စိတ်ဖိစီးမှုဆိုတာ
ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းပါ။ တစ်နည်းပြောရရင် စိတ်ဖိစိးတာကကောင်းပါတယ်။ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ တုန့်ပြန်ပြီး ခန္ဓာကိုယ်
အတွက် ခွန်အားဖြစ်စေသလို လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။
ဒါပေမဲ့
အလွန်အကျွံစိတ်ဖိစီး လာတဲ့အခါမှာတော့ ကျန်းမာရေးကို ထိခိုက်လာပြီး ပြဿနာပေါင်းစုံ တက်လာပါတော့တယ်။
ခေါင်းကိုက်စေတယ်
စိတ်ဖိစီးချိန်မှာ
ခန္ဓာကိုယ်က Epriephrine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးထုတ်လွှတ်ပါတယ်။ ဒါတင်မက ကြွက်သားတွေတင်းလာပြီး
နာကျင်မှုခံစားလာစေရပါတော့တယ်။ ဒီနာကျင်မှုကို ဦးနှောက်က တုန့်ပြန်တွန်းလှန်ရင်း ခေါင်းကိုက်စေလာပါတော့တယ်။
အိပ်ရေးပျက်စေတယ်
စိတ်ဖိစီးမှုက
အိပ်စက်ခြင်းနဲ့ နိုးထခြင်းကြားဝင်ရောက်နှောင့်ယှက်ပြီး အိပ်ရေးပျက်လာစေပါတယ်။ ရေရှည်
စိတ်ဖိစီးဝေဒနာခံစားနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ။
ခန္ဓာကိုယ်အလေးချိန်တိုးစေတယ်။
စိတ်ဖိစီးနေချိန်
ခန္ဓာကိုယ်ကထွက်တဲ့ ဟိုမုန်းတစ်မျိုးက သကြားအဆီများတဲ့အစားအစာတွေကို ပိုပြီး တောင့်တစေပါတယ်။
အဆီများတဲ့အစားအစာတွေကို အလွန်အမင်းစားမိတဲ့အတွက် ခန္ဓာကိုယ်က အ၀လွန် ပြီး နောက်ဆက်တွဲ
ဆီးချိုသွေးချိုနဲ့ အခြားကျန်းမာရေး ပြဿနာတွေဖြစ်လာပါတော့တယ်။
အစာမကြေဖြစ်စေတယ်
စိတ်ဖိစီးခြင်းက
အစာခြေစနစ်ကို အနှောင့်အယှက်ပေးပြီး အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက် ဒုက္ခပေးပေးပါတော့တယ်။
စိတ်ဖိစီးမှုကြောင့် အစာမကြေခြင်း၊ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း၊ အစာ အိမ်နာကျင်ခြင်း
စတာတွေဖြစ်စေပါတယ်။
ဆံပင်ကျွတ်စေတယ်
စိတ်ဖိစီးသူတွေအများစုက
ဆံပင်ကိုလက်နဲ့ ဆွဲတတ်တဲ့အကျင့် ရှိကြပါတယ်။ ဒါက ဆံသား၊ ဦးရေ ပြား၊ ဆံပင်အမြစ်လေးတွေကို
ထိခိုက်ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်း ဖြစ်လာစေပါတော့တယ်။
ရင်ကျပ်ပန်းနာကိုပိုဆိုးစေတယ်
စိတ်ဖိစီးမှုက
အသက်ရှုလမ်းကြောင်းကိုပါ ဒုက္ခပေးပါတယ်။ စိတ်ဖိစီးနေချိန် အသက်ရှုရခက်ခဲပြီး တစ်ခါတစ်ရံ
လျှင်မြန်စွာအသက်ရှုရပါတယ်။ အဲဒါကြောင့် ရင်ကြပ်ပန်းနာဝေဒနာရှင်တွေ စိတ်ဖိစီးတဲ့အခါပိုပြီး
အခြေအနေ တိုးလာပါတော့တယ်။
အိုမင်းရင့်ရော်စေတယ်
စိတ်ဖိစီးတဲ့အခါ မျက်မှောင်ကျုံ့တာ၊
မျက်နှာကြောတင်းတာမျိုးတွေ၊ နဖူးတွန့်တာမျိုးတွေဖြစ် တတ်ကြပါတယ်။ ဒီလိုလုပ်ပါများလာတဲ့အခါ
အရေးအကြောင်းတွေကို တင်းလာစေပြီး အိုမင်းရင့်ရော် မှုအစပြုလာပါတော့တယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment