အရွယ်အစား Size ဟာ ပြဿနာတစ်ခုလား










အမျိုးသမီးအများစုဟာ သူတို့အ၀တ်ဗီရိုထဲက အ၀တ်အစားတွေ သူတို့ဝယ်တဲ့အ၀တ်အစားတွေရဲ့ အတွင်း တံဆိပ်ထဲကရိုက်နှိပ်ထားတဲ့အရွယ်အစား (Size) နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်။ အ၀တ် အစားရဲ့ အရွယ်အစား (Size) နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်။ အ၀တ်အစားရဲ့ အရွယ်အစား ဆိုတာ ကျောင်းတက်တုန်းက ပညာအရည်အချင်းလစဉ်မှတ်တမ်း (Monthly Report Card) လိုပါပဲ။ ရလဒ် (Result) က ကိန်းဂဏန်းတွေကြီးလာလေလေ၊ များလာလေလေ ကိုယ့်ရဲ့အရည်အချင်းကလည်း ဆုတ်ယုတ်သွားလေ၊ နည်းသွားလေပေါ့။ 

အဲဒီလိုပါပဲ။ အ၀တ်အစားနဲ့ ပတ်သက်လာရင် အရွယ်အစားကကြီးလာလေလေ ခန္ဓာကိုယ်က ပုံပျက်ပန်း ပျက်ဖြစ်လာလေလေပဲဖြစ်ပါတယ်။ ကျွန်မရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ၊ လူမှုရေးစာမျက်နှာဖြစ်တဲ့ Facebook ပေါ်ကလို သူငယ်ချင်းအမျိုးသမီးတွေနဲ့ အ၀တ်အစားရဲ့ အရွယ်အစားနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုလေးတစ်ခုပြုလုပ်ခဲ့ဖူးပါတယ်။ တွေ့ရှိချက်အရတော့ ကျွန်မဆွေးနွေးဖူးတဲ့ အမျိုးသမီးအများစုဟာ ဒီအရွယ်အစားနံပါတ်တွေနဲ့ပတ်သက်ပြီး ပြဿနာအကြီးအကျယ်ရင်ဆိုင်နေရပါတယ်။
သူတို့ဝတ်ဆင်တဲ့ အရွယ်အစားနံပါတ်(၈) (Medium Size) ဟာ အရွယ်အစားနံပါတ်(၁၀)ထက် ပိုပြီးကောင်းတယ်လို့ ခံစားနေရပါတယ်။

ကျွန်မနားလည်ပါတယ်။ ကျွန်မလည်း တက္ကသိုလ်တက်တုန်းက သူ့ကိုယ်သူ Small ပါဆိုပြီး အကြောက် အကန် အတင်းငြင်းခုံဖူးတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူမ၀တ်ဆင်ထားတဲ့ အ၀တ်အစား မှန်သမျှဟာ Small Size တွေချည်းပါပဲ။ ဒီအ၀တ်အစားတွေ သူမနဲ့တကယ်တော်ရဲ့လား၊ ၀တ်ရတာ အဆင်ပြေရဲ့လားဆိုတာလည်း နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့ အားလုံးက သူမကိုပေးထားတဲ့ နာမည်ပြောင်ကတော့ ''၀က်အူချောင်း''တဲ့။  အမျိုးသမီးဝတ်အင်္ကျီတွေမှာ အရွယ်အစားသတ်မှတ် ထားခြင်းက အဓိပ္ပာယ်မရှိတဲ့ကိစ္စတစ်ခုပါ။ အင်္ကျီတစ်ထည်မှာရှိတဲ့ အရွယ်အစား နံပါတ်(၈)ဟာ နောက်တစ်ထည်မှာ (၁၀)အဖြစ် ပြောင်းသွားကောင်း ပြောင်းသွားနိုင်ပါတယ်။

အဲဒီလိုပြောလိုက်လို့ အ၀တ်အစားရဲ့အရွယ်အစားကို ဂရုစိုက်စရာမလိုဘူးလို့ ထင်သွားမလားပဲ။ ဒီလိုဆိုလို တာမဟုတ်ပါဘူး။ ကျွန်မလည်း အနည်းဆုံးတော့ အ၀တ်အစားပေါ်က အရွယ်အစားနံပါတ်ကို သတိထားမိ ပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ကျန်းမာရေးနဲ့ ဒီအ၀တ်အစားကြောင့် ကျွန်မတို့ကိုဖြစ်ပေါ်စေတဲ့ ခံစားမှုပဲဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျွန်မအနည်းငယ် ကိုယ်အလေးချိန်တက်လာတဲ့အခါမှာ ကျွန်မပိုင်ဆိုင်ထားတဲ့ Medium Size ရှိတဲ့အ၀တ်အစားတွေဟာ အနည်းငယ် တင်းကျပ်လာပါတယ်။ အဲဒီလိုအချိန်မျိုးဆို Large Size တွေက ကျွန်မကိုသက်သောင့်သက်သာဖြစ်စေပါတယ်။

စည်းမျဉ်း
ကျွန်မစွဲမြဲစွာပြောဆိုလေ့၊ လုပ်ကိုင်လေ့ရှိတဲ့ စည်းမျဉ်းကတော့ အ၀တ်အစားတွေရဲ့ အရွယ်အစား နံပါတ်တွေကို ဖြုတ်ပစ်လိုက်ဖို့ပါပဲ။ တစ်ခါတစ်ရံ အရွယ်အစားနံပါတ်သာမက တံဆိပ်ကိုပါ ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဖြင့် အ၀တ်အစားဝတ်ဆင်ရတာ ပိုပြီးပျော်ရွှင်စေလာပါတယ်။ တစ်ချိန်ကရှိခဲ့တဲ့ အရွယ်အစားနံပါတ်ကို စိတ်ထဲအလေးထားစဉ်းစားနေစရာမလိုတော့ဘဲ ၀တ်ဆင်တဲ့အခါ ဘယ်လိုနေတယ်၊ ဘယ်လိုခံစားရတယ်ဆိုတဲ့အပေါ် ပိုပြီးပျော်ရွှင်လာစေပါတယ်။
ကျွန်မတို့အဓိကထားပြီး စဉ်းစားရမယ့်အချက်ကတော့ ကျွန်မတို့ဝတ်ဆင်တဲ့အ၀တ်အစားပေါ်က အရွယ်အစားနံပါတ်က ကျွန်မတို့ကို ဘာဆိုလိုတယ်၊ ဘယ်လိုအဓိပ္ပာယ်သက်ရောက်စေတယ်ဆိုတာပါပဲ။ ဘယ်အ၀တ်အစားထုတ်လုပ်သူတွေမှ ကျွန်မတို့ဝတ်ဆင်တဲ့အ၀တ်အစားပေါ် ခံစားရတဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ခြယ်လှယ်ဖို့အစွမ်းမရှိကြပါဘူး။ ကျွန်မတို့ ကိုယ်တိုင်မှာပဲရှိတယ်လို့ ယုံကြည်ပါတယ်။

အ၀တ်အစားပေါ်က အရွယ်အစားနဲ့ပတ်သက်ပြီး ဒွိဟတွေများနေရင်တော့…
(၁) အရွယ်အစားက အရေးကြီးတယ်ထင်နေရင် ကိုယ့်ကိုယ်ကိုယ်ပြန်မေးလိုက်ပါ။ ဘာအတွက်အရေးကြီးတာလဲ။ ဘာကြောင့်အရေးပါတာလဲ။ ဒီနံပါတ်က ကိုယ့်ကိုဘာတွေပြောပြနေပါသလဲ။ အဲဒါတွေကကော အမှန်တကယ်အရေး ကြီးပါသလား။
(၂) အရွယ်အစားနံပါတ်တွေ ကစဥ့်ကလျားဖြစ်နေနိုင်သလားဆိုတဲ့ ဖြစ်နိုင်ခြေအပေါ်စဉ်းစားပါ။
(၃) ဒီနံပါတ်တွေက ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါသလား။ အဲဒါဆိုရင်တော့ ဒီနံပါတ်တွေ၊ တံဆိပ်တွေကို ဖြုတ်ပစ်လိုက်ဖို့စဉ်းစားလိုက်ပါ။
ဝိုင်း


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment