မှန်ဗီရိုရှေ့မှာရပ်ရင်
ဘာဝတ်လို့ဝတ်ရမှန်းမသိတဲ့ အခြေအနေတွေ အားလုံးကြုံဖူးမှာပါ။ ဒါပေမဲ့ ကိုယ့်မှာ စတိုင်ကျလှပအောင်ဝတ်ဖို့အတွက်
စိတ်ကူးတွေမရှိပေမယ့် သာမန်အင်္ကျီအ၀တ်အစားတွေကို ဖက်ရှင်ကျ လာအောင်စွမ်းဆောင်နိုင်ဖို့နည်းလမ်းတွေက
အများအပြားရှိနေပါတယ်။ မတ်တပ်ဗီရိုရှေ့မှာ ကိုယ့်အ၀တ် အစားတွေကိုကြည့်ရင်း ရွေးချယ်စရာမရှိဘူးလို့ထင်နိုင်ပါတယ်။
ဒါတွေဟာ လူသားတွေမှာ ကြုံတွေ့နေကျ အခက်အခဲတစ်မျိုးဖြစ်ပြီး ဒီအတွက်လည်း စိတ်ဓာတ်ကျနေဖို့မလိုပါဘူး။
ဒီတော့ ကမ္ဘာတည် သရွေ့ခေတ် ဆန်လှပနေမယ့် ဖက်ရှင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
ပိုးသားဘလောက်စ်နှင့်
ဘောင်းဘီအကျပ်
ပိုးသားစစ်စစ်၊
ချည်သား ဒါမှမဟုတ် ဓာတုနည်းတွေနဲ့ အထူးပြုလုပ်ထားတဲ့ အင်္ကျီတွေဝတ်မယ်ဆိုရင် သူနဲ့အလိုက်ဖက်ဆုံးက
ဘောင်းဘီအကျပ်အရှည်ဖြစ်ပါတယ်။ ဒီဖက်ရှင်ရဲ့လျှို့ဝှက်ချက်ကတော့ ဘယ်ဘက်ကကြည့်ကြည့် လှပတင့်တယ်တာပဲဖြစ်ပြီး
နောက်ဆုံးဘောင်းဘီအကျပ်အရှည်မရှိရင်တောင် ဂျင်းဘောင်းဘီအတိုနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
ဒီဝတ်စုံနဲ့ဆိုရင် ဒေါက်မြင့်ဖိနပ်ပဲဖြစ်ဖြစ်၊ ကင်းဘတ်ဖိနပ်ပဲဖြစ်ဖြစ် နောက်ဆုံး စလစ်ပါဖိနပ်ပဲစီးစီး
လှပတင့်တယ်နေမှာ အသေအချာပါပဲ။
အမည်းနှင့်အဖြူ
အမည်းနဲ့အဖြူကိုတွဲဝတ်ရင်
ဘယ်တော့မှလူပြောခံရမှာမဟုတ်ပါဘူး။ အမည်းနဲ့အဖြူဟာ တည်ငြိမ်ခံ့ညား တဲ့ ဖက်ရှင်ပုံစံဖြစ်စေပြီး
ဒီဖက်ရှင်ဝတ်ထားရင် အကြိမ် (၁၀၀)မှာ (၉၉)ကြိမ်လောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါရှိစေပါလိမ့်မယ်။
အကြီးစားဆွယ်တာနှင့်
စကတ်အတို
စတိုင်ဆိုတာ
ကွဲပြားခြားနားမှု၊ ဟန်ချက်ညီမျှမှုတွေအပေါ်မှာမူတည်နေတာဖြစ်ပါတယ်။ အပေါ်ပိုင်းက ပွချောင်လွန်းနေပြီး
အောက်ပိုင်းက အကျပ်ဖြစ်နေတာက ဖက်ရှင်အနေနဲ့ဆိုရင် အကောင်းဆုံးပါပဲ။ တကယ်လို့ အပေါ်ကဆွယ်တာက
ကိုယ့်ခွကြားနားလောက်ထိကျနေမယ်ဆိုရင် ပိုပြီးကြည့်ကောင်း သွားအောင် ရှေ့အနားစအနည်းငယ်ကို
စကတ်ထဲထိုးထည့်သင့်ပါတယ်။ ဒါဆိုရင် လူအမြင်မှာ တင့်တယ် လှပသလို ၀တ်ရတဲ့သူအတွက်လည်း သက်သောင့်သက်သာရှိစေနိုင်ပါတယ်။
အင်္ကျီအတိုနှင့်
ခါးထိတက်ဝတ်ရမယ့်စကတ်
ဒီဖက်ရှင်ကတော့
အရပ်ရှည်ရှည်၊ ပုပု၊ ၀၀၊ ပိန်ပိန် ဘယ်သူနဲ့မဆို လိုက်ဖက်တဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်။
အင်္ကျီအတိုကို ကိုယ့်စိတ်ကြိုက်ဒီဇိုင်းမျိုးဆင်နိုင်ပြီး ခါးထိတက်ဝတ်ရမယ့်စကတ်ကြောင့်လည်း
ကိုယ့်ရဲ့ လှပတဲ့ဗိုက်သားတွေကို ပိုမိုထင်ရှားပေါ်လွင်စေနိုင်ပါတယ်။
ဘလေဇာအင်္ကျီအရှည်နှင့်
စကတ်အတို/ဘောင်းဘီအတို
ဘလေဇာအင်္ကျီအရှည်လို့ပြောရာမှာ
အရမ်းအရှည်ကြီးကိုဆိုလိုတာမဟုတ်ပါဘူး။ ပေါင်ရင်းနားလောက် ထိကျနေတဲ့ ဘလေဇာအင်္ကျီအရှည်ကို
ဆိုလိုတာဖြစ်ပါတယ်။ ဒီဖက်ရှင်က စမတ်ကျစေပြီး Sexy ပိုကျစေပါတယ်။
အစင်းကျားရှပ်အင်္ကျီနှင့်
ဂျင်းဘောင်းဘီအရှည်
ဒီဖက်ရှင်က
ကိုယ့်ကိုချစ်စရာကောင်းစေတဲ့အသွင်အပြင်ဖြစ်စေနိုင်တဲ့အပြင် ငွေကြေးကုန်ကျမှုလည်း သက်သာစေတာကြောင့်
အမျိုးသမီးတိုင်းအတွက် ရွေးချယ်ရလွယ်ကူစေပါတယ်။ ဒါ့အပြင် ကိုယ့်ဆီမှာဖက်ရှင်ကျဖို့အတွက်
ရွေးချယ်စရာသိပ်မရှိတော့ဘူးဆိုရင်လည်း ဒီပုံစံကအသုံးဝင်နိုင်ပါတယ်။
ဂါဝန်အတိုနှင့်
ဒေါက်မြင့်ဖိနပ်အရှည်
တကယ်လို့ကိုယ့်မှာခါးပတ်ကောင်းကောင်းမရှိဘူးဆိုရင်
ဒီဖက်ရှင်ကအသုံးဝင်လာပါလိမ့်မယ်။ ဒီလိုဂါဝန်အတိုဝတ်ဆင်ခြင်းအားဖြင့်လည်း ကြွားကြွားဝံ့ဝံ့ရှိတဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း လူတွေပိုသတိထားမိစေမှာဖြစ်ပါတယ်။
တကယ်လို့ ဒေါက်မြင့်ဖိနပ်မရှိရင်လည်း ချစ်စရာကောင်းတဲ့ စလစ်ပါလေးတွေ၊ ရှူးဖိနပ်လေးတွေနဲ့ ဒီဇိုင်းဆင်လို့ရပါတယ်။
တီရှပ်နှင့်ဘောင်းဘီတို
ဘောင်းဘီတိုဟာ
အလွယ်တကူဝယ်ယူလို့ရတဲ့ပစ္စည်းဖြစ်ပြီး အပေါ်ကတီရှပ်နဲ့တွဲဝတ်မယ်ဆိုရင် စတိုင်ကျလှပလာပါလိမ့်မယ်။
တီရှပ်နဲ့ဘောင်းဘီတိုအပြင် အင်္ကျီပေါ်မှာကုတ်အင်္ကျီတစ်ထည်လောက် ထပ်ဝတ်လိုက်မယ်ဆိုရင် ပိုမိုပြီးပြည့်စုံလာပါလိမ့်မယ်။
အစင်းကြောင်းမီနီစကတ်နှင့်
တီရှပ်အပွ
မတူညီတဲ့အင်္ကျီနဲ့စကတ်ကိုတွဲစပ်ဝတ်ဆင်ရမယ့်
နောက်ထပ်ဒီဇိုင်းဖြစ်ပါတယ်။ အပေါ်အင်္ကျီအပွကို မီနီစကတ်ထဲထည့်သွင်းထားရမှာဖြစ်ပြီး အဲဒီလိုထည့်သွင်းရာမှာ
ကပိုကရိုပုံစံမျိုးဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ ဒီပုံစံဟာ ကိုယ့်ကိုယ်ကိုယ်ခေတ်ဆန်ကြော့မော့စေပြီး
စရိတ်စကလည်းသိပ်မကုန်လို့ အမျိုးသမီးငယ်လေးတွေအတွက်သင့်တော်ပါတယ်။
အမည်းရောင်သားရေဂျာကင်
ဒါကတော့ အမည်းရောင်သားရေဂျာကင်ကို
ဘယ်အောက်ခံဝတ်စုံနဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အထူးသဖြင့် ဖြစ်နိုင်ရင် အမည်းရောင်သားရေဂျာကင်ကို
ဆိုင်ကယ်စီးဂျာကင်လိုမျိုးဖြစ်ရင် ပိုကောင်းပါတယ်။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment