ကားအတွင်းမှာ အနံ့ဆိုးတွေကင်းစင်နေအောင် ဘယ်လိုလုပ်ရမလဲ










ကားတစ်စီးနဲ့ ခရီးသွားရတော့မယ်ဆိုရင် ဘယ်လိုခရီးစဉ်မျိုးကိုပဲသွားရသည်ဖြစ်စေ သက်သောင့် သက်သာနဲ့သွားလိုကြမှာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ အန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့အပြင် ကားအတွင်းမှာ အနံ့အသက်ဆိုးတွေကင်းပြီး ဇိမ်ကျကျသွားချင်ချတယ်လို့ပြောရင်လည်း လွန်မှာမဟုတ်ပါဘူး။ ကားအတွင်းမှာ ဟင်းနံ့တွေ နံစော်နေတာ၊ ရေစိုဝတ်တွေသိမ်းထားမိလို့ အနံ့အသက်မကောင်းတာတွေအပြင် ဆေးလိပ်သောက် မိတာကြောင့်လဲ ဆိုးရွားတဲ့အနံ့မျိုးတွေ ရနိုင်တာပါ။ ဆေးလိပ်ကလာတဲ့ အနံ့ဟာသောက်တဲ့လူတွေအတွက် သိပ်ပြီးမသိသာပေမယ့် ဆေးလိပ်မသောက်သူတွေအတွက် အတော်လေးကသိကအောက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီအနံ့ကစွဲထင်အားလည်းရှိလို့ ဆေးလိပ်နံ့စွဲနေပြီဆိုရင် ရှင်းထုတ်ဖို့ခက်ပါတယ်။ ဒါကြောင့် ကားတစ်စီး အတွင်းမှာ ဆေးလိပ်နံ့စွဲနေပြီဆိုရင် ဒီအနံ့ပျောက်သွားအောင် ဘယ်လိုသန့်ရှင်းရေးလုပ်မလဲဆိုတာ အကြံ ကောင်းလေးပေးပါရစေ။

၁။ ခြေတင်ခုံကို သန့်ရှင်းရေးလုပ်ပါ
ကိုယ့်ကားအတွင်းက ခြေတင်ခုံက ကော်ဇောသားဖြစ်နေရင် Cerpet Cleaner ကိုအသုံးပြုပြီး သန့်ရှင်း ရေးလုပ်ရမှာဖြစ်ပါတယ်။ ပုံမှန် Cerpet Cleaner လိုပစ္စည်းတွေက ဒီနေရာမှာ ကားခြေတင်ခုံ ပေါ်မှာရှိနေတဲ့ ဆေးလိပ်နံ့တွေအပြင် ဆေးလိပ်ပြာတွေကိုပါ စုပ်ယူပေးနိုင်စွမ်းရှိပါတယ်။ ကားခြေတင်ခုံတွေကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ နောက်ထပ်သတိထားစရာတစ်ခုကတော့ ကားအတွင်းထဲမှာပဲ သန့်ရှင်းရေးလုပ် တာထက် လေဟာနယ်ထဲကိုထုတ်ပြီး သန့်ရှင်းရေးလုပ်လိုက်တာက ပိုပြီးကောင်းတယ်ဆိုတဲ့အချက်ပါပဲ။ ဘာ ကြောင့်လဲဆိုရင်တော့ ကားအပြင်ဘက်က တိုက်ခတ်လာမယ့်လေက ခြေတင်ခုံပေါ်က အနံ့အသက်တွေကို အတိုင်းအတာတစ်ခုအထိ သုတ်သင်ပေးနိုင်စွမ်း ရှိနေလို့ပါပဲ။

၂။ ကားအတွင်းက ဆေးလိပ်ပြာခွက်ကို သန့်ရှင်းရေးလုပ်ပါ။
အမှတ်တမဲ့ ပစ်ထားတတ်ကြတဲ့အထဲမှာ ကားအတွင်းက ဆေးလိပ်ပြာခွက်ကလည်း တစ်ခုအပါ အ၀င်အဖြစ် ရှိနေပါတယ်။ တကယ်တော့ ကားအတွင်းမှာ ဆေးလိပ်အနံ့တွေနဲ့ ဆိုးဆိုးရွားရွားဖြစ်နေစေ တဲ့အထဲမှာ ဒီပြာခွက်က အရေးကြီးတဲ့နေရာက ပါနေတာပါ။  တကယ်လို့ ဆေးလိပ်ပြာခွက်ကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ပြာခွက်ကို အပြင်မှာလွှင့်ပစ်ပြီး ပြာခွက်နေရာအနီးတစ်ဝိုက်ကို Spray ဗူးနဲ့ ဖြစ်ဖြစ် မွှေးသွားအောင် ပက်ဖြန်းပေးသင့်ပါတယ်။ တစ်ခါတလေပြာခွက်ကို မသွန်ဖြစ်ရင်တောင် spray ဖြန်းထား လိုက်ရင် ဆေးလိပ်နံ့ကို အတော်လေးထိန်းချုပ်နိုင်မှာပါ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသတိထားရမှာက spray တစ်ခုတည်းနဲ့ ကားအတွင်းမှာစွဲနေတဲ့ဆေးလိပ်နံ့ကို အပြီးသတ်မချေမှုန်းနိုင်ဘူးဆိုတာ သိထားဖို့ပဲဖြစ်ပါတယ်။

၃။ Car Fresher တပ်ထားပါ
ကားထဲမှာ မွေးပျံ့နေစေဖို့ နောက်ထပ်လုပ်ဖို့လိုအပ်နေတာတစ်ခုကတော့ Car Fresher ထည့်ထားဖို့ပဲ ဖြစ်ပါတယ်။ အဲယားကွန်း ရှေ့တည့်တည့်မှာ တပ်ဆင်ထားရုံနဲ့ သူက အလိုအလျှောက်အမွှေးနံ့တွေ ထုတ်ပေး နေမှာ အသေအချာပါပဲ။ Car Fresher ကတော့ ဆေးလိပ်နံ့အပြင် တချို့ခပ်ပျော့ပျော့အနံ့ ဆိုးတွေကို မောင်းထုတ်နိုင်စွမ်းရှိပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာအနံ့ကိုလည်း ရွေးချယ်နိုင်တာကြောင့် အဆင်ပြေစေမှာ အသေအချာပါပဲ။ အဲယားကွန်းကို အရှိန်မြှင့်ရင် မြှင့်သလို သူ့အနံ့ကလည်း ခပ်ပြင်းပြင်းလေး ထွက်လာစေမှာ ဖြစ်ပါတယ်။ ကားပိုင်ရှင်တိုင်း ဆောင်ထားသင့်တဲ့အထဲမှာ ပါဝင်တဲ့ပစ္စည်းတစ်ခုဆိုရင် မမှားပါဘူး။

၎။ Dryer Sheets သုံးပါ
          Dryer Sheets ကလည်း ကားအတွင်းအနံ့ဆိုးတွေမရှိအောင် ကူညီပေးနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ ကားအတွင်းပိုင်းတစ်နေရာမှာ Dryer Sheets Box ကိုဖောက်ပြီးထားလိုက်ရင် သူက မွှေးရနံ့ကို ထုတ်ပေး မှာပါ။ တချို့ကားပိုင်ရှင်တွေကတော့ spray ဗူးနဲ့ သန့်ရှင်းရေးလုပ်တာထက် Dryer Sheets ကပိုပြီး မွှေးရနံ့ကို ထိန်းသိမ်းထားနိုင်သလို ပိုပြီးတော့လည်း အကုန်အကျနည်းစေတယ်လို့ အကြံပြုကြပါတယ်။ Dryer Sheets တွေက ကားအတွင်းပိုင်းမှာရှိနေတဲ့အနံ့ဆိုးတွေကို ပယ်သတ်ပေးနိုင်ရုံတင်မကဘဲ မွှေးရနံ့ပါထုတ်ပေးတဲ့ အ လုပ် နှစ်မျိုးကိုလုပ်နိုင်စွမ်းရှိတာကြောင့် အတော်များများကတော့ အကြိုက်တွေ့ကြတယ်လို့လည်း သိရတာပါ။

၅။ ပြာဆောင်ထားပါ
စတိုးဆိုင်တချို့မှာ ၀ယ်လို့ရနိုင်ပါတယ်။ ဖန်ခွက်အလွတ်တစ်လုံးထဲမှာ အသက်သွင်းထားတဲ့ပြာ (အပူပေးထားပြီး) ထည့်ပြီး ကားအတွင်းမှာ ထည့်သွင်းထားခြင်းအားဖြင့်လည်း ကားအတွင်းက ဆိုးရွားတဲ့ အနံ့တွေကို မောင်းထုတ်နိုင်ပါတယ်။ ဖန်ခွက် ဒါမှမဟုတ် ကြွေဇလုံအသေးစားလေးတစ်ခုအတွင်းမှာ ပြာကို ထည့်ပါ။ ပြီးရင် အဲဒီခွက်ကို ကားအတွင်းပိုင်းမှာ နှစ်ရက်၊ ဒါမှမဟုတ် သုံးရက်လောက်ထားလိုက်ရင် အနံ့ အသက်ဆိုးတွေကို ဒီပြာကအလိုအလျှောက် စုပ်ယူသွားနိုင်မှာဖြစ်ပါတယ်။ 

တချို့တိရိစ္ဆာန်တွေနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေမှာတောင် ပြာကိုအသုံးပြုထုတ်လုပ်တာတွေရှိပြီး ကုန်ကျစရိတ်လည်း အတော်လေးနည်းပါး  တာပါ။ ဒါ့အပြင် ဒီပြာတွေကအနံ့ဆိုးတွေကို ပျောက်သွားအောင်သုံးတဲ့ သဘာဝအခြေခံသန့်ရှင်းရေးပစ္စည်းဖြစ် ပြီး အတော်လေးလည်း တာသွားပါတယ်။ ကိုယ့်အနေနဲ့ တခြားနည်းတွေနဲ့သန့်ရှင်းရေးမလုပ်ချင်ဘူးဆိုရင် ဒီလိုပြာကိုအသုံးပြုရင်း ကားအတွင်းကအနံ့ဆိုးတွေကို လျှော့ချနိုင်မှာအသေအချာပါပဲ။

အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment