မော်တော်ယာဉ်အရှိန်နှုန်းကိုပြသသည့်ကိရိယာ (Speedometer)









မော်တော်ယာဉ်အရှိန်နှုန်းကိုပြသသည့်ကိရိယာ (Speedometer) ကို ပုံမှန်စစ်ဆေးရမည်။
လူအများမြန်မြန်နဲ့ များများနားလည်အောင် ဒီလိုပြောလိုက်ရသော်လည်း ဒီစကားရပ်ကမပြည့်စုံသေး ပါခင်ဗျာ။ ပြည့်စုံအောင်တင်ပြပေးရရင်တော့ သင်တို့လည်းစိတ်ရှည်ရမည်ပေါ့။ ကျွန်တော်အပါအ၀င် လူအများ ခုအခါမှာ စာဖတ်ပျင်းလာကြပါသည်။

ကလစ်ဒေါက်ဆိုကွန်ပျူတာ သို့မဟုတ် ရွှတ်ဆို ဖုန်းတွေကလည်း ပွတ်လို့အဆင်သင့်ရနေတော့ ပျင်းလာရပြီပေါ့။
ဘာကြောင့်လဲဆိုတော့ ဖတ်စရာစာအုပ်မရှိ စာကြည့်တိုက်မရှိတော့ အလေ့အကျင့်လည်းနည်း လာရ ပေသည်။ သိချင်တာလေး တစ်ခုလောက်ပဲ။ ကလစ်ဒေါက်ဆို ကွန်ပျူတာ သို့မဟုတ် ရွှတ်ဆို ဖုန်းတွေကလည်း ပွတ်လို့ အဆင်သင့်ရနေတော့ ပျင်းလာရပြီပေါ့။
အပေါ်ယံကြောလောက်သာသိလာတော့ တကယ်အရေးကြုံရင် ထဲထဲဝင်ဝင်ရှင်းပြနိုင်သူလည်း ရှား ဖတ်စရာစာအုပ်လည်း ရှားလာတာလည်းပါပေသည်။
ဒါကြောင့် တူရာတူရာကိုသာ ဆရာတင်မိပါသည်။ သူတို့ဆီက သြ၀ါဒကိုခံယူကာလိုက်နာကျပေ သည်။  မိမိပြင်နေကျစက်ပြင်ဆရာစကားကို နားထောင်ရသည်။ မိမိဝယ်နေကျ တာယာဆိုင်ကစကားကို နားထောင်ကြသည်။ မိမိစီးတဲ့ကားနဲ့ အမျုးတူကားကို စောလျင်စွာစီးနေသူကိုလည်း အရင်သတိတရနဲ့ လှမ်းမေးတာလည်း လူ့သဘာဝပါ။

အယူအဆလွဲလေးတွေကို ပြန်လည်သြ၀ါဒပေးလိုက်မိပါက လိုက်နာကျင့်သုံးရမယ့် ကားပိုင်ရှင်မှာ လည်းလွဲသွားနိုင်တာပဲ။
သူငယ်ချင်းကားမှာ ဘာထည့်လိုက်လဲ။ ဘာကောင်းလဲ။ ငါ့လည်း ပြောပါဦးဆိုတာလေးတွေပေါ့။ သူ တို့တွေကလည်း လက်တွေ့နယ်ပယ်မှာ နှစ်ပေါင်းများစွာကျင်လည်လာကြလို့လည်း သူတို့ပရိုဖိုင်းကလည်း ကောင်းပါသည်။ ဒါပေမဲ့ နားလည်မှုလွဲ အယူအဆလွဲလေးတွေကို ပြန်လည်သြ၀ါဒပေးလိုက်မိပါက လိုက်နာ ကျင့်သုံးရမယ့် ကားပိုင်ရှင်မှာလည်း လွဲသွားနိုင်တာပဲ။ ဒါကြောင့် သိသလိုလိုနဲ့ မသိတာလေးများကို ကျွန်တော် ကလက်တွေ့နယ်ပယ်မှာ ထဲထဲဝင်ဝင်လေ့လာသုံးသပ်ပြီး ရေးပေးတာသာများပါသည်။
ခုရေးမယ့်အကြောင်းလေးကို ရန်ကုန်နေပြည်တော်အမြန်လမ်းမှာ ညောင်လေးပင်ခရီးကိုသွားရင်း လက်တွေ့ စမ်းလိုက်ပါသည်။
မိမိကားနဲ့ အမျိုးတူကားတစ်စီးကို အဖေါ်ခေါ်သွားကာ မိမိကားက ရှေ့ကမောင်းကာ စံနှုန်းတစ်ခုကိုယူ လိုက်သည်။ ရှေ့နောက်အကွာအဝေးတူအောင် အရှိန်တူမောင်းပြီး။

လမ်းဖြောင့်ဖြောင့်မှာ ဘေးကင်းအောင် သတိနဲ့မောင်းပြီး ကီလို၁၀၀ကိုငြိမ်ငြိမ်လေးထားကာ သူ့ကိုဖုန်းနဲ့ မေးလိုက်သည်။
လမ်းဖြောင့်ဖြောင့်မှာ ဘေးကင်းအောင်သတိနဲ့မောင်းပြီး ကီလို ၁၀၀ကိုငြိမ်ငြိမ်လေးထားကာ သူ့ကို ဖုန်းနဲ့မေးလိုက်သည်။ မင်းဆီမှာ ဘယ်လောက်ပြနေလဲ။ ဘေးလူကိုကြည့်ခိုင်းပြီးပြောလို့ ဆက်လိုက်သည်။ သူဆက်တာကိုနားထောင်လိုက်သည်။ မိမိကားမှာပြနေသော ကီလို ၁၀၀ နဲ့ကွာနေပါပြီ။ Why ? . လမ်းဘေးက ထိုင်ကြည့်နေတဲ့သူအမြင်အရတော့ ဒီကား၂စီးအမြန်နှုန်းက တူတူပဲလို့မြင်ရပေလိမ့်မည်။ သူ့ဒိုင်ခွက်မှာပြနေ တာနဲ့ ကိုယ့်ဒိုင်ခွက်မှာ ပြနေတာနဲ့တော့ လုံးဝမတူပါပြီ။ မြန်နှုန်းပြဒိုင်ခွက်မှာတင် မတူတာမဟုတ် အင်ဂျင်စက် ၁မိနစ်မှာ ဘယ်လောက်လည်သလဲဆိုတာပြတဲ့ RPM ဒိုင်ခွက်လည်း မတူပါပေ။

ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်လိုက်မှ ရင်ထဲမှာစွဲနေမှာမို့ စာဆုံးအောင်သာဖတ်ကြည့်ပေတော့။
ဘယ်လိုကြောင့် ဘာတွေဖြစ်ကုန်ရတာလဲဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်လိုက်မှ ရင်ထဲမှာ စွဲနေမှာမို့ စာဆုံးအောင်သာဖတ်ကြည့်ပေတော့။ မိမိကားတာယာက ကားတံခါးမှာ ကားထုတ်လုပ် သူကညွှန်ကြားထားသော တာယာဆိုက်၊ သူငယ်ချင်းကားတာယာက သူတတ်ချင်သလို တတ်ထားသော ကားတာယာဆိုက် တစ်ယောက်ကတော့ ကျိန်းသေမှားပြတာ သေချာနေပါပြီ စာဆုံးအောင်ဖတ်လိုက်လျှင် လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းမြင်ရပါလိမ့်မည်။ အကျိုးအကြောင်းမသိလို့ကတော့ လယ်ပြင်မှာခြင်သွား နေသလိုမမြင်ရနိုင်ပါခင်ဗျာ။
ကျွန်တော် ဒီအကြောင်းကို ဘာကြောင့်ဇာချဲ့ပြောရသလဲဆိုရင် အမြန်လမ်းမှာ လူတွေ မသေစေ ချင်လို့ပါ။ ထိခိုက်မှုဆိုလည်း ဝေလာဝေး အသိပညာနော့လစ်လေးတွေ တစ်ဖြည်းဖြည်းရှိလာကြရင် ဘေးလည်း တစ်ဖြည်းဖြည်းကင်းလာပါလိမ့်မည်။ ဒိုင်ခွက်ကြည့်ပြီး မိမိကနှေးနှေးမောင်းနေတယ်ထင်သော်လည်း ကားက တကယ်မြန်နေသောအခါ ဘေးကြုံလာရင် ထိန်းမနိုင်သိမ်းမရဖြစ်သွားတတ်လို့ပါ။

၁။       အမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်လိုက်တာနဲ့ အသေအပျောက်များတာ အဓိကတရားခံက မြန်မြန် မောင်းမိလိုက်လို့ပါ။
၂။       ရန်ကုန်-နေပြည်တော်  မိုင်၂၀၀၊ နေပြည်တော်-မန္တလေး -၁၆၆မိုင်-၃-ဖာလုံ၊
၃။       လမ်းစဆုံး = ၃၆၆ / ၃ --မိုင်=၃၆၆-မိုင်-၃ဖာလုံဆိုပါတော့
၎။       ရန်ကုန်-နေပြည်တော်လမ်းအပိုင်းက အကွေ့အကောက်လေးတွေရှိတယ်။ နေပြည်တော် မန်းအပိုင်း က ကုန်းတက်ကုန်းဆင်းနဲ့ လမ်းဖြောင့်ဖြောင့်များတယ်။
၅။       ဘယ်လမ်းပိုင်းမှာ မောင်းမောင်းအချိန်ကြာလာတဲ့အမျှ ကျင့်သားရလာတာနဲ့နည်းတူ ကီလို ၁၀၀လည်း မြန်တယ်မထင်တော့ပါဘူး။ ကားကောင်းများအဖို့ ကီလို ၁၂၀/၁၄၀ လည်း မြန်တယ်မထင်တော့ပါဘူး။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး။ ဖြစ်လိုက်လို့ကတော့ ပွဲပြတ်ပါပဲ။ ဒီမှာလူတွေမသိသေးတဲ့အချက်က မိမိကား က မြန်နှုန်းပြဒိုင်ခွက်က ပြနေတာမှန်ပါ့ရဲ့လား။
ဟဟ မှန်သပ သိပ်မှန်တာပေါ့။ ငါကိုယ်တိုင်ဂျပန်ကျကားကို ဆိပ်ကမ်းကကိုယ်တိုင်ထုတ်မောင်း လာတာမှားပါ့မလားဆိုပြီး ကွန်ပလိန်းတက်မယ်ပေါ့။ သိပ်လည်း မီးမမြင့်ပါနဲ့ ကိုအ၀ှာ ခင်ဗျားကားက ဂျပန်ကျပါခင်ဗျာ။ မူရင်းကုမ္ပဏီက အာမခံနဲ့ ဇီးရိုးကီလိုမဟုတ် လုပ်ချင်သလိုလုပ် တတ်ချင်သလိုတတ် လာဆင်ချင်သလိုဆင်လာတဲ့ ကားတွေအများကြီးလေလို့ အရင်ပြောလိုက်ပါမယ်။ သေချာအောင် ဒီလို ထပ်ပြောလိုက်ရင် ခင်ဗျားသွေးနားထင်ရောက်နေတာ သွေးကျဆေးစားလိုက်ရသလို သွေးပေါင်မကျရင် ပြော။ ယာဉ်အားလုံးရဲ့ မြန်နှုန်းပြမီတာမှာဖော်ပြတဲ့ တစ်နာရီမှာဘယ်လောက်နှုန်းနဲ့မောင်းနေတာလဲကိုသိဖို့
၁။       ယာဉ်တစ်စီးရဲ့စက်လည်ပတ်သောအင်အား Torque
၂။       Transmission ဆိုတဲ့ Gears Ratio အချိုးအဆများ
၃။       Differential ဆိုတဲ့-လူအများအခေါ်က ရောင်းမှာပါတဲ့ ပင်နယံအချိုးအဆ
၎။       the diameter of the Tires ကားကိုသွားဘို့အဓိက အားပေးယက်ကန်လည်ပေးရတဲ့ ကားတာယာအချင်း
(မှတ်ချက်-နောက်ယက်ဆိုတဲ့ကားအတွက် နောက်တာယာအချင်း ရှေ့ယက်ဆိုတဲ့ကားအတွက် ရှေ့တာယာ အချင်း) ဆိုတဲ့ သူတို့ဆက်သွယ်ချက် ၄ ခုကို ပေါင်းစပ်ပြီးမှ ကားဒိုင်ခွက်အတွင်းမှာ လျှပ်စစ်သံလိုက်စက်ကွင်း တစ်ခုအားကိုယူကာ လက်တံတစ်ခုနဲ့ ပြပေးလိုက်တာပါ။

ခုဆိုဒစ်ဂျစ်တယ်ခေတ်မို့ ပိုလို့တောင်ရှင်းလင်းပြတ်သားစွာ ပြနေကြပါပြီ။
ဒီဆက်သွယ်ချက် ၄ ခုပေါင်းစပ်ကာ အပြီးသပ်တွက်ပေးလိုက်တာတော့ ဟုတ်ပါပြီ ၁-၂-၃ ဆိုတာ Factory Setting / Default Setting မို့ သူတို့ကကား တစ်သက်မလွဲနိုင်ပါ။ ခုကားတွေ ကိုပြောတာပါ အရင်တုန်းကကားတွေကတော့ စပ်စုတွေမို ဒီအကြောင်းသူတို့နဲ့မဆိုင်ပါ။
ဒါဆိုရင်လွဲနိုင်တာ စက်ရုံထုတ်စံနှုန်းကိုသွေဖီကာလွဲနိုင်တာ အလွယ်ကူဆုံးလုပ်နိုင်တာကတော့ နံပါတ်၎ဖြစ်တဲ့ ကားတာယာဆိုက်ပါပဲ။ ကားတာယာဟာ ကားအလှဆင်တဲ့နေရာမှာ အရေးပါလာပြီ သူနဲ့အတူကားဂွေပေါ့။ သူတို့၂ခုစလုံးက စက်ဝိုင်းပုံစံတွေမို့ အချင်းတို့ အချင်းဝက်တို့ ကျိန်းသေရှိရတယ်။ တာယာနဲ့ ဂွေပေါင်းစပ်မှ ကားဘီးဖြစ်တာ ကားဘီးအချင်းဆိုတာ ကားတာယာအပြင်ဆုံး အသားကိုတိုင်းတဲ့ အချင်းဆိုလည်း မမှားပါဘူး။ အလယ်မှာလွတ်နေတဲ့ နေရာလပ်ကိုဂွေကအစားထိုးထားတယ်။ ဂွေဟာလည်း အဓိကကျပြန်တယ်။ အလွိုင်းဝှီးဆိုတာ တော်တော်တာစားပါတယ်။ သူကလည်း ကားရုပ်ကိုအမျိုးမျိုးထွက် စေပါတယ်။ ကားအလှဆင်ဖို့ အလွယ်ဆုံးဖြုတ်တတ်လုပ်ကြတာ ကားဘီးပါ။ အလှဆင်ဖို့အရေး ဦးစားပေး လိုက်တော့ ကားနည်းပညာကို မေ့လျော့သွားပါတော့တယ်။

ကားတစ်စီးမှာ တာယာဘယ်ဆိုက်ကိုသာတပ်ရင် အကောင်းဆုံး ဒီဆိုက်နဲ့သာ Speedometer Calibration ကိုလုပ်ထားတာပါလို့ ကားထုတ်လုပ်သူကကြေငြာပေးရတယ်…
ကားတစ်စီးမှာ တာယာဘယ်ဆိုက်ကိုသာ တတ်ရင်အကောင်းဆုံး ဒီဆိုက်နဲ့သာ Speedometer Calibration ကိုလုပ်ထားတာပါလို့ ကားထုတ်လုပ်သူက ကြေငြာပေးရတယ်။
ဒါကို ဒရိုင်ဘာဘက်ခြမ်းက တံခါးဖွင့်ဖွင့်ချင်း မြင်အောင်ကပ်ပေးထားပါတယ်။ လေပေါင်က အစပေါ့။ မယုံရင် ခုကြည့်လိုက်ပေတော့။ ကျွန်တော်တတ်ချင်သလို တတ်နေတာပဲ။ ဘာမှမဖြစ်ပါဘူး။ ဘာမှမထူးပါလား ပြောတာ မြို့တွင်းမှာမောင်းနေတာကို မြို့ပြင်မှာသွားကြည့်မှ ကွာခြားချက်သိသာလာမယ်။ စံနှုန်းထားတဲ့ တာယာအချင်းနဲ့ နည်းနည်းလည်းလွဲလိုက်ရင် ဒိုင်ခွက်ကဘာပြပြ ပကတိမျက်မြင်အရ ကွာခြားသွားတာက ဒီလိုပါတဲ့ဗျာ။
ကားမှာပါတဲ့ မြန်နှုန်းပြဒိုင်ခွက်တွေဟာ ဘယ်ဒိုင်ခွက် ၁၀၀%  မှန်အောင်မပြနိုင်ဘူးတဲ့ အနီးစပ်ဆုံး သာပြပေးနိုင်တာပါလို့ ကားထုတ်လုပ်သူအသီးသီးက အတိအကျပြောဆိုထားပါတယ်။
၁% နဲ့ ၅% လောက်တော့ လွဲနိုင်ပါတယ်။ ဒါယုတ္တိရှိပါတယ်။ ဘီးအချင်းဆိုတာ တာယာကိုတိုင်းတာ လေ။ တာယာဆိုတာ ရော်ဘာတတ်ပြီးမောင်းတာနဲ့ကြာပွန်းဆိုတော့ အ၀ိုင်းကမသိမသာသေးလာဖို့ပဲရှိတယ်။

လေနည်းတဲ့အချိန် လေများတဲ့အချိန်လည်း အ၀န်းကမသိမသာ အလျော့တွက်ရှိသမို့ ဒီလိုပြောရတယ်။
လေနည်းတဲ့အချိန် လေများတဲ့အချိန်လည်းအ၀န်းကမသိမသာ အလျော့တွက်ရှိသမို့ ဒီလိုပြောရ တယ်လို့ စက်ရုံကတပ်ဆင်ပေးလိုက်တဲ့ Factory installed tires ကို သင့်အနေနဲ့ အမှတ်တမဲ့ နည်းနည်း လေးလွဲပြီး တတ်ကြည့်လိုက်ရအောင် ကားဒိုင်ခွက်ကဘယ်လိုတွက်မလဲ။ မြေပြင်မှာ တကယ်ကားသွားတဲ့ အမြန်နှုန်းကတော့ ဒီလိုလွဲသွားပါလိမ့်မယ်တဲ့။

ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment