နည်းပညာတွေကြီးစိုးလာကြတဲ့ခေတ်ကြီးထဲမှာ
လူသားတွေက တစ်ယောက်နဲ့တစ်ယောက် ဆက် သွယ်ကြဖို့ ပိုမိုမြန်ဆန်လွယ်ကူလာပါပြီ။ အလုပ်မလုပ်လည်း
ထိုင်ရာမထ၊ အိမ်မှာလည်းထိုင်ရာကမထ လှုပ်ရှားမှုတွေနည်းပါးလာပါတယ်။ တကယ်တော့ လိုအပ်တာထက်ပိုတဲ့
အထိုင်များတာ ဥပမာရုပ်ရှင် ကြည့်တာ၊ စားပွဲမှာထိုင်ပြီးအလုပ်၊ စာလုပ်တာ ဘယ်ဟာမဆို ကျန်းမာရေးအတွက်
အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် ကျန်းမာရေးပညာရှင်တွေကတောင် ''အထိုင်များတာက ဆေးလိပ်သောက်ခြင်း
နည်းလမ်း အသစ်''လို့တောင် ဆိုကြပါတယ်။ အထိုင်များခြင်းက ဘယ်လိုပြဿနာတွေဖြစ်လာစေသလဲ။
ဝမ်းဗိုက်အဆီပိုများလာတယ်
တည်ငြိမ်တဲ့နေထိုင်မှုစနစ်နဲ့
ခန္ဓာကိုယ်ကအဆီတွေတိုးလာတာ အထူးသဖြင့် ခါး၊ ၀မ်းဗိုက်တစ်ဝိုက် အဆီတွေစုလာတာက ဆက်စပ်မှုရှိပါတယ်။
ခန္ဓာကိုယ်လှုပ်ရှားမှုအားနည်းလေ အဆီတွေကို မခြေဖျက်ပေး နိုင်လေပါဘဲ။ ခန္ဓာကိုယ်လှုပ်ရှားခြင်းနဲ့
လေ့ကျင့်ခန်းလုပ်ခြင်းကူငစသစမသအနငညူငဈေန လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုးကို ကြွက်သားအတွင်းထုတ်လွှတ်မှုမှာ
ကူညီပေးပါတယ်။ ဒီမော်လီကျူးလေးတွေက စားသုံးတဲ့အဆီနဲ့ အချိုဓာတ်တွေရဲ့လုပ်ငန်းစဉ်မှာအဓိကပါဝင်ကူညီပေးပါတယ်။
လှုပ်ရှားမှုမရှိ၊ အချိန် အကြာကြီးထိုင်နေတဲ့အခါမှာတော့ အဆီနဲ့အချိုဓာတ်တွေက လုပ်ငန်းစဉ်တွေကိုသေချာမလုပ်ဆောင်နိုင်
တော့ဘဲ ၀မ်းဗိုက်တစ်ဝိုက်မှာ အဆီတွေစုလာစေပါတော့တယ်။ ၀မ်းဗိုက်အဆီပိုတွေစုလာခြင်းက
နှလုံးရောဂါ၊ ဆီးချို သွေးချို၊ ကင်ဆာ၊ စောစီးစွာသေဆုံးခြင်း စတာတွေဖြစ်ပေါ်စေလာနိုင်ပါတယ်။
နှလုံးရောဂါ
အချိန်ကြာမြင့်စွာထိုင်ခြင်းက
ခန္ဓာကိုယ်အတွင်းအင်္ဂါအစိတ်အပိုင်းတွေ အထူးသဖြင့် နှလုံးကိုဆိုးကျိုး သက်ရောက်စေပါတယ်။
လှုပ်ရှားမှုမရှိ အချိန်ကြာမြင့်စွာထိုင်တဲ့အတွက် နှလုံးအပါအ၀င် ခန္ဓာကိုယ် အစိတ် အပိုင်းအားလုံးဆီ
သွေးကကောင်းစွာမလည်ပတ်နိုင်တော့ပါဘူး။ သွေးလည်ပတ်မှုနည်းသွားတဲ့အတွက် အဆီနဲ့သွေးခဲလေးတွေက
နှလုံးလမ်းကြောင်းမှာ ပိတ်ဆို့သွားပြီး နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာ ရပါတယ်။
ကျောရိုး၊
လည်ပင်းနာကျင်ခြင်း
တစ်နေရာတည်းလှုပ်ရှားမှုမရှိ
အချိန်ကြာမြင့်စွာထိုင်ခြင်းက ကျောရိုးနဲ့လည်ပင်းကို နာကျင်စေပါ တယ်။ အထိုင်များခြင်းက
ကျောရိုးကိုဖိအားများများပေးလိုက်ပြီး ကျောရိုးက ချပ်ပြားလေးတွေကို ဖိလိုက် သလိုဖြစ်စေပြီး
နာတာရှည်နာကျင်မှုဖြစ်စေပါတယ်။
အချိန်ကြာမလှုပ်ရှားဘဲ
ထိုင်နေရာကနေ ရုတ်တရက် အကြောဆန့်တဲ့အခါမှာ ကြွက်သားတွေကို နာကျင်စေပါတယ်။
သွေးတွင်းသကြားဓာတ်တိုးလာစေတယ်
အထိုင်များလေ
ဆီးချိုသွေးချိုဖြစ်နိုင်ချေများလေပါပဲ။ အချိန်ကြာကြာထိုင်တဲ့အခါ ပန်ခရိယက အင်ဆူလင်တွေများများထုတ်လုပ်ပြီး
ဆီးချိုသွေးချိုဖြစ်ဖို့ ဦးတည်လာပါတယ်။
ကင်ဆာဖြစ်လာနိုင်တယ်
အချိန်လွန်ကဲစွာထိုင်တာက
အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဥအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ တို့တွေနဲ့ ဆက်စပ်မှုရှိပါတယ်။
အထူးသဖြင့် အထိုင်များခြင်းကြောင့်ဖြစ်လာတဲ့ အ၀လွန်ခြင်းက ကင်ဆာ ရောဂါကြီးအများစုရဲ့
အဓိကတရားခံပါ။ အစာစားပြီးထိုင်တာကလည်း သွေးတွင်းသကြားဓာတ်တွေများ လာစေပြီး အူမကြီးကင်ဆာဖြစ်ဖို့
အခွင့်အလမ်းရလာစေပါတယ်။
စိတ်ကျန်းမာရေးထိခိုက်စေတယ်
အချိန်ကြာမြင့်စွာထိုင်ခြင်းက စိတ်ကျန်းမာရေးနဲ့လည်း
ပတ်သက်မှုရှိပါတယ်။ အချိန်ကြာမြင့်စွာ ထိုင်တဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိတဲ့အတွက်
သွေးနဲ့အောက်ဆီဂျင်က ဦးနှောက်ဆီမရောက်နိုင်တော့ဘဲ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေလာပါတော့တယ်။
အထိုင်များလေ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေ အားနည်းလေဖြစ်ပြီး သာမန်အလုပ်လေးတွေကိုတောင်
လုပ်ဆောင်ဖို့ခက်ခဲလာပါတော့တယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment