Fashion နဲ့ပတ်သက်လာရင်
အ၀တ်အစား၊ အသုံးအဆောင်တွေကို စတိုင်ကျကျ ဆွဲဆောင်မှုရှိရှိ ၀တ်စား ဆင်ယင်တတ်ရုံတင်မဟုတ်ပါဘူး။
ကိုယ့်ကိုစတိုင်ကျစေတဲ့အ၀တ်အစားတွေကိုလည်း ပြန်ပြီးအမွှမ်း တင်ဖို့ လိုအပ်ပါသေးတယ်။ အဲဒါကြောင့်
စတိုင်ကျလှပလိုသူများအတွက် အ၀တ်အစား၊ အသုံးအဆောင် ထိန်း သိမ်းပုံ၊ သန့်ရှင်းပုံလေးတွေကို
စုစည်းတင်ပြလိုက်ပါတယ်။
အကြံဉာဏ်ယူပါ
ပထမဆုံး ကိုယ့်အ၀တ်အစားဗီရိုကို
သန့်ရှင်းရေးလုပ်၊ ပြန်လည်နေရာချတဲ့အခါမှာ ကိုယ်နှစ်သက် အတုယူ လိုတဲ့ အ၀တ်အစားဗီရိုထိန်းသိမ်းသူဆီက
အကူအညီ၊ အကြံဉာဏ်တောင်းခံပါ။
ကြည့်ကောင်းဖို့ဆိုရင်
ကိုယ့်ရဲ့အ၀တ်အစားဗီရိုကိုကြည့်လိုက်ရင်
စမတ်ကျပြီး မျက်စိပသာဒဖြစ်စေဖို့ အကောင်းဆုံး နည်းလမ်း ကတော့ အရွယ်အစားတူ၊ အရောင်တူ၊
ပုံသဏ္ဍာန်ဆင်တူအင်္ကျီချိတ်ကလေးတွေ အသုံးပြုခြင်းပဲဖြစ် ပါတယ်။
ရွေးချယ်ရလွယ်ကူစေဖို့
ဗီရိုထဲမှာ
အ၀တ်အစားတွေထားသိုတဲ့အခါမှာလည်း အရောင်အနုမှ အရင့် (ဘယ်-ညာ) သပ်ရပ်စွာ ချိတ်ဆွဲထားပါ။
မျက်စိပသာဒဖြစ်စေပြီး ရွေးချယ်ရလွယ်ကူစေပါတယ်။
အမြင်ဆန်းစေဖို့
ကိုယ့်ရဲ့အ၀တ်အစားမှာ
စီးကွင့်တွေပါနေလို့ စိတ်ညစ်နေပါသလား။ စနစ်တကျဖြုတ်ပြီး ဧည့်ခန်းမှ အလှပန်းအိုးအကြည်လေးထဲ
ထည့်ထားလိုက်ပါ။ ပန်းအိုးလေး ဆန်းပြားသွားတာပေါ့။
လိုက်ဖက်မှုရှိဖို့ဆိုရင်
ပွဲလမ်းသဘင်တွေမှာ
စတိုင်မိမိ အထာကျစေဖို့ အရည်အသွေးကောင်းပြီး အ၀တ်အစားနဲ့လိုက်ဖက်တဲ့ မျက်မှန်၊ ဦးထုပ်၊
Accessories နှစ်စုံလောက်ဝယ်ထားလိုက်ပါ။
ခန္ဓာကိုယ်မှာကွက်တိဖြစ်အောင်
ဂျင်းအ၀တ်အစားဝတ်တဲ့အခါ
အရွယ်အစားရွေးချယ်ရာမှာ အခက်အခဲဖြစ်နေရင် ၀တ်နေကျ size ထက် တစ်ဆင့်သေးတာဝယ်လိုက်ပါ။
ဂျင်းက ၀တ်လိုက်ရင် ခန္ဓာကိုယ်ပေါ်မှာကွက်တိဖြစ်နေစေပါတယ်။
ရဲရဲကြီးဆုံးဖြတ်
တကယ်လို့
အ၀တ်အစားဝယ်ယူရာမှာ ၀ယ်ရကောင်းနိုးနိုး၊ မ၀ယ်ရကောင်းနိုးနိုး မတင်မကျဖြစ်နေရင် ထားသာထားခဲ့လိုက်ပါ။
တကယ်လို့ နောက်တစ်နေ့ နံနက်မိုးလင်းတဲ့အထိ တွေးမိနေသေးရင်တော့ ၀ယ်သာဝယ်လိုက်ပါတော့။
ကျပ်နေတဲ့အင်္ကျီကို
ဝတ်ရအဆင်ပြေဖို့
တကယ်လို့
သားရေအင်္ကျီအသစ်ဝတ်ရတာ တင်းကျပ်ပြီးစိတ်ထဲကသိကအောက်ဖြစ်နေရင် မိုးရေထဲကို အင်္ကျီဝတ်ပြီးထွက်လိုက်ပါ။
မိုးရေက သားရေကိုနူးညံ့ပျော့ပျောင်းသွားစေပြီး ခန္ဓာကိုယ်နဲ့ ၀တ်ရအဆင်ပြေအောင် ဆွဲဆန့်ပေးပါလိမ့်မယ်။
ဆံသားလေးကို
ပုံမပျက်အောင်
နူးညံ့လှပတဲ့
ဆံသားလေးတွေကို ပုံမပျက်ထိန်းသိမ်းလိုပါက ညအိပ်ရာဝင်တဲ့အခါမှာ ချည်သားခေါင်းအုံးစွပ်နဲ့
အိပ်စက်ခြင်းထက် ပိုးသား၊ ဖဲသားခေါင်းအုံးစွပ်နဲ့ပြောင်းပြီးအိပ်စက်ပါ။
သားရေဖိနပ်ကို
ပုံမပျက်ထိန်းဖို့
သားရေဖိနပ်တွေကိုစီးပြီးသွားတဲ့အခါ
ဖိနပ်ထဲမှာ အ၀တ်စထည့်ပြီး သိမ်းဆည်းပေးပါ။ ဖိနပ်ထဲက အစိုဓာတ်ကိုစုပ်ယူပေးပြီး ဖိနပ်ကိုပုံစံမပျက်ထိန်းသိမ်းပေးပါတယ်။
မျက်နှာနဲ့လိုက်ဖက်တဲ့နားဆွဲ
နားဆွဲလေးတွေဟာ
အမျိုးသမီးတိုင်း အသက်အရွယ်မရွေးနှစ်သက်ကြတဲ့ ပစ္စည်းလေးတွေဖြစ်ပါတယ်။ ပါးလွှာပြီး ရှည်မျောတဲ့
မျက်နှာပြင်ပိုင်ဆိုင်သူတွေကတော့ အ၀ိုင်းပုံသဏ္ဍာန်လည်ဆွဲကြီးကြီးနဲ့ လိုက်ဖက်ပါတယ်။
မျက်နှာဝိုင်းတဲ့အမျိုးသမီးတွေအတွက်တော့ နားဆွဲမျှင်မျှင်၊ ရှည်ရှည်လေးတွေက အကောင်းဆုံးဖြစ်ပါတယ်။
ရင်သားထောက်ပံ့မှုလျော့ကျမသွားအောင်
နေ့စဉ်ဝတ်
အမျိုးသမီးအတွင်းခံအင်္ကျီတွေကို (၃-၆)လ အတွင်း အသစ်လဲလှယ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
ဝတ်ပါများလို့ဟောင်းသွားလေလေ ကျုံ့နိုင်ဆန့်နိုင်အားနဲ့ ရင်သားထောက်ပံ့မှုကို တဖြည်းဖြည်းလျော့ကျလာလေလေဖြစ်ပါ
တယ်။
ပုပျပ်ပျပ်နဲ့
ကြည့်ရမဆိုးစေဖို့
Pencil
Skirt ၀တ်ဆင်တဲ့အခါ ခြေမျက်စိအပေါ်အထိရှည်ခြင်းကသာ လိုက်ဖက်ပါတယ်။ ခြေမျက်စိဖုံးနေတဲ့
Pencil Skirt တွေဟာ လူကိုပုပျပ်ပျပ်နဲ့ ကြည့်ရဆိုးစေပါတယ်။
ဘောင်းဘီက
အရမ်းကျပ်နေပါသလား
အရမ်းတင်းကျပ်နေတဲ့ဘောင်းဘီတွေအတွက်
စိတ်မညစ်ပါနဲ့။ စိုထိုင်းအောင် ပြုလုပ်ပြီး ခါးစည်းကို ဆွဲဆန့်ပေးပါ။
အ၀တ်အစားကြေမွရာတွေမပေါ်စေဖို့
မီးပူတိုက်ပြီးပြီးချင်း
အ၀တ်အစားတွေကိုတန်းမ၀တ်လိုက်ပါနှင့်။ ပြန်လည်ပြီး ကြေမွရာတွေပေါ် လာနိုင်ပါတယ်။
နှုတ်ခမ်းဆိုးဆေးအစွန်းအထင်းကိုဖယ်ရှားဖို့
ရှပ်အင်္ကျီကော်လံပေါ်က
နှုတ်ခမ်းဆိုးဆေး အစွန်းအထင်းတွေကို ဖယ်ရှားဖို့ဆိုရင် Shaving Cream နဲ့ ရေစိုအ၀တ်တစ်ခုက
အကောင်းဆုံးဖြစ်ပါတယ်။
သဘာဝလေရဲ့
အားသာချက်
ရေစိုနေတဲ့
ရှူးဖိနပ်ကို ဘယ်တော့မှ အပူပေးပြီး အခြောက်မခံပါနဲ့။ အပူရှိန်က ဖိနပ်သားရေကို ကွဲအက်စေပါတယ်။
သဘာဝလေနဲ့အခြောက်ခံခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
အညစ်အကြေးတွေ
ပိုမိုကင်းစင်စေဖို့
အ၀တ်လျှော်တဲ့နည်းစနစ်တွေနဲ့ပတ်သက်ပြီး
ရှုပ်ထွေးနေပါသလား။ စားပွဲခင်း၊ အိပ်ရာခင်း၊ စောင်၊ ညစ်ပေနေတဲ့အ၀တ်အစားတွေလျှော်တဲ့အခါမှာ
ရေနွေးကိုအသုံးပြုပါ။ အညစ်အကြေးတွေကို ပျော်ဝင်သွားစေပြီး ပိုးမွှားလည်းကင်းစင်စေပါတယ်။
နူးညံ့တဲ့အ၀တ်အထည်တွေအတွက်ကတော့ ရေအေးကအကောင်းဆုံးဖြစ်ပါတယ်။
ရေမွှေးပုလင်းအဟောင်းတွေကိုသိမ်းပါ
ကုန်သွားတဲ့
ရေမွှေးပုလင်းတွေကိုမလွှင့်ပစ်ပါနဲ့။ လက်ကိုင်ပ၀ါတစ်ထည်နဲ့ပတ်ထားပြီး အတွင်းခံဘောင်းဘီသိမ်းဆည်းတဲ့အံဆွဲထဲမှာ
ထည့်ထားလိုက်ပါ။
အ၀တ်အစားတွေ
စွန်းထင်းနေရင်
ချိုင်း၊
လည်ပင်းတစ်ဝိုက် အ၀ါရောင်အကွက်တွေစွန်းထင်းနေတဲ့ အ၀တ်အစားတွေကို သံပရာရည် အနည်းငယ်ညှစ်၊
မိနစ်အနည်းငယ်ထားပြီး လျှော်နေကျအတိုင်းလျှော်ပါ။
စိတ်ပူနေပါသလား
ကိုယ့်ရဲ့လက်ကိုင်အိတ်၊
လွယ်အိတ်တွေထဲမှာ Powder ၊ Bronzer တို့လို Cosmetics တွေမှောက်ကျလို့ စိတ်မပူပါနဲ့။
မိတ်ကပ်ဖျက်တဲ့ တစ်ရှူးလေးနဲ့ သန့်ရှင်းပေးလိုက်လို့ရပါတယ်။
လွယ်ပါတယ်
သားရေဖိနပ်တွေမှာ
ရေအကွက်တွေထနေလို့ စိတ်မပျက်ပါနဲ့။ ဗီနီဂါအနည်းငယ်၊ ရေတစ်ခွက်လောက်ရောစပ်ပြီး နူးညံ့တဲ့ဘရပ်ရှပ်လေးနဲ့ပွတ်ပေးပါ။
မလောပါနဲ့
အင်္ကျီဘောင်းဘီတွေမှာ
ဗွက်စင်၊ အစွန်းအထင်းတွေပေရေသွားလို့ ချက်ချင်းလက်နဲ့မဖျက်လိုက်ပါနဲ့။ အ၀တ်ထဲကိုစိမ့်ဝင်သွားနိုင်ပါတယ်။
ပန်းလေးကြာရှည်ခံဖို့
ကိုယ့်ရဲ့ဧည့်ခန်းကျက်သရေဆောင်ပန်းအိုးထဲမှ
ပန်းပွင့်လှလှလေး ကြာရှည်စွာပွင့်လန်းဖို့ ဗော့ဒကာအရက်အနည်းငယ် ပန်းအိုးထဲထည့်ပေးပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment