ဖက်ရှင်ဆိုတာ
လူတစ်ဦးတစ်ယောက်ရဲ့ ဖော်ပြချက်လို့ဆိုလျှင်မမှားနိုင်ပါဘူး။ ခံစားမှုရသအစုံစုံကို ပေးစွမ်း ချင်တဲ့လူတွေအတွက်
ဖက်ရှင်ဟာလက်နက်တစ်ခုဖြစ်ပါတယ်။ အခုလို အရာရာတိုးတက်ပြောင်း လဲနေတဲ့ခေတ်ကြီးထဲမှာ အရပ်ပုတဲ့လူတွေလည်း
အရပ်ရှည်နိုင်ပါပြီ။ ၀တုတ်နေတဲ့လူတွေလည်း သွယ်လျပြီးပိန်နိုင်ပါပြီ။ ၀နေတဲ့လူတွေဘယ်လိုသွယ်လျလာမလဲ…။
စိတ်မပူပါနဲ့။ ဖက်ရှင်ဆိုတဲ့လက်နက်ကြီးတစ်ခုရှိပါတယ်။ သွယ်လျကျော့ရှင်းနေစေဖို့ လေ့လာကြည့်ကြရအောင်…။
အနက်ရောင်ဝတ်ဆင်ပါ
အနက်ရောင်အင်္ကျ
ီပဲဖြစ်ဖြစ်၊ ဘောင်းဘီပဲဖြစ်ဖြစ် ၀တ်ဆင်လိုက်ရင် လူကိုကျစ်ကျစ်လျစ်လျစ်နဲ့ ပိန်သွား သယောင်ထင်ရစေပါ
တယ်။ အဲဒါကြောင့် အနက်ရောင်က ဆယ်စုနှစ်၊ ရာစုနှစ်များစွာ ဘာနဲ့ဝတ်ဝတ် လိုက်ဖက်လှတဲ့
ဂုဏ်ပုဒ်ကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။
ဒေါက်ဖိနပ်ဝတ်ဆင်ပါ
ဒေါက်မြင့်ဖိနပ်ဆိုတာ
မိန်းကလေးတွေအတွက်တော့ ထာဝရသူငယ်ချင်းကောင်းကြီးပေါ့။ အရပ်ရှည်သူကို ပိုမိုမြင့်မားလှပစေပြီး
ဝသူကိုသွယ်လျစေပါတယ်။ ဒေါက်ဖိနပ်ဝတ်ဆင်ခြင်းကတင်နဲ့ရင်သားကို နေရာတကျကော့ညွှတ်လှပနေစေပြီး
ဝင်ဆင်သူကိုအရပ်မြင့်သွားသယောင်ဖြစ်စေပါတယ်။
ခန္ဓာကိုယ်ကိုလိုအပ်သလိုကစားပါ
ခန္ဓာကိုယ်ကို
လိုအပ်သလိုဖန်တီးတတ်ခြင်းကလည်း ၀တဲ့လူတွေအတွက် နည်းလမ်းကောင်း တစ်ခုဖြစ်ပါ တယ်။ တကယ်လို့
ကိုယ့်ခန္ဓာကိုယ်မှာ သေးငယ်နေတဲ့ခါးပိုင်ဆိုင်ရင် ဒီအစိတ်အပိုင်းကို အသားပေးဖို့ အတွက်
ခါးပတ်ဝတ်ဆင်ပါ။ တကယ်လို့ တင်ပါးဟာသိပ်ကြီးပြီးကားထွက်နေရင်တော့ ၄င်းကိုဖုံးကွယ်ပြီး
ညီမျှနေဖို့အတွက် အနည်းငယ်ပွချောင်တဲ့ဘောင်းဘီ ဒါမှမဟုတ် စကတ်ဝတ်ဆင်ပါ။
ကြီးမားလှတဲ့ပွင့်ရိုက်တွေ
အလျားလိုက်အစင်းကြောင်းတွေရှောင်ရှားပါ
သွယ်လျလှပဖို့
ကြိုးစားနေသူတိုင်း အဓိကရှောင်ရှားရမှာကတော့ ကြီးမားလှတဲ့အပွင့်အခက်တွေ၊ အကွက်တွေ၊
အလျားလိုက်အစင်းကြောင်းတွေပါဝင်တဲ့ အ၀တ်အစားတွေဖြစ်ပါတယ်။
ရေစိုအနက်ရောင်ဂျင်းဝတ်စုံ
အနက်ရောင်စိုစိုဂျင်းဝတ်စုံတွေဟာ
ခန္ဓာကိုယ်သွယ်လျလိုတဲ့အမျိုးသမီးများအတွက် အကောင်းဆုံးဖြစ် ပါတယ်။ ပြီးတော့ ဘယ်အ၀တ်အစားနဲ့မဆို
လိုက်ဖက်လှပါတယ်။
လက်ဝတ်တန်ဆာ
လက်ဝတ်တန်ဆာတွေကလည်း
ခန္ဓာကိုယ်သွယ်လျစေဖို့ အကူအညီပေးပါလိမ့်မယ်။ သူများစိတ်ဝင်တစားဖြစ်စေမယ့်လည်ဆွဲလှလှလေးတွေ၊
နားဆွဲလှလှလေးတွေ ၀တ်ဆင်ပါ။ ခန္ဓာကိုယ်အလှထက် လတ်ဝတ်တန်ဆာကို လူအများက ပိုပြီးစိတ်ဝင်တစား
ကြည့်ကြပါလိမ့်မယ်။
တကယ်လို့
ကိုယ်ဟာသွယ်လျတဲ့ ခန္ဓာကိုယ်သွင်ပြင်အတွက် ဘာကြိုးစားအားထုတ်မှုမှလုပ်မနေရင်တော့ ဒီအတိုင်းက
ဒီအတိုင်းပါပဲ။ အ၀တ်အစားဝတ်ဆင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မရှိတယ်လို့ ခံစားစေရတဲ့အ၀တ်အစားဝတ်ဆင်ပါ။
အ၀တ်အစားရွေးချယ်ခြင်းအတွက် အချိန်ပေးပါ။
ဝိုင်း
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment