ခရီးသွားရာသီမှာ အသင့်တော်ဆုံး
စမတ်ဖုန်း App
Ulysse
Speedometer
http://www.media fire.com/?kihm6q3314aod5j
ကျွန်တော်တို့ဟာ
Android စမတ်ဖုန်းတွေကိုဘက်စုံအသုံးပြုနိုင်အောင် Apps တွေထည့်သွင်းခဲ့ကြတာ အတော်လေးခရီးရောက်လာခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။
ဒီအထဲကမှ စမတ်ဖုန်းကို အချိန်ရာသီလိုအပ်ချက် အလိုက် အသုံးချနိုင်မယ့် လုပ်ဆောင်ချက်လေးတွေကိုလည်း
အခါအားလျော်စွာ ထည့်သွင်းပြီး အသုံးချတာမျိုးလည်း အသုံးပြုသူအတော်များများပြုလုပ်လာခဲ့ကြပါတယ်။
ဥပမာ ခရီးသွားအပန်းဖြေတဲ့ရာသီရောက်ရင် ခရီးသွားတဲ့အခါ ကိုယ်သွားမယ့်နေရာရဲ့ အချက်အလက်၊
သဘာဝပတ်ဝန်းကျင်နဲ့ တွေ့ကြုံရမယ့်အခက်အခဲလေးတွေကို ဖြေရှင်းနိုင်ဖို့ ကြိုတင်လေ့လာထားကြသလို
လိုအပ်တဲ့အခါအအသုံးပြုနိုင်ဖို့ ကိုယ်နဲ့ကိုက်ညီမယ့် Apps လေးတွေကို စမတ်ဖုန်းတွေထဲ
ထည့်သွင်း ထားတတ်ကြပါတယ်။
အထူးသဖြင့်ကိုယ်ခရီးသွားနေတဲ့အခါ ဘယ်နေရာရောက်နေသလဲဆိုတဲ့
တည်နေရာပြ (မြေပုံလမ်းညွှန် စနစ်)အပြင် ကို်ယ်သွားခဲ့တဲ့ ခရီးမိုင်အကွာအဝေးဘယ်လောက်ရှိလဲ၊
သွားနေတဲ့ကားက အမြန်နှုန်း ဘယ်လောက်နဲ့သွားနေတာလဲ၊ ဘယ်ရက်မှာ အကွာအဝေးမိုင်ဘယ်လောက်သွားခဲ့ပြီလဲ၊
လက်ရှိရောက် ရှိနေတဲ့ အရပ်မျက်နှာက ဘယ်နေရာမှာလည်း အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို
တစ်စု တစ်စည်းတည်း မှန်မှန်ကန်ကန်ဖော်ပြပေးနိုင်တဲ့ Ulysse Speedometer လို App လေးတွေ ထည့်သွင်းပြီး အသုံးပြုလာကြပြီဖြစ်ပါတယ်။
ဒီ Apps ကို
စတင်အသုံးပြုဖို့အတွက် Google Play Store မှာ Ulysse Speedometer လို့ ရိုက်ထည့်ပြီး ရှာဖွေပါ။
ဒါမှမဟုတ် ပေးထားတဲ့ link ကနေ download ရယူပြီးထည့်သွင်းပါ။ ပြီးရင် install ပြုလုပ်ပြီး ဖွင့်လိုက်ပါ။
ပထမဦးဆုံး ဒီ Apps ကို အသုံးပြုတဲ့အခါ ကိုယ့်ဖုန်းရဲ့မျက်နှာပြင်နည်းပညာနဲ့ ဒါမှမဟုတ်
တည်နေရာပြစနစ်တွေနဲ့ အခန့်မသင့်ရင် ရောထွေးသွားနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို မြင်ရမှာဖြစ် ပါတယ်။
ပုံမှန် အားဖြင့် စမတ်ဖုန်းအတော်များများ မှာ ဘာပြဿနာမှမရှိတာကြောင့် ဒီသတိပေးချက်ကို close နှိပ်ပြီးပဲကျော်သွားလိုက်ပါ။
ပြီးရင် Apps ကပေါ်လာတဲ့ License agreement ကိုလည်း accept နှိပ်ပေးပါ။ ဒီ Apps ဟာ free
apps တစ်ခုဖြစ်ပေမယ့် လုပ်ဆောင်ချက်တူညီပြီး Ads (ကြော်ငြာ) မပါဝင်တဲ့ သီးသန့် Pro
version ကိုလည်း paid version အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။
ပထမဆုံး Apps
ဖွင့်လိုက်တဲ့အခါ လိုအပ်တဲ့ GPS signal ကိုရယူဖို့အတွက် အနည်းငယ်စောင့်ဆိုင်းပေးရ ပါလိမ့်မယ်။
(ဒီအတွက် GPS ကို ကြိုတင်ဖွင့်ထားရပါမယ်) ပြီးရင် Apps မှာလုပ်ဆောင်ချက်တစ်ခုချင်းစီကို
ဒိုင်ခွက်ပုံစံ အ၀ိုင်းလေးတွေနဲ့ ဖော်ပြပေးထားပြီး ကျန်တဲ့အချက်အလက်ကလေးတွေကို ဘေးနားမှာ ၀န်းရံထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒိုင်ခွက်ကလေးတွေမှာတော့
ကိုယ်သွားနေတဲ့ကားရဲ့အရှိန်ကို တိုင်းတာဖော်ပြမယ့်နေရာ၊ digital သံလိုက်အိမ်မြှောင်၊
GPS နဲ့သွားခဲ့တဲ့ ပျမ်းမျှအမြန်နှုန်းအစရှိတဲ့ အချက်အလက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။
ဖော်ပြထားတဲ့ဒိုင်ခွက်တစ်ခုချင်းစီဟာ
တစ်နည်းအားဖြင့် button လေးတွေဖြစ်ပြီး အပေါ်ကို တစ်ချက်နှိပ် လိုက်တာနဲ့ သက်ဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေ
ထမ်မံပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် အမြန်နှုန်းကိုအဓိကဖော်ပြပေးတဲ့ mph
Standard ကိုနှိပ်လိုက်ရင် button လေးတွေပါဝင်တဲ့ menu တစ်ခုထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
အဲဒီကနေ လမ်းညွှန်မြေပုံနဲ့ တွဲဖက်ဖော်ပြတာမျိုး အရှိန်အရမ်းများတဲ့အခါ သတိပေးတာမျိုးပြုလုပ်နိုင်မှာဖြစ်ပါတယ်။
တခြားကျန်တဲ့
ဒိုင်ခွက်အသေးလေးတွေမှာလည်း submenu လေးတွေ ပါရှိနေမှာဖြစ်ပြီး ဘယ်ဘက်အောက်ဆုံးနားက
Trip:Record မှာဆိုရင် ကိုယ်သွားချင်တဲ့၊ သွားခဲ့တဲ့ခရီးတွေရဲ့ မှတ်တမ်းတစ်ခုချင်းစီကို
ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment