တစ်ကမ္ဘာလုံးဖြစ်ပျက်နေတဲ့စစ်ပွဲတွေအကြောင်း ကမ္ဘာနဲ့သက်ဆိုင်တဲ့ Major စစ်ပွဲတွေအ ကြောင်းလေ့လာနေတယ်။ ပြီးတော့မြန်မာနိုင်ငံမှာ အဓိကအချက်အခြာကျနေတဲ့ စစ်ဘေးသင့်နေရာတွေ လူတွေအကြောင်း case study လေးလုပ်မယ်။ Miss တစ်ယောက်ဖြစ်နေတဲ့အတွက် Body ကလည်း အရေးကြီးတယ်။ အခုလည်း Gym ကစားနေတယ်။ ပရိသတ်တွေဝေဖန်အကြံပြုတာကိုလည်း တစ်နှစ် အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းသွားမယ်။

ဘယ်သူမဆိုစစ်ပွဲတွေကို မလိုလားဘူး။ မလိုလားလို့ အားလုံးကူညီချင်တာက ကူညီချင်တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကျရင် အဲဒီအကူအညီတွေက အရေးအရာမရောက်သွားတာတွေရှိတယ်…
ဘယ်သူမဆိုစစ်ပွဲတွေကို မလိုလားဘူး။ မလိုလားလို့ အားလုံးကူညီချင်တာက ကူညီချင်တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကျရင် အဲဒီအကူအညီတွေက အရေးအရာမရောက်သွားတာတွေရှိတယ်။ ဘယ်သူ့ကိုမှအကျိုး မပြုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုပိုက်ဆံတွေအများကြီးရှိလို့ လှူချင်တယ်ဆိုရင် စစ်ဘေးသင့်တဲ့ နေရာတွေ ကို လှူတာမှန်တယ်။ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါကခဏပဲလေ။ သူတို့ကိုခဏပဲ ထမင်းကျွေးလိုက်မယ်။ ရေတိုက်လိုက်မယ်။ ဒါစစ်ပွဲတွေ ငြိမ်းချမ်းသွားတာမှမဟုတ်တာ။ အိမ်စည်ဖြစ်စေချင်တာက ကိုယ့်မှာလည်း Budget ရှိတယ်။ Money amount ရှိတယ်ဆိုရင် campaign တွေ ဘာတွေ raising awareness လုပ်ပေါ့။ စစ်ဘေးရှောင်စခန်းတွေမှာ လှူတာကလှူ၊ တစ်ဖက်ကလည်း ငြိမ်းချမ်းရေးက ဘာလဲဆိုတာ အစစအရာရာ awareness တွေလုပ်မယ်။ ဒါကလူငယ်တွေအပေါ်မှာ အဓိကကျတယ်လို့ထင်ပါတယ်။ လူငယ်တွေကို education ပေးလိုက်ရင် ဘာပဲပြောပြော သူတို့တွေကနေ inspired ဖြစ်လာမယ်။ အဲဒီကနေတစ်ဆင့် raising awareness တွေလုပ်လာပြီးတော့ အားလုံးမဖြစ်ကျတော့ဘူး။ ညီမတို့လိုနေတာ အဲဒီတစ်ခုပေါ့။ Campaing တွေဘာတွေသိပ်မလုပ်ကြဘူးလေ။ လုပ်သင့်တယ်လို့ထင်တယ်။

မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ အထင်လွဲစရာဖြစ်တာက ခဏခဏကြုံဖူးတယ်။ အဲဒါလည်း Page အကြီးကြီး  တွေကနေ တင်ထားတာပေါ့
မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ အထင်လွဲစရာဖြစ်တာက ခဏခဏကြုံဖူးတယ်။ အဲဒါလည်း Page အကြီးကြီးတွေကနေတင်ထားတာပေါ့။ တခြားနာမည်မရှိတဲ့ Page တွေကနေတင်ထားရင်တောင် သတိထား မိမှာမဟုတ်ဘူးလေ။ ကိုယ့်ပရိသတ်တွေကလည်း ဘာကြီးလဲဆိုပြီး mention တွေခေါ်ကြတယ်။ ကိုယ်တောင်မှ ငါတော့နာမည်ပျက်ပါပြီဆိုပြီး လန့်သွားတယ်။ တကယ်တမ်းဝင်ကြည့်လိုက်တော့မှ ဘာမှလည်းမဟုတ်ဘူး။ Miss World ကပုံလေးတွေ ဘာမှမဆိုင်ဘူးပေါ့။ တစ်ခုရှိတာကလေ တော်တော်များများက Link တွေကို ၀င်မကြည့်ကြဘူး။ ၁၀ယောက်မှာ ၉ယောက် လောက်က ၀င်မကြည့်တာ။ တော်တော်များများက ခေါင်းစဉ်နဲ့ အဲဒါနဲ့ သက်ဆိုင်တဲ့ပုံလေးတွေတင်လိုက်ရင် အောက်ကနေ၀ိုင်းဆဲကြရော။ အဲဒါကျတော့လည်း ခေါင်းထဲမှာ သိမ်းထားလို့မရဘူး။

အနုပညာလောကသားအချင်းချင်းဆိုရင် ဘယ်လောက်ပဲ Senior Junior ဖြစ်နေပါစေ။ ကိုယ်ကြိုးစားရင် ကိုယ်ရသင့်သလောက်ရမှာပဲလေ …
အနုပညာလောကသားအချင်းချင်းဆိုရင် ဘယ်လောက်ပဲ Senior Junior ဖြစ်နေပါစေ။ ကိုယ်ကြိုးစားရင် ကိုယ်ရသင့်သလောက်ရမှာပဲလေ။ အိမ်စည်ပြောပြချင်တာက Senior တွေကလည်း ဘာပဲပြောပြော ကိုယ့်ထက်အရင်ရောက်နေလို့သာ experience တွေကိုယ့်ထက်ပိုရှိနေတာလေ။ ဘယ်လောက်ပဲအောင်မြင်နေပါစေ။ သူတို့ရှေ့ကလူတွေကို  ယှဉ်လို့မရတာရှိတယ်လေ။ သူတို့ဘက်က advice တွေကိုယူသင့်တာယူရမယ်။ ဒါပေမဲ့ Senior ဖြစ်နေလို့အကုန်လုံးကို နားထောင်ရမယ်လို့ ပြောတာမဟုတ်ဘူး။ သူတို့ဘက်က အချိန်အတိုင်းအတာကြောင့် အကြံကောင်းလေးတွေပေးနိုင်တာတော့ရှိတယ်။

Senior တွေဘက်ကနည်းနည်းဆင်ခြင်ရမှာတစ်ခုက ကိုယ်သိကိုယ်တတ်ဆိုပြီးလုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ Junior တွေကလည်း လူတွေပဲလေ။
Senior တွေဘက်က နည်းနည်းဆင်ခြင်ရမှာတစ်ခုက ကိုယ်သိကိုယ်တတ်ဆိုပြီး လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ Junior တွေကလည်း လူတွေပဲလေ။ တစ်ခါတလေ Senior တွေကလည်း Junior က င့ါလောက်တောင်မအောင်မြင်ပဲ ဘာလို့နားထောင်ရမှာလည်းဆိုတာလေးတွေ လျော့သင့်တယ်။ ဥပမာ Miss လောကနဲ့ဆိုင်တာက ကိုယ်ကနိုင်ငံခြားမှာသွားပြိုင်ထားတယ်ထားပါ။ ဒီမှာမပြိုင်တဲ့လူတွေရှိတယ်။ ငါကနိုင်ငံခြားမှာ ဘယ်နိုင်ငံမှာ လူဘယ်လောက်နဲ့သွားပြိုင်ထားတယ်ဆိုပြီးပြန်လာပြီး ရေငုံနုတ်ပိတ်နေလို့ မရဘူး။ ဒီ experience တွေကိုမျှဝေပေးရမယ်။ Philippine peagents တွေ အောင်မြင်လာတာ။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် အရမ်းစည်းလုံးကြတယ်။ ဒီမှာကျတော့မြုံထားတယ်။ အဲဒါက နိုင်ငံတကာမှာမြန်မာဆိုပြီး ထိုးဖောက်မယ်ဆိုရင် အဆင်မပြေဘူး။ အချင်းချင်း acvice ပေးရမယ်။ အဲဒါမှာသာအောင်မြင်မှာ။ ဘယ်သူမှ နိုင်ငံခြားအခေါက်ခေါက်အခါခါသွားပြီး မယူနိုင်ပါဘူး။ အဲဒီတော့ လျှိုထားတာလည်း ဘာမှဖြစ်လာမှာမှမဟုတ်တာ။ ကိုယ်တွေက ကိုယ့် Level နဲ့ ကိုယ်သွားနေကြတာ။ တစ်ချိန်ချိန်မှာ ဖြစ်မယ့်လူတွေချည်းပဲ။ အဲဒီတော့အချင်းချင်း စာနာစိတ်လေးလည်းရှိပေါ့။ မာန်မာန တွေထောင်လွှားပြီးတော့ ဘယ်မှာသွားပြိုင်လို့ ဘိုတွေနဲ့အလုပ် လုပ်ခဲ့ရလို့အဆင့်အတန်းမြင့်သွား တာလည်းမဟုတ်ဘူး။
Share on Google Plus

0 comments:

Post a Comment