ဆိုဒါက ကျန်းမာရေးအတွက် ဘာတွေဖြစ်စေလဲ









ဆိုဒါသောက်တဲ့အလေ့အထက လူငယ်တွေနဲ့ကလေးတွေအကြား ရေပန်းစားနေတဲ့အလေ့အထ တစ်ခုပါ။ ဆိုဒါသောက်ရင်ချိုမြတဲ့ အရသာ၊ လည်ချောင်းထဲခပ်ရှရှလေးဝင်သွားတဲ့ခံစားမှုနဲ့ အားအင်ပြည့်ပြီး လန်းဆန်းသွားတဲ့ခံစားချက်ကို ဘယ်သူမှမတွန်းလှန်နိုင်ပါဘူး။ အဲဒီလိုနဲ့ပဲ ဆိုဒါမသောက်ရမနေနိုင်စွဲကပ်လာ တဲ့အကျင့်ကြီး တဖြည်းဖြည်းရလာပါတော့တယ်။ ဆိုဒါထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက အန္တရာယ်ကင်းတယ် လို့ထင်ရပေမယ့် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတဲ့  ပုန်းကွယ်နေတဲ့ အန္တရာယ်လေးတွေ ရှိပါသေးတယ်။

သွားကိုထိခိုက်စေတယ်
ဈေးကွက်ထဲကဆိုဒါအများစုမှာ သွားကိုထိခိုက်စေတဲ့ Citric acid နဲ့သကြားပါဝင်ပါတယ်။ ဆိုဒါ အလွန်ကျွံသောက်တဲ့အခါ သွားရဲ့ပြင်ပကြွေအလွှာကိုပျက်စီးစေပြီး တဖြည်းဖြည်းနဲ့သွားပိုးစာခြင်းဖြစ်လာစေ ပါတယ်။ ခံတွင်းရဲ့မသန့်ရှင်းမှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သွားပျက်စီးခြင်း၊ ခံတွင်းရနံ့ဆိုးတာတွေ အထိဖြစ်လာပါတယ်။ အဲဒါကြောင့် ဆိုဒါအလွန်အကျွံမသာက်ဖို့ သောက်ပြီးတိုင်းလည်း ခံတွင်းသန့်ရှင်း ဖို့လိုအပ်ပါတယ်။

အ၀လွန်စေတယ်
ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းသူများအဖို့ ဆိုဒါနဲ့ diet soda တွေက ဝေးဝေးရှောင်ရမယ့်ပစ္စည်း တွေပါ။ ဆိုဒါမှာပါဝင်တဲ့မြင့်မားတဲ့ သကြားဓာတ်နဲ့အချိုတွေမှာ ခန္ဓာကိုယ်တွင်းက ဟိုမုန်းတွေရဲ့လုပ်ဆောင်မှု ကို အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ၊ ကယ်လိုရီတွေပါဝင်ပါတယ်။ သဘာဝအတိုင်းမဟုတ်တဲ့ အချိုတွေမှာ ကယ်လိုရီနည်းပါးစွာပါဝင်ပေမယ့် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ရှုပ်ထွေးစေပြီး အချိုတောင့်တစိတ်ပြင်း ထန်လာပါတယ်။ အချိုပါဝင်တဲ့ အအေး၊ အထူးသဖြင့် ဆိုဒါက အာဟာရတန်ဖိုး နည်းပါးစွာပါဝင်သလို ဆီးချို၊ ခံတွင်းရောဂါတွေတောင် ဖြစ်စေနိုင်ပါတယ်။

အရိုးအားနည်းစေတယ်
ဆိုဒါအလွန်အကျွံသောက်သုံးခြင်းက အရိုးတွေကိုလည်း အားနည်းစေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပြီးခံစားရလေ့ရှိပါတယ်။ ၂၀၀၆ ခုနှစ်လေ့လာချက်အရ ဆိုဒါပါဝင်တဲ့ဖျော်ရည်သောက် သုံးတဲ့အမျိုးသမီးတွေက အရိုးအားနည်းကြောင်းတွေ့ရှိထားပါတယ် ဆိုဒါပါဝင်တဲ့ဖျော်ရည်တွေက Phosphoric ပါဝင်ပြီး အဲဒီဓာတ်က အရိုးများကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကိုအနှောင့်အယှက် ဖြစ်စေပြီး အရိုးပွရောဂါ အရိုးပျော့တာတွေခံစားရစေနိုင်ပါတယ်။

နှလုံးထိခိုက်စေတယ်
ဆိုဒါအလွန်အကျွံသောက်သုံးခြင်းက နှလုံးကိုထိခိုက်နိုင်ပြီး သေဆုံးစေသည်အထိ အန္တရာယ်ရှိပါ တယ်။ ၂၀၀၉ ခုနှစ်သုတေသနအရ နေ့စဉ်ဆိုဒါပါဝင်တဲ့ ဖျော်ရည်သောက်သုံးတဲ့အမျိုးသမီးတွေက  မသောက် သုံးသူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၄ ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။ အမျိုးသားတွေက တော့ ၂၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိထားပါတယ်။

ဆီးချိုဖြစ်စေတယ်
ခန္ဓာကိုယ်အလေးချိန်တိုးလာလေ ဆီးချိုသွေးချိုဖြစ်ဖို့ နီးစပ်လာလေပါ။ ဆိုဒါက ခန္ဓာကိုယ်တွင်း သကြားဓာတ်ကိုတိုးလာစေညပီး ခန္ဓာကိုယ်အလေးချိန် တိုးလာစေတာကြောင့် ဆိုဒါသောက်သူတွေက ဆီးချိုဖြစ်ဖို့ အလားအလာများသူတွေပါ။ ၂၀၀၄ ခုနှစ်လေ့လာချက်အရ ဆိုဒါပါဝင်တဲ့ဖျော်ရည်နဲ့ သစ်သီး ဖျော်ရည်တွေထဲမှာပါဝင်တဲ့ ကယ်လိုရီတွေနဲ့ သကြားဓာတ်တွေက ဆီးချိုရောဂါအမျိုးအစား (၂) ကို ဖြစ်စေ ပါတယ်။ ဆီးချိုရောဂါကိုရှောင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆိုဒါပါဝင်တဲ့ ဖျော်ရည်တွေကိုရှောင်ဖို့ ဒါမှမဟုတ် ကန့်သတ်လိုက်ဖို့ပါပဲ။
သွေးတိုးစေတယ်
ဆိုဒါသောက်လေ နှလုံးရောဂါရဲ့အဓိကဇစ်မြစ်ဖြစ်တဲ့ သွေးဖိအားတွေများပြီး သွေးတိုးလေပါပဲ။ သွေးဖိအားများခြင်းက နှလုံးကြွက်သားတွေကို အားနည်းစေပြီး နှလုံးရောဂါဖြစ်လာစေပါတယ်။

ဂေါက်ရောဂါဖြစ်စေတယ်
ဂေါက်ရောဂါက နာကျင်ရပြီး မသက်မသာဖြစ်စေရတဲ့ခံစားချက်ပါ။ ဂေါက်ရောဂါရဲ့အကြောင်းရင်း ကတော့ ခန္ဓာကိုယ်တွင်း Uric Acid တွေများလာခြင်းကြောင့်ပါ။ ဆိုဒါမှာပါဝင်တဲ့ fruclose တွေက Uric Acid တွေကိုများလာစေပြီး ဂေါက်ရောဂါဖြစ်လာစေပါတယ်။ ဂေါက်ရောဂါရှိတဲ့လူတွေက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်တို့ကိုလည်း ပြနာတွေကိုခံစားရနိုင်ပါတယ်။

ကျောက်ကပ်ပျက်စီးစေတယ်
ဆိုဒါဖျော်ရည်တွေမှာပါဝင်တဲ့ Phosphoric acid နဲ့ fructose တွေက ကျောက်ကပ်လုပ်ငန်း ဆောင်တာတွေကို ထိခိုက်စေပါတယ်။ နေ့စဉ် ဆိုဒါ ၂ ခွက်၊ ၃ ခွက်ထက်ပိုပြီး သောက်သုံးခြင်းက ဆီးသွားတဲ့အခါ နာကျဉ်ခြင်း၊ အောင့်ခြင်းနဲ့ အဖျားရောဂါတွေဖြစ်စေပါတယ်။ fructose တွေမြင့်မား စွာသောက်သုံးခြင်းကလည်း ဆီးကျောက်တည်ခြင်းဝေဒနာကို ဖြစ်စေပါတယ်။

အသည်းရောဂါဖြစ်စေတယ်
ဆိုဒါအလွန်ကျွံသောက်တာက အသည်းကိုလည်း ထိခိုက်စေပါတယ်။ အသည်းအဆီဖုံးခြင်းက ဆိုဒါသောက်သုံးခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

ကင်ဆာဖြစ်စေတယ်
ဆိုဒါရဲ့အရောင်ကို ညိုမှောင်သွားစေတဲ့ သဘာဝမဟုတ်တဲ့ပစ္စည်းတွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီအရောင်တွေက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ လည်ပင်းကင်ဆာတို့အထိ ဖြစ်နိုင်ပါတယ်။
ရန်နိုင်
 
Share on Google Plus

0 comments:

Post a Comment